<Unicode>
ကျောင်းဝန်းထဲဝင်သွားတဲ့ကလေးကိုကြည့်ပြီး မိုးဆက်လှိုင်းပြုံးလိုက်မိသည်။အခုဆို ကလေးက မေမေဆိုပြီးခေါ်သလို ညစာစားချိန်ဆိုလည်း စကားကိုမရပ်မနားပြောတတ်လာသည်။
ကလေးကိုကြည့်နေရင်းမှ
'မှုံမှုံ ငါ့ Daddy ကဘယ်မှာလဲဟင်'
' host Daddy က သေသွားပြီမဟုတ်ဘူးလား မိုးကောင်းကင်မှာနေမှာပေါ့'
'ဟမ်'
'host က host အဖေကိုမေးနေတာဟုတ်ဘူးလား'
'ငါ့လင်ကိုမေးတာဟဲ့'
'အော် သိဝူးလေ'
မိုးဆက်လှိုင်းထိုနေရာက ထွက်ပြီး အလုပ်သို့ဦးတည်လာခဲ့သည်။သို့သော် ဆိုင်ထဲရောက်ဖို့လမ်းဖြတ်ကူးချိန် ရိုမန့်တစ်ဆန်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာခဲ့သည်။
လမ်းဖြတ်အကူးမှာ ကားတစ်စီးဟာ သူ့ကိုဝင်တိုက်တော့သည်။ဒါပေမဲ့ ကားသမားက ချက်ချင်းဘရိတ်အုပ်လိုက်နိုင်တာမို့ ခြေထောက်တစ်ဖက်ကိုဘဲ နည်းနည်းဆောင့်လိုက်မိသည်။
မိုးဆက်လှိုင်း ခြေထောက်နားတာရော လန့်တာရောပေါင်းပြီး လဲကျသွားတော့သည်။
"ဟိတ် ဟိုကောင်မလေး ဘာဖြစ်သွားသေးလဲ"
အသံကိုကြားတော့ မိုးဆက်လှိုင်း နှုတ်ခမ်းကိုက်လိုက်မိသည်။
'အသံနားထောင်ရဝာာ ငယ်သေးပုံဘဲ ငါတော့အဆင်နဲ့ဇာတ်လမ်းဖြစ်တော့မယ်ထင်ပါရဲ့ အိုက်စ် ဇာတ်လမ်းတွေထဲမှာဆို မင်းသမီးကို မင်းသားက ကားနဲ့တိုက်မိ တောင်းပန် ဆေးရုံပို့ ရင်းနှီး ညား အမလေး တွေးရင်း ရင်ခုန်လာပြီ'
မိုးဆက်လှိုင်းတွေးနေတာကြာသွားလို့ထင်ပါရဲ့ ထိုတစ်ယောက်က ထပ်ခေါ်လာပြန်သည်။
"ဒီက ညီမလေးဘာဖြစ်သွားသေးလဲ အကိုဆေးရုံပို့ပေးဖို့လိုသေးလား"
"ဟို ရပါတယ်ရှင့်~~"
ရှက်ပြုံးပြုံးပြီး လှည့်ကြည့်လိုက်တော့
"အမလေး!!!"
"ဘာဖြစ်လို့လဲ ညီမလေး"
"အီး ဘာမဖြစ်ဘူး"
ВЫ ЧИТАЕТЕ
System နဲ့အတူ ရည်းစားရှာကြမယ် (Complete)
Любовные романыNormal system ပါ ကြိုက်ရင်ဖတ်နော်😁
