Rick-14

993 83 2
                                    

စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
         (၁၄)

ထားထားဦးက စိတ်ဆိုးမာန်ဆိုး မေးတော့မှ မြကျော်သူကိုယ်သူ စကားလွန် သွားမှန်းသတိထားမိသည်။

ဒါ့ကြောင့်  ခင်စန်းဦး ဖက်ကိုသာ တစ်ချက် ငဲ့ကြည့်ပြီပွဲခင်းထဲကနေ ထဖို့ ပြင်သည်။

မြကျော် ထလိုက်သည်နှင့်  စိတ်ဆတ်သည့် ထားထားဦးကမြကျော် ပုဆိုးစ လှမ်းဆွဲပြီ

“ဟဲ့ .. မြကျော် ပြောလေ ၊ ငါ့ ညီမက ငါ့ကွယ်ရာဘာလုပ် နေသလဲ ၊ နင် သိရင် ပြောလိုက်စမ်းပါ..”

မြကျော်က ပွဲခင်းထဲ သူပုဆိုး မကျွတ်အောင် လက်ထဲ လက်နှိပ်ဓာတ်မီးကြီးကိုင်လျက် ထိန်းနေရသည်။

ထိန်းရင် ခင်စန်းဦး ဖက်ကို အားနာစွာ ကြည့် ဘာမှ ပြန်မဖြေဘဲ အပြင်ပြန်ထွက်ဖို့ ပြင်သည်ကို ထားထားဦးကလည်း သူ မ ဖြေမချင်ဇွတ်။

ကြာတော့  မြကျော်လည်း ပြန်ထိုင်ချပြီ

“ကဲ .. ငါ့ မမေးပါနဲ့  နင့် ညီမ နင်သာ မေးကြည့်စမ်းပါဟာ ..”

မြကျော် ပြောသည် နှင့် ထားထားဦး မျက်လုံးတွေက ခင်စန်းဦးကိုကြည့်လိုက်သည်။

ခင်စန်းဦးက အပြစ်လုပ်ထားသည့် အပြစ်သားတစ်ယောက်လိုမျက်နှာကို အောက်ငုံ့ လိုက်သည်။

ငုံ့ရင်ထောင်ထားသည့် ဒူးကလေးနှစ်လုံးပေါ် လက်ပိုက်လျက်သားမျက်နှာ အပ်လိုက်သည်။

အရိပ်ပြ ရုံဖြင့် အကောင် မြင်တတ်သည့် ထားထားဦး ညီမ မျက်နှာကြည့်ရုံဖြင့် ခန့်မှန်းမိသည်။

စောစောတုန်းကလို ထားထားဦး မေးပြီ ရိုက်ချင်စိတ် မရှိတော့။

မျက်ရည်များသာ စီးကျလာသည်။

စီးကျလာသော မျက်ရည် များသည် ပါးပြင်ပေါ် ရောက်လာသည်အထိပူနွေးနေသည်။

ရင်ထဲက အပူတွေ စီးကျလာသည် ထင်ပါ့။

မြကျော် လို ယောင်္ကျားလေးတောင် သိနေသည့် ခင်စန်းဦးဖြစ်ရပ်သည့်  မည်မျှ ဆိုးဝါးနေပါသနည်း။

ထားထားဦး ခေါင်းထဲ ဈေးရောင်းဖို့ ၊အိမ်ဆောက်ဖို့ ၊ အငယ်မလေး
နှစ်ယောက်ကို ကျောင်းထားဖို့ စတဲ့ ပျော်စရာများသာ စိတ်ကူးဖူးသည်။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now