ဇာတ်လမ်း - ၂၅

82.6K 7.4K 943
                                    

Zawgyi

ညီ့ထံမှပြန်လာပြီး​နောက် ကျွန်တော်အများကြီးစဉ်းစားဖြစ်သည်။

တကယ်တော့ ညီပြောသမျှအမှန်ချည်းသာ

ကျွန်တော်က လူကြီးလူကောင်းမဆန်စွာ
ဝင်လာခိုင်းလိုက်၊ နှင်ထုတ်လိုက်လုပ်နေသူတစ်ဦး။

ကျွန်တော်ပေးသမျှဂရုစိုက်ကြင်နာမှုတွေက
မျှော်လင့်ချက်အဖြစ်ညီ့အားပြင်းပြင်းထန်ထန်ရိုက်
ခတ်စေလိမ့်ဟုများများစားစားမတွေးဖြစ်ခဲ့သည်ကပင်
ကျွန်တော့်အမှား။

နုနယ်သောနှလုံးသားနှင့်ကောင်ငယ်လေးသည်
ကျွန်တော့အားတွန်းထုတ်ဖို့ မည်သို့သောအင်အားဖြင့်
တောင့်ခံခဲ့ခြင်းဖြစ်မည်နည်း။

ဖုန်းတွင် ကျွန်တော့်ပုံတောင်မဖျက်ရသေးပါဘဲနဲ့
ကျွန်တော့အား ခင်ဗျားလို့တစ်ခွန်းခေါ်ဖို့
သူဘယ်လောက်အားထုတ်ခဲ့ရမလဲ။

ကျွန်တော်ပြာပြာသလဲဖြစ်နေတိုင်း အချိန်တန်ပြန်
ပျောက်ကွယ်သွားမည့် ကျွန်တော့အား
မငေးကြည့်ဖြစ်အောင် သူဘယ်လိုစွမ်းဆောင်နိုင်ခဲ့သလဲ။

အရာရာသည် ကျွန်တော့အမှားများသာဖြစ်သည်မို့
ညီ့အားမျက်နှာခြင်းဆိုင်ရန်လဲမ၀ံ့ပါ။

ထို့ကြောင့် ညီပြောသလိုကျွန်တော်ထွက်သွားဖို့ပဲ
ရှိသည်။

အမှန်ကတော့ အနည်းဆုံးသုံးနှစ်လောက်ကြာမယ့်
နှစ်ရှည်စီမံကိန်းအတွက် အားလုံးစီစဉ်ပြီးဖြစ်​ပေမယ့်
ကျွန်တော်ပြုခဲ့သောအမှားများနှင့်အက်ကွဲကြေမွနေ
သောနှလုံးသားငယ်အားငဲ့ကွက်လျက်ပြန်ရန်
စီစဉ်ဖြစ်သည်။

အလုပ်​နှင့်​ကိုယ်​​ရေးကိုယ်​တာကို ပထမဆုံးအကြိမ်
ရော​ထွေးမိခြင်း။

တခြားသူတစ်ယောက်အစားထိုးရန်ကိုကားကျောင်း
ပြန်ရောက်မှပင်စီစဉ်ရမည်မို့အခြားသူများအား
မဖွင့်ဟဖြစ်​။

မိသားစုနှင့်နီးနီးကပ်ကပ်နေချင်သည်မှာမှန်သော်လည်း
လက်ထပ်ပြီးမှ အခြေချရင်လည်းနာက်မကျသေးဟု
ယူဆသည်မို့ ကိုယ့်ဆုံးဖြတ်ချက်မှန်သည်ဟုသာ
တွက်မိသည်။

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now