<Unicode>
သုံးယောက်သား မနက်စာစားပြီး သားကို ကျောင်းအရင်ပို့ကာ မိုးဆက်လှိုင်း သူ့ Daddy ကားနဲ့ အလုပ်ဆီလာခဲ့သည်။
အလုပ်ရောက်တော့ တစ်လစာလခထုတ်ပြီးအလုပ်ကနေထွက်ခဲ့သည်။ လျှံဝသန် သူ့ဘေးမှာထိုင်နေတဲ့ baby ကိုကြည့်ပြီး အတိုင်းမသိဝမ်းသာနေသည်။
လက်တစ်ဖက်ကို ကိုင်လိုက်တော့မရုန်းဘဲ ပြန်ဆုပ်ကိုင်လာတာကြောင့် မလွှတ်တမ်းကိုင်ပြီး အိမ်ကိုမောင်းလာခဲ့သည်။
အိမ်ရောက်တော့ အလုပ်သမားအကုန်လုံးကိုခေါ်ပြီး
"သူမက ဒီနေ့ကစပြီး ဒီအိမ်ရဲ့သူဌေးကတော်ဘဲ ညနေကြရင် သားလျှံထက်မာန်လည်းလာနေမှာ အားလုံး သူမကို ငါ့ကိုရိုသေလေးစားသလို ရိုသေလေးစားကြပါ"
"ဟုတ်ကဲ့ပါ သူဌေး"
"အင်း အဝတ်ထုပ်တွေကို ငါ့အခန်းထဲသွားထည့်လိုက်ကြ"
မိုးဆက်လှိုင်း သူ့ Daddy ရဲ့စကားကြားတော့
"ဟင် အခန်းသက်သက်မထားပေးဘူးလား"
"မကြာခင်ဘဲ လင်မယားဖြစ်တော့မှာကို သက်သက်နေစရာလား အော်ခဏ သားလျှံထက်မာန်ကိုတော့ အရင်က သူနေခဲ့တဲ့အခန်းမှာဘဲ ပြင်ပေးလိုက်"
"ဟုတ်ကဲ့"
"Baby ကိုယ်အလုပ်သွားလိုက်အုံးမယ် အိမ်မှာအေးဆေးနေ တစ်ခုခုလိုရင် သူတို့ကိုခိုင်း"
"အင်း "
လျှံဝသန် အလုပ်သို့အလျင်အမြန်ထွက်လာခဲ့သည်။ဒီမနက် ၁၀ နာရီမှာ ရှယ်ယာရှင်အသစ်တစ်ယောက်နဲ့တွေ့ဖို့ရှိတာကြောင့်ပင်...
အလုပ်ရောက်တာနဲ့ ရှယ်ယာရှင်အသစ်ကိုတွေ့ပြီး ပြောစရာရှိတာပြော တိုင်ပင်သင့်တာ တိုင်ပင်ပြီး စာချုပ်ချုပ်လိုက်ကြသည်။
မိုးဆက်လှိုင်း အိမ်ပေါ်တက်ခါနီး
"ဟမ့် သူဌေးကို ဘယ်လိုမြူဆွယ်လိုက်လို့ ကလေးထိန်းကနေ အိမ်ပိုင်ရှင်ဖြစ်လာလဲမသိဘူး"
ဆိုတဲ့ရွဲ့စောင်းသံကိုကြားလိုက်ရသည်။မိုးဆက်လှိုင်း နောက်လှည့်လိုက်ပြီး
"ငါ့ကိုပြောတာ နင်လား"
"ဟုတ်တယ် ဘာဖြစ်လဲ အခုမှရောက်လာပြီးတော့ တကယ့်ပိုင်ရှင်ထင်နေတာလား"
