ဇာတ်လမ်း - ၁၈

66.5K 6.8K 541
                                    

ညီကပြောတဲ့အတိုင်းကတိတည်ခဲ့ပါသည်။

နှစ်ယောက်တည်းရှိနေချိန်ကိုကိုလို့ခေါ်တာကလွဲရင်
ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်စေမည့်မည်သည့်
ကိစ္စရပ်မျိုးကိုမှမဖန်တီးခဲ့။

နဂိုကဘာမှမဖြစ်ခဲ့တဲ့ဆက်ဆံရေးကဲ့သို့ပင်
ပုံမှန်အတိုင်းနေမြဲမို့ ကျွန်တော်စိတ်သက်သာရာရ
သည်မှန်သော်လည်း

ညီ့ဦးခေါင်းအား ခပ်ဖွဖွပုတ်ရန်ကျွန်တော်မရဲတော့။

ထမင်းအတူစားချိန်မှာလည်း ညီကြိုက်တတ်တဲ့
ဟင်းများကိုတကူးတကထည့်ပေးရန် မ၀ံ့တော့။

အရင်ချိန်များကဲ့သို့ ညီ့လက်အားဆွဲသွားတာမျိုး
ကျောင်းဆင်းချိန်ဆုံမိတဲ့အခါညီ့ပခုံးအား ဖက်သွားတာမျိုး

ကျွန်တော့ဘက်က ဘာဆိုဘာမှမပြုမူရဲတော့။

ညီကလဲ သတိထားမိဟန်တူသော်လည်း
ဘာစကားတစ်ခွန်းမှတော့မဆို

ခက်သည် ............ တကယ့်ကိုခက်သည်။

စိတ်ကစားပါတယ်ဟုပြောတော့လည်းလက်မခံ။

စဉ်းစားပါဦးဆိုတော့လည်း​သေချာပါသည်ဟုဆိုထားသူအားကျွန်တော်ဘာများထပ်မံပြောလို့ရမည်နည်း

ရက်တွေတရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ
ညီ့မျက်ဝန်းများက ကျွန်တော့ကိုအဆုံးအစမဲ့
တွယ်ငြိကြောင်းသိလာလေကျွန်တော်ပို၍
စိတ်ရှုပ်ရလေပင်ဖြစ်သည်။

ယောကျာ်းတစ်ယောက်ကကျွန်တော့ကို
သဘောကျနှစ်သက်၍စိတ်ရှုပ်ထွေးခြင်းမျိုးမဟုတ်ပါ။

ညီသည် ချစ်စဖွယ်ကောင်းသောလူငယ်လေး
တစ်ယောက်​။ အခုမှပွင့်လန်းကာစ ပန်းသို့နှယ်
ညီ့ဘ၀အနာဂတ်များက ရှိသေးသည်။

ကျွန်တော့ကိုကပ်ငြိနေရင်းက တကယ့်ဘ၀ကို
လျစ်လျူရှုထားမိမှာကိုစိုးသည်။

ကျွန်တော့ကိုပိုပြီးချစ်လေ၊ သူ့ဘ၀ရှေ့ရေးကို
ကျွန်တော်ရင်​မော​လေပင်ဖြစ်သည်။

အချစ်မခံရသောခလေးမို့ ကျွန်တော်အား တွယ်မိ
တွယ်ရာမြက်တစ်ပင်ကဲ့သို့ဆွဲထားချင်သော
လက်တို့အား အတင်းအကြပ်ဆွဲဖြုတ်ပစ်ရန်လည်း
ကျွန်တော့နှလုံးသားက မမာကျောနိုင်။

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now