ဇာတ်လမ်း - ၄၅

67.3K 6.6K 490
                                    

Zawgyi

ညီ့ကျောပြင်ကိုငေးကြည့်ကာကျွန်တော့ရင်တခုလုံး
ပျက်သုဉ်းလုနီးနီး။မေးနေသောမေးခွန်းများကို
သော်လည်းကောင်းJohn ရဲရင့်နှင့်ကိုထက်တို့
ဆရာများနှင့်အချေအတင်စကားပြောနေကြသည်ကို
သော်လည်းကောင်း နားထဲမှာကြားနေပေမယ့်သဲသဲကွဲကွဲကိုမရှိ။လစ်ဟာခြင်းနှင့်အတူ စိတ်နှလုံးသားတစ်ခုလုံးကဟာလာဟင်းလင်း ဗလာကျင်းလျက်။

ဖြစ်နိုင်လျင်ကျွန်တော်ထချင်ပြီ။ ညီ့နောက်ကိုပြေးလိုက်
ချင်လှပြီ။ အနည်းနှင့်အများထိခိုက်သွားတော့မည့် ညီ့
ရင်တွင်းတစ်နေရာကိုကျွန်တော်ပွေ့ဖက်နှစ်သိမ့်ပေး
ချင်လှသည်။

ညီ့ကြောင့်ပါဟု ဆင်ခြေမပေးဖြစ်သည့်တိုင် စိတ်ကျေနပ်သွားအောင် ညီ့ဘက်ကတစုံတခုတုန့်ပြန်လာမှာကို လိုချင်ပါသည်။ နဂိုကတည်းကမှ ကျွန်တော်နှင့်
ပတ်သတ်လျင်နာကျင်လွယ်သည့်ညီ့သိမ်ငယ်မှုတွေကို ကျွန်တော်အတပ်သိသည်။ ညီဘယ်လောက်များ ထိခိုက်အက်ရှနေပါတော့မလဲ။ သူရဲဘောကြောင့်သည့်
လူကြီးတစ်ယောက်ကြောင့် ပွန်းပဲထိခိုက်သွားမည့်
ကလေးတစ်ယောက်၏ ရင်တွင်းခံစားမှုအစုစုကို
ပြတ်ပြတ်ထင်ထင်လှမ်းမြင်နေရသည်မှာဆိုးရွားလေစွ။

မသိတော့ ...။ ညီ့ထက်ပိုပြီးဘယ်အရာကအရေးကြီး
နိုင်မည်နည်း...။ အက်ရာဗရပွနှင့်ညီ့နှလုံးသားငယ်
ထက်မည်သည့်ခံစားမှုက ပိုပြီးအရေးအရာရောက်လိမ့်
မည်နည်း။

ကျွန်တော်ထရပ်မိတော့ အကြည့်အားလုံးကကျွန်တော့ထံရစ်ဝဲလျက်။

" အားလုံးလည်းပြီးပြီဆိုတော့ ကျွန်တော်သွားလို့ရပြီထင်တယ်။ နောက်ပိုင်းကိစ္စတွေနောက်မှထပ်ရှင်းကြတာပေါ့။ကျွန်တော်တော်တော်လေးစိတ်ရှုပ်သွားလို့ပါ"

" ဟုတ်တာပေါ့ အစ်ကိုပြန်နှင့်လေကျန်တာ
ကျွန်တော်တို့ဆက်လုပ်ထားပါ့မယ် နောက်မှ
တွေ့မယ်အစ်ကို"

အခန်းတွင်းရှိလူအားလုံးကိုခေါင်းတစ်ချက်ငြိမ့်ပြပြီး
ထွက်လာခဲ့သည်။ ကျောင်းဝန်းအပြင်သို့မပြေးရုံတ
မယ်ခပ်သွက်သွက်လှမ်းခဲ့သည်။ Taxi ငှားဖို့
လက်ပြင်စဉ်မှာပင် ခပ်လှမ်းလှမ်းမှရပ်ထားဟန်ရှိသောကားတစ်စီးကကျွန်တော့ရှေ့သို့လာရပ်သည်။

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now