အခန်းပို (၁၁)

8.4K 1K 189
                                    

Zawgyi 

ခရီးသွားတဲ့ တောက်လျှောက်လုံးလည်း ကျွန်တော့်ဖုန်းကို မကိုင်သလို စာလည်း တစ်စက်မှမပြန်။ ကျွန်တော်လွန်တယ်ဆိုတာ သိပေမယ့် ကိုကိုက တကယ် စိတ် ကြီးလိုက်တာ။အလုပ်များရတဲ့အထဲ အဆက်အသွယ်က မရဆိုတော့ လူက ပင်ပန်း လိုက်တာဆိုတာ။ ဒီငါးရက်ကို အမြန်ကုန်ချင်လှပါပြီ။ ကိုကို့အိမ်ကိုတော့ သတင်း လှမ်းလှမ်း မေးနေရတာပဲ။ ပြန်ရောက်ပြီဆိုတာနဲ့ အိတ်တောင်မချနိုင်ဘူး။ ကိုကို့ ဆီ အမြန်ပြေးသွားတော့တာ။ မမပန်းလေးတို့က အိမ်မှာမရှိဘူးလို့ ပြောထားတာ ကြောင့် ကိုယ့်ဘာသာပဲ ကိုကို့အခန်းဆီ တက်သွားရတယ်။ ကျောင်းကနေလည်း ခွင့်ယူထားတော့ ကိုကိုပျင်းနေတော့မှာပဲ။အိပ်နေမှာစိုးလို့ အခန်းတံခါးကို တိုးတိုးလေးဖွင့်ကြည့်တော့ မြင်လိုက် ရတဲ့ မြင်ကွင်းက အစိမ်းသက်သက်ကြီးမို့ လူက အဲဒီနေရာမှာတင် ရပ်ပြီးငေးနေ မိတော့တာ။ ပြတင်းပေါက် ဘောင်ပေါ် တက်မထိုင်ဖို့ တားတတ်လွန်းတဲ့လူက ပြတင်းပေါက်ပေါ်တက်ထိုင်ကာ သူမကြိုက်ဆုံးဖြစ်တဲ့ ဆေးလိပ်ကို ထိုင်ဖွာနေ တော့တာ။ ရေမခြောက်သေးတဲ့ ဆံပင်စိုစိုတွေအပေါ် ညနေနေဝင်ရီတရော အချိန် နေရောင်လက်ကျန်က ဖြာကျနေပြီး လူကတော့ အဝေးကို ငေးရီကာ ဆေးလိပ်ကို စိတ်မပါလက်မပါ နှုတ်ခမ်းဖျားလေးနဲ့ ခပ်သာသာလေး ဖွာရှိုက်နေပုံက ပန်းချီကား တစ်ချပ်လိုပဲ။ အသက်လေးဆယ်ကျော် ယောကျာ်းတစ်ယောက်ဟာ ငိုချင်စိတ် ဖြစ်ရတဲ့အထိကြည့်ကောင်းရလားလေ။ခြေသံလုံလုံနဲ့ အနားကိုအသာတိုးကပ်သွားတော့လည်းသူက ဘာကိုမှ သိမနေ။ အဝေးကို ငေးနေရခြင်းမှာသာ ပျော်ဝင်လျက်။ ကိုကို့အတွေးတွေထဲ ရှိချင်လိုက်တာ။"ကိုကို"လွမ်းရလွန်းစွာနဲ့ တမ်းမက်လွန်းစွာ ခပ်ဖွဖွခေါ်မိတော့ အသာလှည့်ကြည့် တယ်။"ကိုကို ဘယ်တုန်းကဆေးလိပ်သောက်တတ်သွားတာလဲ""သောက်တတ်ပါတယ်။ ငယ်ငယ်တုန်းက သောက်တယ်။ မကြိုက်တော့ လို့သာ""ဒါပေမယ့် တအားကြည့်ကောင်းတယ်။ ကိုကိုဆေးလိပ်သောက်နေတဲ့ ပုံက တကယ်မိုက်လိုက်တာ"အသက်မပါသလို တစ်ချက်ရယ်လိုက်ပြီးတော့ အောက်ကိုခုန်ဆင်းလိုက် ကာ မျက်နှာချင်း ဆိုင်ရပ်လိုက်တယ်။ ကျွန်တော် ခုန်ဆင်းတိုင်း အလန့်တကြား ပြေးလာတတ်တဲ့ ကိုကို့စိတ်ကို နားလည်ပြီထင်ပါရဲ့။ လက်တစ်ဖက်က ပတ်တီး ကြီးနဲ့ကို ထိမိတော့မှာပဲကွာ။"ဘယ်တုန်းက ပြန်ရောက်တာလဲ""အခုလေးတင်ပဲ ရောက်ရောက်ချင်း ကိုကို့ဆီလာခဲ့တာ""ဪ ... ကိစ္စရှိလို့လား"ကျွန်တော့်ကို ကျောခိုင်းကာသဘက်နဲ့ ခေါင်းကိုသုတ်နေရင်းမေးတယ်။"ကိုကို ဘာလို့ ဖုန်းမကိုင်တာလဲ။ စာလည်းမပြန်ဘူးလေ။ ကျွန်တော် လွမ်းလို့ သေတော့မယ်""အဟား ..."လှောင်သလိုရယ်တော့ လူကမခံနိုင်။"ဘာလဲ ... တွေ့ချင်တဲ့သူနဲ့ အဝတွေ့ပြီးသွားလို့ ကိုယ့်ဆီမျက်နှာ လာပြ တာလား"လူက အင့်ခနဲ။"ကိုကို တဆိတ် မရွဲ့ပါနဲ့လား။ အခုထိ စိတ်ဆိုးနေတုန်းလား ဟင်""မဆိုးပါဘူး။ ကိုယ် မင်းပြောခဲ့တာကိုပဲ ပြန်ပြောတာပါ""အဲဒါရွဲ့ပြီးပြောလိုက်တာလေဗျာ""ရွဲ့တာ? ကိုယ်တော့အဲဒီလို မထင်ဘူးပဲ""ကိုကိုအခုရောကျွန်တော်အဲဒီလိုသွားလာလာတယ်လို့ထင်နေတာလား""မပြောတတ်ဘူးလေ။မင်းအလုပ်ကအမြဲအရေးကြီးနေတာကို""ကိုကိုတော်တော့ဗျာ ... တွေ့ချင်လို့ အရူးတစ်ပိုင်း ပြေးလာတဲ့သူကို အဲ ဒီလို ရင်ဝဆောင့်ကန်ရမှဖြစ်မှာလား ဟမ်""ကိုယ်ပြောသားပဲ လာတွေ့ဖို့ မလိုပါဘူးဆိုနေ""တွေ့မှာပဲ တွေ့ချင်လို့လေ"တိုးတိုးဖွဖွရယ်နေတဲ့သူကိုကြည့်ရင်း ရင်တွေ မောလာလိုက်တာ။"ကိုကို ... ကျွန်တော့်ကို မချစ်တော့ဘူးလားဟင်"ခေါင်းသုတ်နေတဲ့ လက်တွေက ပြေကျသွားပြီး ကျွန်တော့်ကိုတည့်တည့် စိုက်ကြည့်တယ်။"ကိုယ့်ကို ဘာပြောစေချင်နေတာလဲ""ကိုကိုဗျာ""ပြန်လိုက်ပါတော့လား။ ကိုယ်စကားမပြောချင်သေးဘူး""ဘယ်တော့မှ ပြောချင်လာမှာလဲ။ ကျွန်တော် ဘယ်လောက်ထိ စောင့် ရမှာလဲ""ကိုယ်မသိဘူး"ပင်ပန်းထားတဲ့ အရှိန်နဲ့ ဒေါသက ဆောင့်တက်လာပြန်ပြီး သူ့ပခုံး နှစ်ဖက်ကို လှုပ်ယမ်းလိုက်မိတယ်။"ကိုကို ဘာဖြစ်နေတာလဲ ဘာဖြစ်နေတာလဲလို့""တော်တော့ ညီ မင်းပြန်တော့""အဲဒီလောက် နှင်ထုတ်နေတာ လာ ခင်များလိုက်ခဲ့အခု"မျက်လုံးတွေ ပြာဝေလာတဲ့အထိ စိတ်ကဆောင့်တက်ရကားသူ့လက်ကို ဆွဲကိုင်ကာ အပြင်ကိုဆွဲခေါ်မိတော့သည်။"နေအလင်းစက် လွှတ်"" မလွှတ်ဘူး ဒီနေ့ ခင်များမပါဘဲ ကျုပ် အိမ်မပြန်ဘူး"" လွှတ်လို့ ပြောတယ်နော် ကိုယ် အားမသုံးချင်ဘူး""ရတယ် အားသုံးလည်း။ ကျုပ်လည်းအားသုံးပြီးတော့ကိုခေါ်မှာ""တော်တော့ မင်း ရပ်စမ်းလို့"ပြောနေရင်း အသံက ပြတ်ကျသွားလို့ လှည့်ကြည့်လိုက်တော့ ရင်ဘတ် ကိုလက်နဲ့ဖိရင်းခွေကျသွားတဲ့ကိုကို။"ကိုကို ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ နာသွားလို့လား ကိုကို... ကိုကို"ကျွန်တော့် အမေးကို မဖြေနိုင်ဘဲ ကျွန်တော်ပွေ့ထားတဲ့ ကြားထဲက နာကျင်မှုကို ခံစားနေရပုံမြင်တော့ ဘာလုပ်ရမှန်းမသိသေးခင် မမပန်းလေးတို့ သားအမိ အပေါ်ပြေးတက်လာသံကြားတယ်။"ကိုကို ... ကိုကို"" မမပန်းလေး လုပ်ပါဦးကိုကိုဘာဖြစ်တာလဲဟင် ဘာဖြစ်တာလဲ"" နေနေ ကိုကို့ကို အပေါ်တင်ပေး ကုတင်ပေါ်တင်ပေး။ ပြီးရင် သားတို့အကုန် အပြင်ထွက်"" လာ အငယ်လေး လာ ထွက်ရအောင်""အန်တီရယ် ကိုကိုက ဘာဖြစ်တာလဲ"ကျွန်တော့်မှာမရှုနိုင်မကယ်နိုင်နဲ့ အန်တီဆွဲခေါ်ရာ လည်တဆန့်ဆန့် ပါ သွားရပေမယ့် လူက အပူလုံးဆောင့်တက်နေချေပြီ။ မမပန်းလေး ပြန်ထွက်လာ တော့မှ မရပ်မနားမေးမေးမိပြန်တယ်။" ကိုကို ဘာဖြစ်တာလဲဟင်။ ဘာဖြစ်လို့လဲ"" လာ နေနေ မမအခန်းထဲသွားရအောင်။ မေမေ နိုးနိုးကိုခေါ်ထားလိုက် ဦးနော်""အေးအေး သွားကြ"အခန်းထဲရောက်တော့ မမပန်းလေးက ချွေးတွေနဲ့ ထိတ်လန့်နေတဲ့ ကျွန် တော့်ကိုချော့မော့ကာ ရေတိုက်ပြီး ပြောတယ်။" အခုကတော့နေမကောင်းတဲ့အရှိန်နဲ့ စိတ်လှုပ်ရှားလို့ နှလုံးဖောက် သလိုဖြစ်တာပါ။ စိုးရိမ်စရာတော့ မရှိပေမယ့် တကယ့်ပြသနာက ကိုကိုက စိတ် ကျရောဂါလို့ ပြောလို့ရတဲ့ အနုစားဝေဒနာတစ်ခုဖြစ်နေတယ် နေနေ""ဗျာ ... ကိုကိုကလေ"" အင်း ... သိမ်ငယ်စိတ်လို့ပြောရမလားပဲ""ဘယ်လိုဖြစ်လို့လဲ မမပန်းလေးရယ်""အင်း ... ကိုကိုလုံးဝထုတ်မပြောဘဲ ကြိတ်မှိတ်တောင့်ခံနေတာနဲ့ မမနဲ့ သော်က တိုင်ပင်ပြီးမမသူငယ်ချင်း စိတ်ကုဆရာဝန်ဆီ Counselling လုပ်ဖို့ ခေါ် သွားရင်းက အိပ်မွှေ့ချကုထုံးနဲ့ လုပ်ရင်းသိခဲ့တာ""ဟုတ် ... ဘာတဲ့လဲ""ပြောရတာတော့ တစ်မျိုးဖြစ်ပေမယ့် အင်း ... ကိုကိုကနေနေ သူ့ကိုမချစ်တော့ဘူးလို့ ထင်နေတာ""ဗျာ ...""ဟုတ်တယ်။ သူကအသက်ကြီးလာပြီလေ။ နေနေကအခုမှ တက်စဆို တော့ သူ့အပေါ် ငြီးငွေ့လာပြီလားဆိုပြီး ပိုတွယ်ကပ်သလို ဖြစ်မိတဲ့အချိန် နေနေ ကလည်း သူ့ကိုရွဲ့ပြီး ပြောဟယ်ဆိုဟယ်ဆိုတော့ တစ်ထစ်ချနီးနီးယုံသွားတာ။ နေနေက သူ့အပေါ် ရိုးအီသွားပါပြီလို့""ကိုကိုရာ"ကျွန်တော့်မှာ ချုံးပွဲချ ငိုမိသည်အထိ။ ကျွန်တော်မှားသွားပြီ။ အရွဲ့တိုက် လိုက်တဲ့အကျိုးဆက်ကြောင့် ကိုကို့မှာထိခိုက်ခံစားရပါပြီ။"ဒီလပိုင်းတွေမှာ သိသိသာသာ ပြောင်းလဲလာတဲ့ နေနေ့ပုံစံကြောင့် သံသယဝင်တာရော၊ သူ့မှာ နဂိုအခံရှိနေတဲ့ နေနေကသူ့ထက်တအားငယ်ပြီး အစ စအရာရာ စိတ်မချစရာ အခြေအနေနဲ့ရော တိုက်ဆိုင်ပြီးတော်တော်လေး စိတ် ထိခိုက်သွားတာ။ အဲဒါကို ဘယ်သူ့ကိုမှ ထုတ်မပြောဘဲ ကာပြီးနေလိုက်တော့ မေမေ့လိုပဲ နှလုံးသိပ်မကောင်းတာက ဒီအရွယ်မှပေါ်လာတာနဲ့ သွားပြီး ထိတာ""ကျွန်တော် အဲဒီလို မဟုတ်ရပါဘူး မမပန်းလေးရယ်။ ကျွန်တော့်မှာ အလုပ်ကိစ္စတွေနဲ့ စိတ်ရှုပ်စရာတွေရှိလို့ ကိုကို့ကိုပစ်ထားသလို ဖြစ်သွားရတာပါ""သိပါတယ် မမက နေနေ့သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ မသိစရာ လား။ ကိုကိုကလည်းအကြောင်းတွေတိုက်ဆိုင်ပြီး ဖြစ်သွားတာ။ အေးအေးဆေး ဆေး ရှင်းပြလိုက်ပါ။ ခုနလို မလုပ်နဲ့။ ကိုကိုက နေသိပ်မကောင်းသေးဘူး သိလား""ဟုတ်""ဒီနေ့တော့ ပြန်လိုက်ဦးနောက်မှ အခြေအနေကြည့်ပြီး ထပ်လာခဲ့နော်။ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်ပါနဲ့။ ဒီလိုပဲ ဖြစ်တတ်ပါတယ်"ပြန်တောင်မပြောနိုင်တော့အောင် နာကျင်မှုက ကျွန်တော့် တစ်ကိုယ်လုံး ကိုရိုက်ခတ်နေတာပဲ။ ကျွန်တော်လုပ်လိုက်မိတဲ့အမှားတစ်ခုက ကိုကို့ကို ဆိုးဆိုး ရွားရွား ဖြစ်သွားစေတာပဲ။ အခုနေပြန်တွေးမှ တကယ်ကိုကိုထင်လည်း ထင်ချင် စရာ ကျွန်တော်အများကြီးလုပ်ခဲ့တာ။ ကိုကို့ကို လျစ်လျူရှုခဲ့မိတာ။ ပစ်ထားခဲ့မိ တာ။ နေအလင်းစက်ရာ မင်းချစ်တဲ့သူကို မင်းဘယ်လိုလုပ်လိုက်တာလဲကွာ။ နောက်ရက်တွေ ကိုကို့ကို တွေ့ဖို့သွားပေမယ့် ကိုကိုက လုံးဝအတွေ့မခံ။ကျွန်တော့်မှာ ရုံးဆင်းတိုင်း ကိုကို့မျက်နှာလေးကိုပဲ တွေ့ရတွေ့ရဆိုပြီးအိမ်ရှေ့မှာ နေ့တိုင်းကားရပ်ပြီး ငေးနေရတဲ့ဘဝ။ ဟိုနေ့ကလို လဲကျသွားမှာစိုးလို့ အတင်းလည်း တိုးမသွားရဲ။ ကိုကိုရယ် ကျွန်တော်လွမ်းလိုက်တာ.,,,ဒီနေ့တော့ ကိုကိုက ဝရံတာမှာ ထွက်ထိုင်နေတာ တွေ့တယ်။ ကျွန်တော့် ကို မြင်ရင် ပြန်ဝင်သွားမှာ စိုးလို့ ကားကိုအရှေ့ကျော်ထိုးပြီး ကားထဲကနေ ငေး ကြည့်နေရတယ်။ ကားစတီယာရင်ပေါ်ခေါင်းမှောက်ချပြီး လွမ်းနေရတဲ့ဒီလူ့ကိုငေး မောကြည့်နေရင်းက ကားထဲက လာနေတဲ့ သီချင်းကို ခပ်တိုးတိုးလိုက်ဆိုမိတယ်။~ မဝေးရဲဘူး နီးနီးလေးနေပါပြန်တည်ဆောက်ကြမယ်လေ ကိုယ်တို့နှစ်ယောက်အိပ်မက်များငို ... မနေပါရစေနဲ့ဒီဝဋ်ကြွေးတွေလည်း ကျေပါစေတော့ အချစ်ရာမဆုံနိုင်မှာကို စိုးတာကိုယ် တစ်ယောက်တည်းပါပဲ တကယ် ချစ်ဖူးသူရင်ထဲကြာရှည် ဒီအလွမ်းထဲမှာ ရှင်သန်နေရန် မဖြစ်လို့ပါ ~မဝေးရဲပါဘူး ကိုကိုရာဒီတစ်သက်လုံးစာ ဒီတစ်ယောက်တည်းချစ်မယ့်ကောင်ဆိုတာခင်ဗျားဘာလို့ သံသယဝင်နေရတာလဲဗျာ။---------- *** —-------- *** —--------ဒီနေ့တော့ ရုံးကလူတွေနဲ့သောက်ရင်း မူးတဲ့အထိချလိုက်မိတယ်။ မူးသွား တာနဲ့ ချက်ချင်းသတ္တိတွေ ရှိလာပြီး ကိုကို့အိမ်ကိုသွားတော့တာပဲ။"ကိုကို ... ကိုကိုရေ ကျွန်တော်လာတယ်။ ပေးတွေ့ပါဦး"ခြံဝကနေ အော်နေတော့ အန်တီက ပြေးဆင်းလာတယ်။ ကျွန်တော်အရမ်းမူးနေမှန်းသိတော့"ဟိုကောင်လေး နင်အရမ်းမူးနေတာ အိမ်ပြန်တော့ သွား။ နင့်အစ်ကိုနဲ့ ဟိုနေ့ကလို စကားများလိမ့်မယ် နေနေရယ်။ တကယ်ပါပဲ""မပြန်ဘူးဗျာ။ ကိုကိုက ဒီမှာရှိနေတာ ကျွန်တော်က ဘာလို့ပြန်ရမှာလဲ။ ကိုကိုရေ ကိုကို""ဟဲ့ ... တိုးတိုးပြောလို့ ဘေးပတ်ဝန်းကျင်ရှိသေးတာကို""မရဘူးဗျာ ကိုကို လာဆင်းတွေ့လို့""ဒီကောင်လေး ပြောမရဆိုမရနဲ့ဟယ်"ပြောရင်းနဲ့ အန်တီက ကျောကို နှစ်ချက်လောက်ထုလိုက်တာနဲ့ ငိုချင် ရက်လက်တို့ကျွန်တော်က ငိုတော့တာပဲ။"ထုဗျာ ထု။ ရိုက်ရင်လည်း ရိုက်။ အန်တီ့သားနဲ့ ပေးတွေ့လို့။ အီးဟီး။ကိုကိုရေ ... ကိုကို့အမေက ကျွန်တော့်ကိုရိုက်တယ်လို့ အီးဟီး"အော်ကြီးဟစ်ကျယ် ငိုမိလေလေ အန်တီက ပါးစပ်ကို အတင်းလိုက်ပိတ် ရင်း မနာအောင် ထုလေလေနဲ့ အိမ်ရှေ့ကြီးမှာဝရုန်းသုန်းကားဖြစ်နေတုန်း ကိုကို ဆင်းလာတာမြင်တယ်။"လာ ... မင်းလိုက်ခဲ့""ကိုကို အန်တီက ရိုက်တယ်""ဟဲ့ အမယ်လေး တိုင်တာကြည့်စမ်း။ နင့် ငါ ဘာရိုက်ရသေးလို့လဲ""မေမေတော်တော့နော်။ လာလိုက်ခဲ့"ခပ်ကြမ်းကြမ်း ဆွဲခေါ်သွားပေမယ့် ကျွန်တော့်လက်ဖဝါးတွေကို မနာရ အောင် ကိုင်ထားတာမှန်း မူးနေတဲ့ကြားက သိလိုက်သေးတယ်။ ကိုကိုရယ် ကျွန် တော် ရူးတော့မလို့ပါဗျာ---------- *** —-------- *** —--------မူးရူးပြီး ခြံရှေ့မှာသောင်းကျန်းနေတဲ့ ညီ့ကို ဆွဲခေါ်လာပြီး အခန်းထဲ ရောက်တဲ့အထိ တအိအိ ငိုလာတော့တာ။ မျက်နှာတစ်ခုလုံးလည်း ပေပွလို့။ ဘယ် လိုမူးပြီး ဘယ်လိုတွေ တွန်းတိုက်မိတယ်မသိ။ ဒေါသထွက်နေတဲ့ ကြားကပင် ဒီမျက်နှာလေးကို လွမ်းနေတာပဲဆိုတဲ့ အသိစိတ်က ဝင်လာသေးတယ်။"ဘာလို့ အဲဒီလောက် မူးလာတာလဲ""ကိုကို့ကြောင့်‌လေ ကိုကို့ကိုလွမ်းလို့ပေါ့။ ကိုကိုပစ်ထားလို့ပေါ့ အီးဟီး""ကျွတ်စ် ... မင်းပြောတော့ ခလေးမဟုတ်တော့ဘူးဆို။ ဘာလို့ အဲဒီလောက် ငိုနေတာလဲ""ခလေးမဟုတ်တာနဲ့ပဲ မငိုရတော့ဘူးလား။ ကိုဘုန်းလင်္ကာရဲ့ အီးဟီး။ ခင်များယောကျာ်းယူထားပြီး ယောကျာ်းကို အိမ်မှာပစ်ထား၊ အမေအိမ်ပြန်လာနေ တာ ကောင်းလားကောင်းလားလို့ ပြောလေ"လက်ညိုးတထိုးထိုးနဲ့ မူးရူးပြီး ရန်တွေ့နေတာကို စိတ်တိုနေတဲ့ကြားထဲ က ပြုံးမိရမတတ်။ သူ့ကိုယ်သူ ယောကျာ်းလုပ်နေသေးတယ် ငါ့နှယ်။ ကျွန်တော် ဟိုဘက်လှည့်ရပ်နေတော့ အနောက်နားက လာရပ်ပြီး ကျောပြင်ကနေ လာတွယ် ဖက်တယ်။ ရုန်းဖို့ ကြိုးစားမိပေမယ့် ဒီအငွေ့အသက်လေးကို ဘယ်လောက် တောင်လွမ်းနေလဲဆိုတာ ချက်ချင်းပြန်လှည့်ပြီး ဖက်ထားချင်မိတဲ့အထိ။ အားမပါ အောင် ရုန်းမိတဲ့အချိန် ညီ့မျက်ရည်တွေ ကျောမှာလာစိုတော့ ရပ်သွားရတယ်။"ကိုကို ... ကျွန်တော်မှားပါတယ်။ ကိုကို့ကို ပစ်ထားမိတယ်။ အရွဲ့ တိုက် ပြီးလည်း ပြောမိတယ်"ဘာမှပြန်မပြောတော့ ခါးကိုပိုတိုးဖက်ထားပြီး ဆက်ပြောတယ်"ကျွန်တော်လေ ၁၉ နှစ်သားကတည်းက ကိုကို့ကိုပဲ ချစ်ခဲ့တာ။ အခု လည်းကိုကိုပဲ။ နောက်လည်းကိုကို့ကိုပဲ ချစ်မှာ။ အဲဒါကို ကိုကိုမသိဘူးလားဟင်""...""ကျွန်တော့်ကို မြသော်ကလာခေါ်တုန်းကလေ ပါပါးကမင်းသူ့ဆီသွားမှာ လားလို့ မေးတဲ့အချိန် ကျွန်တော် စက္ကန့်တောင်မဆိုင်းဘူး ချက်ချင်းသွားမယ်လို့ ပြောခဲ့တာသိလား။ ပါပါးက ကျွန်တော့်ကို ထိုးချလိုက်တယ်။ ကျွန်တော် နည်းနည်း မှ မနာဘူး။ ဒါကိုအခုမှ ဘာလို့ပြောတာလဲဆိုတော့ ကျွန်တော်က ကိုကို့ဆီ သွားရဖို့ ဘယ်တုန်းကမှ မတွန့်ဆုတ်ဘူးဆိုတာ ကိုကိုသိစေချင်တာပါ"မူးနေပေမယ့် ခပ်ဖြည်းဖြည်းထိန်းပြီး ပြောနေသေးတယ်။ ခါးဆီက လက်တို့က ပိုတင်းကြပ်လာတာနဲ့အမျှ မျက်ရည်တွေက ကျွန်တော့်ကျောတစ်ခုလုံး စိုရွှဲ သွားရတဲ့အထိ ရှိုက်ငင်ရင်းပြောနေတယ်။ ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ ညီ့ မျက်ရည်က ကျွန်တော့်ကိုမီးစလို ပူလောင်စေပါတယ်။"ဟုတ်တယ် ကျွန်တော်လွန်သွားတယ်။ ကိုကို့အပေါ် ဒီလိုမလုပ်သင့်ပါဘူး။ ကျွန်‌တော် တအားစိတ်ရှုပ်နေလို့ပါ ကိုကိုရာ။ အလုပ်မှာလေ ကျွန်တော့် နာမည်နဲ့စာချုပ်ချုပ်ထားတဲ့ ပရောဂျက်ကိုအတူလုပ်တဲ့သူက လိမ်ပြေးသွားတယ်။ သိန်းက ထောင်နဲ့ချီတယ် ကိုကိုရယ်။ ကျွန်တော်မလုပ်မှန်းသိပေမယ့် တာဝန်ခံက ကျွန်တော်ဆိုတော့ စိုက်မလျော်ရင် ကျွန်တော်ထောင်ကျမှာတဲ့ သိလား""ဘာ ... အဲဒီလောက် အရေးကြီးတာကို ဘာလို့ ကိုယ့်ကို မပြောရ တာလဲ"လှည့်ပြီး မေးတော့ ရင်ခွင်ထဲကို တစ်ကိုယ်လုံး ခွေဝင်ပြီးကပ်မှီထားတဲ့ ညီရယ်ပါ။"ကျွန်တော် မပြောရက်ဘူးလေ။ ကိုကိုပါ စိတ်ပူနေရမှာမို့လို့ ကျွန်တော် အပူမမျှနိုင်ဘူးလေဗျာ""မဟုတ်ဘူးလေ ဒီလောက်အကြီးအကျယ်ဖြစ်နေတာကို ကိုယ့်ကို ပြော ရမှာပေါ့။ ကိုယ်တို့နှစ်ယောက်အတူ ရင်ဆိုင်မှာပေါ့ကွာ""ဒါပေမယ့် ကိုကိုက အရင်လကမှ အန်တီ့အတွက် ကုန်ထားရတာလေ။ အခု ကျွန်တော်ကပါ ထပ်လုပ်ရင် ကိုကိုပင်ပန်းမှာပေါ့။ ပြီးတော့ အခုက ထောင်နဲ့ ချီတာ။ ကျွန်တော်တို့ နှစ်ယောက်လုံးမှာ မရှိဘူး ကျွန်တော်သိနေတာပဲ။ အဲဒါ ကြောင့် အဲဒီကောင်ကို လိုက်ရှာနေတာ။ သူ့သတင်းရတိုင်း ကျွန်တော် လိုက်သွား တာ။ အဲဒါကြောင့် ... အင့် .. အဲဒါကြောင့် ကိုကို့ကို မပြောထွက်ခဲ့တာ။ အဲဒါကို အီးဟီးကိုကိုက .. ကိုကိုက"ပခုံးပေါ်မှာ ပါးကိုအပ်ရင်းရှိုက်ကြီးတငင်ငိုချနေသူကို ခါးကနေ သိမ်းပွေ့ ပိုက်ရင်း ရင်ဟာ မချိမဆန့်။ ကလေးက ပင်ပန်းနေတာကို လူကြီးဖြစ်တဲ့ကျွန်တော် က မသိဘဲ ဘာတွေလုပ်လိုက်မိတာလဲ။ သနားလိုက်တာ ညီရယ်။"ကလေးရယ် ... ကိုယ့်ကိုပြောမှပေါ့။ ပြောမှပေါ့ကွာ""တောင်းပန်ပါတယ်ကျွန်တော်မပြောနိုင်ခဲ့တာ။ကျွန်တော့်အမှားကြောင့် ကိုကို စိတ်ထိခိုက်ရတာပါ"ကျွန်တော့်ကို ပြန်ပူပန်ပေးနေသူကြောင့် စိတ်အစဉ်ဟာ ပိုပူလောင်ပြင်း ပြရပါတယ်။ ညီဟာ ကျွန်တော့်အတွက် အမြဲရှိနေပေးခဲ့တာကို မသိဘဲ သံသယ ဝင်နေမိတာ။ ကြည့်စမ်းဘယ်လောက်တောင် ညံ့ဖျင်းတဲ့ကောင်လဲ။"ဘာလို့များမချစ်ဘူးလို့ထင်ရတာလဲကိုကိုရယ်။ ဟင်ကျွန်တော့်လောက် ကိုကို့ကို ချစ်နိုင်တဲ့သူ ရှာကြည့်ပါဦး အင့် .. ကျွန်တော့်မှာ ချစ်လွန်းလို့ ရူးသွားတော့မလောက်ပဲဗျ ... အင့် သိရဲ့လား ကိုကိုသိလား ..."စကားကို ဆုံးအောင်ပြောခွင့်မပေးဘဲ နှုတ်ခမ်းပါးလေးတွေကို နမ်းရင်း ရပ်လိုက်တော့ မျက်လုံးတွေမှိတ်ရင်း ခံယူရှာတယ်။ မျက်တောင်ကော့တွေမှာ ကပ် ညိနေတဲ့ မျက်ရည်စတွေနဲ့တောင် ညီဟာ သိပ်ကိုလှရက်တာပဲ။ ခွဲခွာခဲ့ရသမျှ အတိုးချလို့ အနမ်းတွေဟာ မစဲနိုင်တော့ပါ။ ကျွန်တော်ရပ်လိုက်ရင်တောင် ညီက မလွှတ်ပေး။ ပိုတိုးလို့ နမ်းစေတော့တာ။ ယမကာရနံ့ဟာ ကျွန်တော့်ကို မူးဝေလာ စေပေမယ့် ကျွန်တော်ကိုယ်တိုင်ကိုက မရပ်ချင်တော့တာလေ။"မပစ်ထားပါနဲ့ကိုကိုရယ်။ ကျွန်တော်ရူးသွားတာ ကိုကိုမြင်ချင်လို့လား ဟင်။ ကြိုက်သလောက်စိတ်ဆိုးပါ၊ အခုလိုပစ်တော့မထားပါနဲ့။ ကိုကိုမရှိဘဲ မနေ နိုင်ဘူးလေ။ ကိုကိုသိသားနဲ့ဗျာ"တတွတ်တွတ်ပြောရင်း သူ့နဖူးပြင်နဲ့ ကျွန်တော့်လက်မောင်းကို တိုက်နေ ရှာတဲ့ကလေးငယ်။ မျက်လုံးကလည်း မပွင့်တော့ဘူးဆိုတော့ အသာပွေ့ကာ အိပ် ရာထဲထည့်ပေးပြီးပွေ့သိပ်ရတယ်။ ရင်ခွင်ထဲကိုခွေးပေါက်စလို တိုးဝင်ကာနေသား တကျဖက်တွယ်လို့ အိပ်ပျော်သွားရှာတယ်။ နဖူးကိုအနမ်းဖွဖွပေးရင်း အသာအယာ ချော့မြူသိပ်မိပါရဲ့။"ကိုယ့်ကြောင့် ငိုခဲ့ရတာတွေအတွက် ပိုတိုးချစ်ပေးပါ့မယ် ကလေးရယ်"---------- *** —-------- *** —--------မနက်လင်းတော့ အူကြောင်ကြောင်လေးနဲ့ နိုးလာပြီး ကျွန်တော့်ကို မျက် နှာငယ်နဲ့ လိုက်ကြည့်နေတယ်။"နိုးပြီလား အမူးသမားလေး"သိပ်ပြီး မှတ်မိပုံမရပေမယ့် ကျွန်တော် သူ့ပါးနှစ်ဖက်ကို ဖျစ်ညှစ်လိုက် တော့ ပျော်သွားတဲ့ပုံက မျက်လုံးလေးတွေတောင် တောက်လို့။ ချစ်ဖို့ကောင်း လိုက်တာ။ ဒီကလေးကို သူဘယ်လောက်တောင် လွမ်းနေခဲ့ရလဲလေ။"ရေချိုးလိုက် ပြီးရင် မနက်စာစားမယ် ထွက်လာခဲ့နော်""ဟုတ် ကိုကို"ထမင်းစားခန်း ရောက်တော့ ညီက ခပ်ရို့ရို့။ မေမေက မျက်စောင်း တထိုးထိုး။ ကျွန်တော်နဲ့ ပန်းလေးက ရယ်ချင်ပက်ကျိနဲ့။"လာပြီလား အမွှေစိန်""ဟုတ် အန်တီ မောနင်း""ဘာ မောနင်းလဲ နင့်ကို ငါလုပ်လိုက်ရ"မေမေက လက်နဲ့ရွယ်တော့ တကယ်မလုပ်မှန်းသိပါရဲ့နဲ့ ကာပေးမိတယ်။"သားကြီးနော် မင်းပဲ အထိမခံ။ အဲဒီကောင်လေး ဆိုးနေတာ မင်းအလို လိုက်လို့"ကျွန်တော်ခပ်သာသာ ရယ်လိုက်ရင်း ညီ့ဘက်ကို ခွက်တိုးပေးမိတယ်။"လီမွန်တီးလေးသောက်လိုက် ခေါင်းကြည်အောင်""ဟုတ်""မမှတ်မိတော့ဘူးမလား ဘာတွေ လုပ်ခဲ့မှန်း""ဟင့်အင်း""အေးတာပဲ"သူ့ဘာသူ ခေါင်းကုတ်ကာ ရှက်ရယ်ရယ်နေတော့တာများ ပါးချိုင့်လေး တွေတောင် ထင်းလို့။"ကိုကိုလည်းနော် ဟုတ်မလိုနဲ့ အခုကျ နေနေ့ကို ထပြီးပဲပင်ပေါက် ဟင်း ရည်တောင် လုပ်ပေးသေးတယ် အံ့ဩပတကယ်"​ပန်းလေးက ခနဲ့တော့ ဒီတစ်ခါရှက်ရယ်ရယ်ရသူက ကျွန်တော်ပါပင်။"ဟင်းရည်လေးပါ သောက်လိုက်။ ခံတွင်းရှင်းအောင်လို့"​"သားကြီးလည်း စိတ်ပြေလိုက်ပါတော့။ သူလည်း လိမ္မာနေပြီပဲ ဟုတ်ပြီ လား"​"မေ့ သားမက်က ကျွန်တော့်ကို ဘာတွေလုပ်လဲ မေမသိပါဘူးဗျာ"​မေမေတို့ကတော့ ရယ်ကျန်ခဲ့လေရဲ့။ အခန်းထဲလိုက်လာပြီး ကျွန်တော့် အနောက်မှ အသာကပ်ရပ်ကာ"ကိုကို အိမ်ပြန်ကြမယ်နော်" လို့ မရဲတရဲလာပြောပုံကိုကြည့်ပြီးအသည်း တယားယား။ ကျွန်တော့်အင်္ကျီစကို အသာလေး လာဆွဲတော့ သူ့ကို တစ်ချိန်က ထားခဲ့ရပုံကို မြင်ယောင်လာကာ ရင်ထဲအောင့်ခနဲ။ ဒါနဲ့ပဲရင်ခွင်ထဲ ပွေ့ထည့်ထား မိတော့ ငြိမ်ခံရှာတယ်။"လွမ်းလိုက်တာ ကိုကိုရယ်""လာ ဒီမှာထိုင်ဦး။ ကိုယ်ပြောမယ်"ကုတင်ပေါ်ထိုင်ခိုင်းပြီး သူ့လက်နှစ်ဖက်ကို ဆွဲကိုင်ကာ ကျွန်တော်က အောက်မှာဒူးထောက်ထိုင်လိုက်တယ်။"နောက်ဆို ကိုယ့်ကို အကုန်ပြောပါ့မယ်လို့ ကတိပေးမလား""ဟုတ်ကဲ့ပါ ကိုကို""ကိုယ်တို့ အတူရင်ဆိုင်ကြမယ်လေ။ နှစ်ယောက်ဆိုတော့ ပိုအားရှိတာ ပေါ့ ညီရယ်နော်။ ဒီလို အထင်လွဲစရာတွေ ဖြစ်တော့ ကိုယ်တို့ပိုပင်ပန်းတယ်လေ မဟုတ်ဘူးလား""ဟုတ် ကိုကို ကျွန်တော်မလုပ်တော့ပါဘူး""အင်း ဟုတ်ပြီ။ ဒါဆို အခုကိစ္စကိုလည်း ကိုယ်ပါအတူ စုံစမ်းပေးမယ်။ မရတဲ့အဆုံး ဖြေရှင်းကြတာပေါ့။ ညီ့မိဘတွေဆီက မယူဘူးနော်။ ကိုယ်လည်း မယူချင်ဘူး""ဟုတ်တယ်ကိုကို ကျွန်တော်လည်း မယူချင်လို့ ရှာနေတာ""ဟုတ်တယ် မယူဘူး။ တကယ်လို့လျော်ရမယ်ဆိုရင် ကိုယ်တို့ ဘဏ် ထဲမှာ နည်းနည်းကျန်သေးတာနဲ့ အိမ်ငှားနေလိုက်မယ်လေ။ ကိုယ်တို့ခုနေတဲ့ အခန်းကို ရောင်းလိုက်မယ်။ ကလောက အိမ်ပါ ရောင်းမယ်။ ကိုယ်တို့ ကားနှစ်စီး တောင်ရှိတာ။ ကိုယ့်တစ်စီးရောင်းလိုက်မယ်။ အကုန်ပေါင်းရင်တော့ ပမာဏတစ်ခု ရမှာပါ။ ကျန်တာကို ဆက်ဖြေရှင်းကြမယ်လေ ကလေးရယ်နော်""ကျွန်တော့်ကားပဲ ရောင်းလိုက်ပါ ကိုကို့ဟာ မရောင်းနဲ့""ညီက ဒီလိုဖြစ်သွားလို့ ကားတောင်စီးစရာမရှိဘူးလို့ အပြောမခံချင်ဘူး လေ။ ပြီးတော့ ပြောတာဘာညာထက် ညီက ကားနဲ့မှအဆင်ပြေမယ့်ဟာကို နော် လိမ္မာတယ်""ကိုကိုရာ ကျွန်တော့်ကြောင့်""ညီ့အပြစ်မှ မဟုတ်တာ။ ညီလွန်တာဆိုလို့ ကိုယ့်ကိုပစ်ထားတာပဲ"ပါးပြင်နှစ်ဖက်ကို လက်ဖဝါးနဲ့အုပ်ကိုင်ပြီး ပြောတော့ မျက်နှာမဲ့မဲ့လေး ဟာ ချစ်စဖွယ်။ သူ့ကိုယ်သူ ဘယ်လိုလူကြီးလို့ပြောပြော ကျွန်တော့်မှာ ကလေးငယ်တစ်ယောက်လို အချစ်ပိုရမြဲ။" ထသွားမယ် အိမ်ပြန်မယ်""ဟိုလေ ကိုကို""အင်း ဘာတုန်း""ကျွန်တော်အရင်ပြန်ပြီးမှ ကိုကို့ကို လာခေါ်လို့ရမလား"ခေါင်းကုတ်ရင်း ရယ်ကျဲကျဲလုပ်နေပုံက အိမ်မှာ ဘယ်လောက်မွှေထားပြီ မသိ။"အိမ်မှာ ကြွက်သိုက်ဖြစ်နေပြီမဟုတ်လား ဟင် ကြွက်ပေါက်စ"နှာတံကို လက်ညှိုးနဲ့အသာထိရင်း မေးတော့ ပြုံးစိစိနဲ့။" လာ ပြန်ကြမယ် ကိုယ်တို့အိမ်ကို"သူ့လက်ဖဝါးကို ဆွဲလိုက်တော့ အိစက်သလောက် ခိုင်မာတဲ့ မြဲမြံမှုကို ခံစားလိုက်ရတယ်။"ညီရယ် ကိုယ်တို့ အတူပဲရင်ဆိုင်ကြရအောင်ပါ။ ဒါဆိုကိုယ်တို့ ဘာမဆို ဖြတ်ကျော် နိုင်ပါတယ်။ တစ်ယောက်ချင်း ပဲ့ထွက်မသွားပါနဲ့။ ကိုယ်တောင်းဆိုပါ တယ် ကလေးရယ်"ကျွန်တော့် လက်ဖမိုးပေါ် ကျလာတဲ့ အနမ်းဟာ တစ်သက်တာလုံး ဘယ် တော့မှ ရုန်းမထွက်ချင်တဲ့ လောင်းရိပ်ကလေးတစ်ခုပဲ ဖြစ်ပါတယ်။---------- *** —-------- *** —--------အတူရှိကြဖို့ဆိုတာဘယ်တော့မှ ရိုးအီမသွားမယ့် အိပ်မက်ပါဒီလက်ဖဝါးတွေမှာ ရိုက်နှိပ်ထားရမယ့်ချစ်ခြင်းမေတ္တာ တံဆိပ်ဟာ တစ်သက်စာ ... ။ဘုန်းလင်္ကာဟိုးအရင်ကပြောခဲ့သလိုပဲ extra အပိုင်းလေးတွေကို ကျနော် စိတ်ကူးပေါက်တိုင်း ရေးဖြစ်နေဦးမှာပါ။ အခုထိ ချစ်ခင်နေပေးတဲ့ တစ်ဦးတစ်ယောက်တိုင်းကို ကျေးဇူးတင်ပါတယ်။ ကျနော်အခု အသစ်ရေးနေတာလေးကိုလည်း စိတ်ကူးပေါက်ရင် ဝင်ဖတ်ပေးပါဦး။ အဆင်ပြေမှဖတ်ပါ အများကြီးတော့ ဘာမှမတောင်းဆိုချင်ပါဘူး။ ကိုယ့်လူတို့ကို ချစ်ပါတယ်။ အိအိ

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now