Rick-18

1K 83 4
                                    

စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
         (၁၈)
ကျီစယ်သူ မောင့်မေတ္တာ တွေ  ထားက မမြင်နိုင် တာလား။
တမင် မမြင်ချင်ယောင်ဆောင်သလား။
ဒါတွေကို သူနားမလည်။

သူနားလည်သည်က  ထား ပေါ် ထားတဲ့ သူ့မေတ္တာ တွေ ကိုထားက မမြင်ချင်ယောင်ဆောင် နေသလောက်

ဘေးဘီ ၀န်းကျင်က လူသားတွေ၊ နွားကလေးတွေပါသိနေသည်။

မြကျော် သည်လို တွေးမိတော့  ကျီစယ်‌ရင် နွားကြိုးကိုင်ပတ်ပြေးသည်။

နွားတွေက မြူး ထားထားဦးက ဆတ်ဆတ်ထိမခံ စွာတေးမလေးလို နွားတွေကြားမှာ နောက်က လိုက်ရိုက်သည်။

လိုက်ရိုက်ရင် ထားထားဦး မောလာတော့ ခါးထောက်ပြီ  နူတ်ကနေပဲအော်ပြောနိုင်သည်။

“မသာ မြကျော် .. အေး.. မိလို့ကတော့ နင့်ခေါင်းကို
ပူထူနေအောင်  ခေါက်ပစ်အုံးမယ် ..”

“အောင်မာ ..ငါ့အရပ် နင်မီရင် ခေါက်စမ်းပါ ဂျပုမ ကများ ..”

“အံ့မယ်လေး ငယ်ငယ်တုန်းက ငါ့အောက် ပုတဲ့ မြပုကများ လာပြောနေသေးတယ် .. ဟား .. ဟား ..”

“ဟေ့ .. ငယ်ငယ်တုန်းက အကြောင်းတွေ လာမပြောနဲ့

နင် အခု သတ္တိရှိရင် ငါနဲ့ အရပ်လာတိုင်းစမ်းပါဟာ ..ဟား.. ဟား ..”

အပြန်အလှန်မခံချင်အောင် ပြော ရယ်နေကြသည်ကို ကြည်နူးဖွယ် မက်တပ်ရပ် ကြည့်နေသောကလေးမလေး လေးယောက်က တခစ်ခစ် ရယ်ပြီ နားထောင် ကြည့်နေကြသည်။

မြကျော် နှင့် ထားထား ဦး ငြင်းသံ ၊ စကားပြောသံ၊ ကလေးတွေ ရယ်သံကြား ရတော့ လူကြီးတွေ မှာလည်း လွန်ခဲ့သော ခြောက်လက ရင်ထဲ ဆူလောင် ပွက်ခဲ့သော အပူများ ကင်းသွားသည့်သဖွယ်။

အိမ်ထဲမှာပဲ  ချက်ပြုတ် ပြီ နေနေရသည့် ခင်စန်းဦး အတွက်လည်း မြကျော် နှင့် ထားထားဦး ငြင်းသံ ၊ရယ်သံ တို့က  နေ့စဉ် နားထောင်ချင်၍ မျှော်ရသော ဆည်းလည်းသံ ပမာဖြစ်နေသည်။

အခုဆို ခင်စန်းဦး၏ တိုးတိုးဖော်  တင်မူ နဲ့မိပို  ပြီးခဲ့တဲ့ စပါးချိန်ပြီးကတည်းကသူတို့ ရပ်ရွာ ပြန်သွားပြီပြန်မလာကြတော့။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now