ဇာတ်လမ်း - ၂

87.1K 7.7K 312
                                    

Zawgyi
" ကျောင်းကိစ္စတွေလည်းအကုန်အဆင်ပြေပြီ

Volunteer permit လည်း ကျလာပြီဆိုတော့
နောက်တစ်ပါတ်လောက်ကစရမယ်ထင်တယ်ဟုတ်လား သော်"

" ဟုတ်ကဲ့မောင်

မောင်ကူညီတော့ထင်တာထက်ပိုအဆင်ပြေပါတယ်
နောက်ဆိုရင်တော့ ကိုယ့်ဘာသာကိုယ်လုပ်မှပါ

မောင့်ကိုပဲအားကိုးနေမိရင် သော်အပျင်းတစ်နေလိမ့်မယ်"

မျက်မှန်ကိုပင့်တင်ကာ ခပ်ပြုံးပြုံးပြောလာသူ သော်က ....

" ကိုယ့်အားကိုယ်ကိုးတာအရမ်းကိုကောင်းတယ်ဆိုပေမယ့်
နှစ်ခုလုံးတစ်ပြိုင်နက်လုပ်ဖို့ကအဆင်မပြေမှာစိုးလို့မောင်က ကူညီပေးတာပါ ..... မောင့်တုန်းကသိပ်ခက်ခဲခဲ့တာလေ
ဘာသာစကားကလည်း သော်တို့လိုမရဘူး အိုးနင်းခွက်နင်းနဲ့ပဲ

ငါရအောင်လုပ်မယ်ဆိုပြီးလုပ်ရတာ .. ကျောင်းတက်နေရင်းနဲ့ English ကို
အတော်ပြန်လိုက်ခဲ့ရသေးတာ သော်တို့ဆိုသိပ်ကံကောင်းတယ်ပြောရမယ်"

" သော်တို့ကလည်း Private မို့ပါ မောင်ရယ်
သော်ကြားသလောက်တော့အစိုးရကျောင်းတွေမှာ
ဒီလောက်အခွင့်အရေးမရဘူးထင်တယ်"

" ဟုတ်မယ် ..
ဒါကြောင့်လည်း မောင်ပြန်ချင်တာပေါ့ကိုယ့်နိုင်ငံမှာတော်တဲ့လူငယ်တွေ
ရွက်ပုန်းသီးတွေအများကြီးရှိရဲ့နဲ့မျက်နှာလွှဲထားသလိုဖြစ်နေတာ
စိတ်မသက်သာပါဘူး"

" ကောင်းတာပေါ့ သော်လည်းပြန်လာမှာပါ
ဒီကအတွေ့အကြုံတွေနဲ့ နည်းလမ်းကောင်းတွေကို
သော်တို့နိုင်ငံမှာပြန်အသုံးချမယ်လေ"

" ဟုတ်ပါပြီဗျာ...အခုတော့တစ်နေ့လုံးသွားထားရတာ

ဗိုက်ဆာရောပေါ့စားလိုက်ပါဦး၊ စားရင်းနဲ့ပြောကြတာပေါ့"

" ဟုတ်သားပဲ အခုမှဗိုက်ဆာလာသလိုလို"

စားချင်စဖွယ်ပြင်ဆင်ထားတဲ့စပါကတီပန်းကန်ကို
အလိုက်တသိရှေ့တိုးပေးမိတော့ ပန်းကန်ကိုကြည့်ရင်း

ငိုင်နေတဲ့သော်က

" ဘာဖြစ်လို့လဲ သော် စပါကတီမကြိုက်ဘူးလား

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now