5.6

1K 42 6
                                        

<Unicode>
ကလေးကို အရင်ရေမိုးချိုး‌ပေးလိုက်ပြီး အဝတ်တွေလျှော်ကာ ဆက်ချိုးလိုက်သည်။ညနေစာအတွက် ဟင်းအတူတူချက်ကာ ညစာစားလိုက်ကြသည်။

စားသောက်ပြီး နေ့လည်သင်ခဲ့တဲ့စာတွေကို ပြန်ဆိုခိုင်းပြီး သိပ်မဆိုတတ်တဲ့နေရာတွေကို သေချာပြန်သင်ပေးကာ အတူတူအိပ်စက်လိုက်ကြသည်။

......

လျှံဝသန် ရေမိုးချိုးပြီး ညနေစာကိုစားလိုက်သည်။အစာကြေအောင် ခြံထဲမှာ လမ်းလျှောက်နေချိန် အိမ်ထဲက အော်ဟစ်သံ၊ ပစ္စည်းကျကွဲသံတွေကြားလိုက်ရသည်။

အိမ်ထဲအမြန်ဝင်ကြည့်လိုက်တော့ ယိုင်တိုင်တိုင်နဲ့အော်ဟစ်နေတဲ့ ဆုမွန်ဟန်ကိုတွေ့လိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ"

"အိုး ယောက်ျားဘဲ ယောက်ျားက ကျမကိုအခန်းထဲလည်းခေါ်မသွားဘဲ ဒီမှာဘဲထားခဲ့တယ်ပေါ့"

"ကျစ် မူးနေရင် အေးဆေးနေ မရစ်စမ်းနဲ့"

"ရစ်တယ် ကျမကလား ရှင်ပွေ့ပြီး အခန်းထဲမပို့လို့ ကျမဇာတ်ကြောတောင့်တင်းပြီးနာသွားပြီ အဲ့ဒါရှင်သိလား"

"မနာချင်ရင် အစကတည်းက အခန်းထဲသံားအိပ်နေလေ"

"အဟင်း ရှင်က ကျမယောက်ျားဘဲလေ ပွေ့ပြီးသိပ်ပေါ့"

"မင်းကိုငါ ဘာလို့လက်ထပ်ထားလဲ သိ‌ကောသိသေးရဲ့လား"

"သိတယ်လေ ဂြိုလ်‌ဆိုးကောင်ကို စောင့်ရှောက်ဖို့"

"ဘယ်လိုခေါ်လိုက်တယ်"

"ဂြိုလ်ဆိုး‌ကောင်လို့ခေါ်လိုက်တာလေ "

"မင်းမူးနေပြီ အမူးပြေမှဆက်ပြောမယ်"

အနားမှာရှိတဲ့ အစေခံတစ်ယောက်ကိုကြည့်လိုက်ပြီး

"ခေါ်သွားလိုက်"

"ဟုတ်ကဲ့ပါ သူဌေး"

သူရေသောက်နေချိန် ဖုန်းထဲ ဓါတ်ပုံတွေအများအပြားဝင်လာသည်။ဒါ‌တွေကိုကြည့်နေချိန်ဖုန်းလာတာကြောင့် ကိုင်လိုက်ချိန်

"သူဌေး ခုနကပို့လိုက်တာ‌‌တွေကဆုမွန်ဟန်အရင်ကရှုပ်ထားတဲ့ဇယားတွေပါ ပြီးတော့ လိုလိုမယ်မယ် သူမရဲ့ဇာတ်ကြောင်းကိုပါ စုံစမ်းထားပါတယ်"

System နဲ့အတူ ရည်းစားရှာကြမယ် (Complete)Where stories live. Discover now