Rick-8

1.2K 85 5
                                    

စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
         (၈)
ဇာတ်ပွဲ ပြီး၍ ဇာတ်သမားများ ပြန်သော် ရွာသားများဆီ မှတ်သားစရာ
ကျန်ခဲ့သလား ချန်ခဲ့သလား မြကျော် မမှတ်မိ ။
မြကျော် မှတ်မိပြီ သိခဲ့သည်က ဇာတ်ပွဲကြီး ပြီနောက် မြကျော် အစ်ကိုများ
မိန်းမ ရသွားကြသည်။

တစ် နှစ်ကို တစ်ယောက်ပြီ တစ်ယောက်နူန်း မင်္ဂလာဆောင်ကြသည်။

ကိုစံထွန်း ကြီးကလွဲ၍ ကိုစံရ ကိုစံလှ ကိုစံကျော် သုံး နှစ်ဆက်တိုက်
မိန်းမ တန်းယူကြသည်။

ကျန်ခဲ့သည့် ကိုစံထွန်း ကလည်း မိန်းမ မလိုချင်၍ မိန်းမမရသည် မဟုတ်။

သူက လိုချင်ရက် နှင့် မရသွားတာဖြစ်၏။

သူ့အဖြစ်က အနည်းငယ်တော့ စိတ်တိုစရာ မြကျော် အဖို့ ပြောပါသည်။

ကိုစံထွန်း အဖို့ကတော့ အတော်ကလေး စိတ်တိုစရာ ဖြစ်သည်။

သူနှင့် လိုက်ပြေးမယ်လို့ ချိန်းထားသည့် တစ်ဖက်ရွာက မိအေးက
အောင်သွယ်တော် ဖိုးတုတ် နှင့် လိုက်ပြေးသွားသည်။

ကိုစံထွန်း စိတ်တိုတို နှင့် ငှက်ကြီးတောင် ဓားဆွဲ ဖိုးတုတ်ရောမိအေးရော သွားသတ်မည် တကဲကဲ လုပ်နေရာမှ

အဖေကမင်းမယ် မိန်းမ အဲ့သလောက် ရှားသလား ငါ ရှာပေးစားစမ်းပါ
မယ်ဆိုပြီ  နှစ်သိမ့်ထားသည်။

ကိုစံထွန်းကလည်း အဖေ ရှာပေးမယ်ဆို၍ ငြိမ်နေလိုက်သည်။

များမကြာခင် အဖေက မြို့သာဖက်က အညာသူ စစ်စစ် မရွှေမိ
နှင့် ပေးစားမည်ဟု ပြောလာသည်။

မနက်ဖြန် သဘက်ပဲ သွားတောင်းရမ်းမည်ဟု ကြံရွယ်နေဆဲ မရွှေမိက

သူမ ငယ်ချစ်ကြီး လက်ဆွဲပြီ မြစ်ငယ်ဘူတာရုံကနေ မြင်းလှည်းဌား
မြကျော်တို့အိမ်ထိ ခိုးပြေး လာကြသည်။

အိမ်ရောက်တော့ သူမ မယ်ချစ်သူ ကိုဘကျော်ဆိုသူရှိသည်ကို

သိရက်နှင့် မိဘများက အတင်းပေးစား၍ အခုလို ခိုးပြေးရင် လာရောက် ရကြောင်း ငိုကြွေး ပြောလေသော်

ကိုစံထွန်း စက်ဘီးကလေး
နှင့် လယ်တော ထွက်သွားလေရဲ့။

အဲ့ဒီနေ့ကပဲ အမေ ကတော့ ကရုဏာ သက်စွာဖြင့်မတော်လိုက်ရသော ချွေးမကလေးတို့ စုံတွဲကို ထမင်း ဟင်း ချက်ပြုတ်ကျွေးလိုက်၏။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now