Rick-5

1.3K 81 5
                                    

စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
         (၅)
“နွားနို့ တွေ ဘာလုပ်ပစ်သလဲဟင် “

ထားထားဦးက မေးတော့ ကြီးဒေါ် သန်းက

“အောင်မယ်လေး ဘာမှ မလုပ်ရသေးပါဘူးအေး၊

တောသွားတဲ့လူတွေ ထမင်းထုပ်ပို့ဖို့  အကြော် ထိုင် ကြော်နေတာ ၊

နွားနို့ခဲ လေး လုပ်ဖို့အရေး စောစောကပဲ  မြကျော် ကို မရိုးပင် သွားခုတ်ခိုင်းတာ  အခုထိ  ပေါ်မလာသေးဘူး ၊

ဒိန်ခဲ လုပ်ဖို့အတွက်ကတော့ ကျိုပြီ စဉ့်အိုးကြီးထဲ ထည့် နေပါရဲ့..”

“နို့ခဲ  နဲ့ ဒိန်ခဲ မတူ ဘူးပေါ့နော် ..”

“အေးပေါ့ကွယ် ဘယ်တူမလဲ ၊ ဒါနဲ့ ညည်းတို့သားမိ နှစ်ယောက်

ဘူးသီး ရောင်းကပြန် လာ သလား ..”

“ဟုတ်ကဲ့ ..”

“အေးအေး ငမောင်က ပြောပြတယ် ၊ မယ်တင်တို့ သားမိ ဟိုဖက်ရွာက

အမျိုးတွေဆီ  ဘူးသီးရောင်းသွားမယ်တဲ့ ၊ ကျုပ်တို့ အိမ်ဖို့လည်း ဘူးသီးနှစ်လုံး ယူလာပေးတယ် ၊

ဒါနဲ့ ကျုပ်လည်း မယ်ဇယ်ဆီကလေးကျန်တာ နဲ့ ဘူးသီးကြော် ကြော်နေတာ ၊

ယူသွားပါအုံး အေ ရော့  အရီးစိန် လည်း စားရအောင် ..”

ပြောရင် ကြီးဒေါ်သန်းက ငှက်ပျောဖတ်ကြီးထဲ ဘူးသီး ကြော် တွေလေး ငါးခု ကောက်ထည့်ပေးသည်။

မတင်က အားနာစွာ ဖြင့်

“အများကြီး ထည့်မပေးပါနဲ့ မမသန်းရယ် ၊ အိမ်က လူမများပါဘူး..”

“ဘယ်နှယ့် မများရမှာလဲ ‌ဖောဖော စားရအောင် ယူသွားမှပေါ့ ..”

“နေပါအုံး အကြော်က အသာထားပါအုံး ၊မမသန်း ကြည့်ရတာ

တစ်ယောက်တည်း အလုပ်များနေပုံပဲ ကျွန်မ လည်း ကူပါ့မယ် ၊

ထားထား လည်း ကြီးဒေါ် ကို ဝိုင်းကူ ..”

မတင်က ပြောပြောဆိုဆို လက်ထဲက ထန်းခေါက်တောင်း လေးချ

မန်းကျည်းပင်အောက်က ထင်းမီးဖို ပတ်လည် ဝိုင်း ဒံအိုး ၊ ဒယ် အိုးတွေ
နဲ့ အလုပ်ရူပ်နေသည့် မမသန်းကို ဝိုင်းကူသည်။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now