စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~~~~~~
(၁၅)ချစ်လွန်းလို့ပါ ၊ ကြိုက်လွန်းလို့ပါ အကြိမ်ကြိမ်ပြော။
ခြေတော်တင်ရတာ အား၀မှ အမေ ချစ်သားကြီး ကျွန်တော်ပါ။
မိဘစကား နားထောင်လျှင် မဆင်းရဲနိုင်ကြောင်း မောင်ကျော်နိုင် သဘောပေါက်လို့
ငယ်ချစ်ကို ပစ် ကြင်ယာသစ်ကို ရှာတော့မည်တဲ့။နားနဲ့ မနာ ဖဝါးနဲ့ နာပါ ခြေတော်တင်ခံ သမီးရှင် မိဘနှစ်ပါးပါ သနားစရာ။
အဆုံးမ မတော် မိဘ ညံ့လို့ ဖြစ်ရတယ်လို့
အပြောခံရ။သားသမီး မကောင်း မိဘခေါင်း။
ညိုးငယ်သော မျက်နှာ နှင့် လူကြားထဲ ခေါင်းမဖော်ဝံ့အောင် နေနေရသူက သမီးရှင်တဲ့။
ဗိုက်တစ်လုံးပေါ်အောင် အနေအထိုင်မတတ်သူက မိန်းမသား။
ပေါ်အောင်လုပ်သူ ယောင်္ကျားသား မှာတော့
ယောင်္ကျားလေး ဆိုတာ ရရင် ရသလို ဒီလိုပဲတဲ့။လူမူ့၀န်းကျင်က ချိန်ခွင် လျှာတစ်ဖက်ထိုး ပေါ်တင်ကြီးကို အလေး သာပြသွားပါသည်။
မြကျော်တို့ညီကို ကိုတောင် သတိပေးသလိုလို စကားနာ ထိုးသလိုလို လှည်းကျိုးထမ်းနေရမယ်တဲ့။
လှည်းကျိုးနေရင် ပြင်ပြီ မောင်းမှာပေါ့လို့ ကိုကြီး စံထွန်းက အရွဲ့တိုက် ပြန်ပြောခဲ့သည်။
မြကျော်ကတော့ ဘာမျှ ပြန်မပြော။
ထားထားဦးတို့အိမ်ကို သွားမြဲအတိုင်းသွားသည်။
ထို့သို့ သွားသည်ကိုအဖေနဲ့ အမေက မတား။
ဒို့မယ်လည်း သမီးကလေး နှစ်ယောက်ရှိသေးတယ်။ကိုယ်ချင်းစာပါရဲ့။ သွားမြဲ အတိုင်းသွားပါ။ကူမြဲတိုင်းကူပါတဲ့။
အဲ့သလို ပြောတာကြားတော့ မြကျော် ကြီးဒေါ်ကထပြီ
"အေးပေါ့အေ ...ကူခိုင်း၊သွားခိုင်းပေါ့ ။
မင်းတို့မယ်လည်း စောက်မှတ်မှ မရှိ။ဟိုးတနေ့က ငမောင် နဲ့အတူ မိလှလှ တို့အိမ်
အကျိုးအကြောင်း သွားပြောတော့ မင်းပါ
စော်ကားလွှတ်လိုက်တယ်မို့လား။
YOU ARE READING
စပါး နဲ့ နွား နဲ့ အညာသား(Completed)
Romanceမိထား နင် ငါ့ကို ယောကျာ်း တစ်ယောက်လို အားကိုးကြည့်စမ်း