Rick-30

1.2K 103 14
                                    

စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
         (၃၀)
ကိုကြီး စံထွန်းပေးလိုက်တာတော့ လို့ ပြောပြီ မမထား ကမ်းပေးတဲ့
စာရွက်ကလေးကို ခင်စန်းဦး ယူထားလိုက်သည်။

ချက်ချင်း ဖတ်မကြည့်ဖြစ်။

ပြန်တော့မည့် မမထား နဲ့ ကိုကြီး မြကျော်ကို အိမ်ရှေ့ထိ လိုက်နူတ်ဆက်
လိုက်သည်။

နူတ်ဆက်ရတာ တစ်မျိုးတော့ တစ်မျိုးကြီးပဲ။

အမှတ်မထင် ရောက်လာတုန်းက လိူက်ခနဲ့ ဖြစ်သွားသောရင်ဘက်ကြီးက အခုတော့ ဟာသွားသလို။

လက်ဖက်ခြောက်နဲ့ လက်ဖက်အစို ကလေးတွေထည့်ထားသောပလိုင်းကလေးကို
ထမ်းထားတဲ့  အစ်ကိုစိုင်းလုံ ၏

အိမ်မှာ စောင့်နေနော် အစ်ကို ပြန်လာခဲ့မယ် ဆိုသောအကြည့်ကလေးမြင်မှ ခင်စန်းဦး ရင်ထဲ နွေးလာသည်။

ဒီတော့မှ နောက်ကို ‌လှည့်ကြည့် လှည့်ကြည့် လမ်းလျှောက်နေသော

မမထားကို ငယ်ငယ်ကလို လက်ကလေးတွေခါရမ်းပြီ ခင်စန်းဦး တာ့တာ့ ပြနူတ်ဆက် နိုင်သည်။

နူတ်ဆက်ရင် စိတ်ထဲကနေ အဖေ့ကို မြင်ယောင် မိ ၊အမေ့ကို မြင်ယောင်မိ၊

အမေကြီးကို မြင်ယောင်မိ၊ ညီမလေး နှစ်ယောက်ကို မြင်ယောင်မိ၊နောက်ဆုံး ကိုကြီး စံထွန်းကိုပါ မြင်ယောင်မိပြီ စိတ်ထဲကနေ ပြောမိသည်။

“တစ်နေ့နေ့မှာတော့ ခင်စန်းဦး ပြန်လာမှာပါတော်။

ကျန်းကျန်းမာမာနဲ့ စောင့်နေပေးကြစမ်းပါ ..”

နူတ်ဆက်ပြီ မျက်ရည်တွေမကျမိအောင်ထိန်း အဘွား ဘေးနားသွားထိုင်မိသည်။

အနားရောက်သည်နှင့် အဘွားက ကိုယ်ချင်းစာနာသော အပြုံးကလေးဖြင့် ခင်စန်းဦး လက်ကလေးတွေ ထွေဆုပ်ပေး၏။

နွေးလိုက်တာ။

အရေတွေတွန့် နေသော အမေကြီး လက်တွေလိုပဲ အဘွားလက်တွေကလည်း နွေးနေပါသည်။

💙💙💙

အစ်ကို စိုင်းလုံ ပြန်လာမှာကို စောင့်ရင် ဆန်ရွေး စရာရှိတာရွေး၊ ပြောင်းဖူး စေ့ ခြောက်ကလေးတွေ ချွေပြီကြက်တွေ ကျွေးသည်။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now