ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
တိမ်ထိပ်ကောင်းကင်နန်းတော် (ဒုတိယပိုင်း)
Chapter (7)
စစ်တုရင်
ချန်ဖီအားစစ်ရဲ့ အမူအရာကို ကြည့်လိုက်တော့ ရုတ်တရတ် ဆိုးရွားသွားသလိုတောင် ခံစားလိုက်ရသည်။ ဒီလူကြီးက ဒီတလမ်းလုံး နှုတ်ဆိတ်နေခဲ့တာ။ ခက်ခဲတဲ့အချိန်တွေမှာ စကားနည်းနည်းပဲ ပြောပြီး စိတ်ဆိုးတဲ့ အမူအရာမျိုး တစ်ခါမှ မတွေ့ရပေမယ့် အခုချိန်မှာတော့ သူတကယ် ဒေါသထွက်နေတာ သိသာထင်ရှားလာပါပြီ။
ဘုန်းကြီးဟွာလည်း ဒါကို သတိပြုမိတာကြောင့် တုန်လှုပ်သွားပြီး မေးလိုက်သည်။
"အဘိုး... ဘာဖြစ်နေတာလဲ?"
ချန်ဖီအားစစ်ရဲ့ မျက်နှာကတော့ အရမ်းရုပ်ဆိုးနေပြီ။
"ဒီမှာ နဂါးသွေးပြန်ကြောတွေကို ခြယ်လှယ်ထားတယ် ဆိုပေမယ့် ဒီနဂါးခေါင်းသုံးလုံးက အတုပဲ... နဂါးဦးခေါင်းရဲ့ ဦးတည်ရာကလည်း မှားနေတယ်"
ဝူရှဲ့လည်း နှလုံးခုန်သံတွေ ခုန်ထွက်သွားပြီး သံလိုက် အိမ်မြှောင်ကို အမြန်ထုတ်လိုက်သည်။ သေချာတာပေါ့။ ဘယ်လိုပဲ လှည့်ကြည့်ကြည့် ညွှန်ပြချက်ပြမြှားက အနက်ရောင် ကျောက်လိပ်ကြီးကိုပဲ ညွှန်ပြနေတာ သိသာ၏။ ဒီထူးဆန်းတဲ့ အရာက သံလိုက်ဓာတ်ကြောင့် ဖြစ်နေတာပဲ ဖြစ်လေသည်။
ချန်ဖီအားစစ်ရဲ့ ဆိုလိုရင်းကို ဝူရှဲ့ ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ဖုန်းရွှေ အကြောင်းအရင်းကို ကြည့်လိုက်တဲ့အခါ ဦးတည်ချက်က အရမ်းအရေးကြီးသည်။ လမ်းတစ်လျှောက်မှာ ချန်ဖီအားစစ်ဟာ ဒီသံလိုက်အိမ်မြှောင်ကို သုံးပြီး နဂါးရဲ့ လမ်းကြောင်းကို ဆုံးဖြတ်ဖို့ အားကိုးခဲ့သည်။ ဤနေရာတွင် မြှုပ်နှံထားသော သံလိုက်တစ်ခုမှ ထွင်းထုထားသည့် အရာတစ်ခုရှိသည်။
ဤမျှကြီးမားသော ထုထည်ကြီး ရှိနေသဖြင့် ဤတောင်အနားသို့ ချဉ်းကပ်သောအခါ သံလိုက်အိမ်မြှောင်၏ မြောက်-တောင် လမ်းကြောင်းကို ပြသသော မြှားမှာ သေချာပေါက် သက်ရောက်မှုရှိမည် ဖြစ်သည်။ ဥပမာ လုံးဝ အမှားကို ပြသသွားလိမ့်မည်။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) volume 1 & 2 &3 &4
Historical FictionThe lost tomb LAရဲ့ novelပါ
