<Unicode>
ဆူမီရှန်လည်း ဝင်ရောလိုက်ပြီးနားထောင်လိုက်သည်။ကြားလိုက်ရတဲ့သတင်းက ဆေးရုံကို သူဌေးတစ်ယောက်ကဝယ်လိုက်ပြီတဲ့လေ...
ပြီးတော့ အဲ့သူဌေးက အခုမှ အသက် 28 ဘဲရှိသေးတယ်တဲ့အတော်လည်းချောတယ်ဆိုဘဲ မကြာခင်ကမှ အင်္ဂလန်ကပြန်ရောက်လာတာတဲ့ ....
နာမည်က ရှီထရီနက် တဲ့ အတော်ချမ်းသာတယ်ဆိုဘဲ...ပြန်လာပြီး 2 ရက်အကြာမှာဘဲ ဒီလိုနာမည်ကြီးဆေးရုံကိုဝယ်လိုက်နိုင်တယ်ဆိုတော့ အတော်ချမ်းသာတဲ့ပုံပင်...
နောက်ထပ်ပြောကြသေးတာက တူလေးရှိလို့ဆိုလား ကြိုက်နေတဲ့သူရှိလို့ဆိုလား ဒါတော့တိတိကျကျမသိရပေ....
ပိုပြီးထူးဆန်းတာတစ်ခုက ထိုသူဌေးက ဒီဆေးရုံကိုဝယ်ပြီးတာနဲ့ ပူရှီဆိုတဲ့ဆရာဝန်ကို အလုပ်ထုတ်ခိုင်းလိုက်တာဘဲ.....
ဘာလို့ထုတ်တာလဲဆိုတာတော့ တစ်ယောက်မှမသိကြပေ...
(ရွယ်ရွယ်နဲ့ဒါဒါလေးတွေတော့ သိတာပေါ့နော်🤭🤭)
9 နာရီထိုးတော့ ဆေးရုံအုပ်ကြီးက ပန်းစည်းတစ်စည်းကို ဆူမီရှန်ဆီပေးလာပြီး
"ဒီပန်းစည်းကို သူဌေးအသစ်ကိုပေးလိုက်ကြားလား မင်းက ဒီဆေးရုံမှာအတော်ဆုံးဘဲဆိုတော့ အားကိုးမယ်နော်"
"အာ ဟုတ်ကဲ့ ဒါနဲ့သူဌေးက ဒီနေ့လာမှာလား"
"အခုလာနေပြီတဲ့ ရောက်တော့မယ်ထင်တယ် အကုန်လုံး ဆေးရုံရှေ့မှာ တန်းစီကြတော့"
ဆေးရုံအုပ်ကြီးပြောလိုက်တော့ အကုန်လုံးက ဆေးရုံရှေ့ကိုကမန်းကတန်းပြေးကြတော့သည်။
ပထမဆုံးနေ့မှာ သူဌေးဆီကအမြင်ကောင်းရဖို့အရေးကြီးသည်မဟုတ်လား...
ဆူမီရှန်တို့တန်းစီပြီးစောင့်နေချိန် အမဲရောင်ကားတစ်စီးက အရှိန်နဲ့ထိုးရပ်လာသည်။ထိုထဲက အသက် 28 အရွယ်ကောင်လေးတစ်ယောက်ထွက်လာသည်။
ထိုကောင်လေးက အမဲရောင် suit ကိုသပ်ရပ်စွာဝတ်ဆင်ထားပြီး ရှည်လျားတဲ့ခြေတံတွေနဲ့ကားပေါ်က စမတ်ကျစွာဆင်းလာသည်။
ဆေးရုံထဲကလူတိုင်း ထိုလူရဲ့ လှုပ်ရှားမှုကိုမျက်တောင်မခတ်ကြည့်နေကြတာ ကြိုဆိုဖို့တောင်သတိမရပေ...
ВЫ ЧИТАЕТЕ
System နဲ့အတူ ရည်းစားရှာကြမယ် (Complete)
Любовные романыNormal system ပါ ကြိုက်ရင်ဖတ်နော်😁
