Rick-31

1.2K 107 4
                                    

စပါး နဲ့ နွား နဲ့ အညာသား
         (၃၁)

မြကျော် တစ်ကယ်ပင် ဟောဗျာလို့ပဲ သူ့မိန်းမကို ကြည့်တမိသည်။

သူ့မိန်းမ ထားထားဦးက တစ်ခါတစ်ခါ မိန်းမတစ်ယောက် လို ပွစိပွစိ ပြောပြီ
မိန်းမဆန်နေသည်။

တစ်ခါတစ်ရံမှာတော့ မိန်းမ တစ်ယောက်အသွင်ကနေ ငါလုပ်နိုင်တယ်။

ငါလုပ်တတ်တယ်။ ဘယ်သူ့မှ အားမကိုးဘူး။
ဘယ်သူ့မှ အထင်မကြီးဘူး။
ဘယ်သူ့မှ မယုံဘူး ။

ဒီလို အတ္တစိတ်တွေ ၀င်လာပြီ သူမကိုယ်သူမ မိန်းမ တစ်ယောက်ဆိုတာမေ့ လျော့ နေသယောင်။

ဒီမေ့လျော့ ရောဂါကြီး မြကျော် နှင့်ယူပြီ ပျောက်သွားသည်ထင်မှ အခုတလော ပြန်စ လာလေသည်။

ခင်စန်းဦး နောက်လိုက်သွားပြီ ပြန်ရောက်ခါမှ စသည်။

အိမ်ပြန်ရောက်ရောက်ချင်း မြကျော်က ယောက္ခထီးကြီး စိတ်အေးရအောင်

အကျိုးအကြောင်းကို ဖြေးဖြေးဆေး ဆေးပြောပြသည်။

“ကောင်လေးက လူရည်လူမွန်ပါဗျ။ ခင်စန်းဦးလေး အပေါ်မှာလည်းအတော် မေတ္တာရှိပုံပဲ။

နောက်ပြီ မိသားစုဆိုလို့ ခင်စန်းဦး အမျိုးသား စိုင်းလုံကလေးနဲ့မိုင်းထိထာလို့ ခြေတစ်ဖက် မရှိရှာတော့တဲ့ စိုင်းလုံ အဘွားရယ်ပဲရှိတယ်။

လေးလေး နဲ့ ဒေါ်ဒေါ်ကိုလည်း စိုင်းလုံက သတင်းပါး လိုက်သေးတယ်။

သူအနေနဲ့ ခင်စန်းဦးကို မိဘတွေဆီ လာရောက်တောင်းယူချင်ပါသတဲ့။

သို့ပင်မယ့် သူအနေနဲ့ အဘွားကိုလည်း တစ်ယောက်တည်း မထားခဲ့နိုင်။

သူ့ယာခင်း အလုပ်တွေကိုလည်း ထားလို့မခဲ့ရ။

ခင်စန်းဦးကလည်း ရွာမပြန်ချင်သေးဘူး အတင်းပြောတော့ မလာဖြစ်သေးတာပါတဲ့။

တစ်ခေါက်တစ်ခါတော့ ‌ခင်စန်းဦး မိဘများကို လာရောက် ကန်တော့ရအောင် လာခဲ့ပါအုံးမယ်လို့  ကျွန်တော့်ကို သူ့ဆန္ဒကလေး
တီးတိုး ပြောပြလိုက် တယ်..”

မြကျော်က ဤသို့ ပြောပြတော့ သမီးအတွက် စိတ်ပူနေသောဦးမောင်မောင်မှာ အပူများ အနည်းငယ်လျော့သွားသယောင်
ပြုံးလိုက်ပြီ

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now