<Unicode>
ဆက်ဧကရီနိုးလာတော့ စတိုခန်းတစ်ခုမှာ လဲလျောင်းနေတာ သတိထားမိလိုက်သည်။တစ်ကိုယ်လုံးကလည်း နာကျင်နေပြီး လှုပ်ရှားလို့မရဘူးဖြစ်နေသည်။
'ခန္ဓာကိုယ်အဆင့်မြှင့်တင်ပေးမယ်နော် 1..2...3.. complete '
မှုံမှုံအသံဆုံးတာနဲ့ ဆက်ဧကရီရဲ့ ခန္ဓာကိုယ်က အရင်ကထပ်ပိုနေထိုင်လို့ကောင်းသွားသလို အသားအရေကလည်း သွေးတွေပြန်လွှမ်းလာသည်။
ရုပ်ရည်ကလည်းအရင်ကထပ်ပိုလှလာသည်။
'host ဇာတ်ကြောင်းပို့ပေးမယ်နော် '
'အင်း'
မကြာခင်မှာပင် ဆက်ဧကရီမှတ်ဉာဏ်ထဲ ဇာတ်ကြောင်းဝင်လာခဲ့သည်။ဒီဇာတ်ကြောင်းက ခြံခုန်နွားနဲ့ လင်ဒါရူးတို့ဇာတ်လိုက်ဖြစ်သည်။
ခြံခုန်နွားက ဇာတ်လိုက် သန့်စင်သွေး ဖြစ်ပြီး လင်ဒါရူးက ဇာတ်လိုက်မ မြယမှုံ ဖြစ်သည်။
သူဝင်မဲ့ကိုယ်ကတော့ မြဧကရီဖြစ်သည်။
ဇာတ်လိုက်မရဲ့ ညီမဖြစ်ပြီး သန့်စင်သွေးတို့အိမ်မှာ အိမ်ဖော်လာလုပ်နေသူဖြစ်သည်။သန့်စင်သွေးက မြယမှုံနဲ့စေ့စပ်ထားသူဖြစ်ပြီး မြဧကရီနဲ့က လက်ရှိချစ်သူဖြစ်သည်။
မြဧကရီက ဘာလို့သန့်စင်သွေးတို့အိမ်မှာ အိမ်ဖော်လုပ်နေလဲဆိုတော့ သန့်စင်သွေးက သူ့ကိုချစ်ရင် အိမ်မှာ အမေတို့နဲ့အဆင်ပြေအောင် အိမ်ဖော်လာလုပ်ဆိုပြီး ပြောခဲ့သည်။
သန့်စင်သွေးကိုအရမ်းချစ်တဲ့ မြဧကရီကလည်း စကားနားထောင်ကာ အိမ်ဖော်လာလုပ်ခဲ့သည်။
သန့်စင်သွေးအမေနဲ့ သူ့အမတွေက မြဧကရီကိုသဘောမကျကျပေ...သူတို့က မြယမှုံကိုသာ သဘောကျကျသည်။
သန့်စင်သွေးကလည်း မြယမှုံကိုတွေ့ပြီးကတည်းက ၂ နှစ်လောက်တွဲခဲ့တဲ့ မြဧကရီကိုစိတ်ကုန်သွားပြီး ခြံခုန်ချင်တော့သည်။
ထို့ကြောင့် မိဘတွေကိုပြောပြီး မြယမှုံနဲ့စေ့စပ်ခဲ့သည်။မြယမှုံကတော့ သန့်စင်သွေးကို အရင်ကတည်းကမြင်ဖူးသူဖြစ်ပြီး စိတ်ဝင်စားနေသူဖြစ်သည်။
သူ့ညီမ မြဧကရီနဲ့ချစ်နေကြတာကို သိတော့ပိုပြီး သန့်စင်သွေးကို ပိုလိုချင်လာသည်။ထို့ကြောင့် စေ့စပ်ပွဲလာလုပ်ချိန် တန်းလက်ခံလိုက်သည်။
