system space

1K 45 0
                                        

<Unicode>
ဆက်ဧကရီ space ပြန်ရောက်လာတော့ မှုံမှုံလေးက မြှောက်ကြွမြှောက်ကြွနဲ့ကြိုဆိုလာသည်။

"Host ပြန်လာပြီလား"

"အင်း ပျော်စရာရှိနေပုံဘဲ"

"ဟီး ဒီလိုပါဘဲ host Point တွက်ပေးမယ်နော်"

"အင်း"

"အရင်ကမ္ဘာမှာ points 1000 total points 5900 ပါ သင်စရာတစ်ခုရှိပါတယ် ကလေးပြုစုနည်း ပါ"

"ငါပင်ပန်းနေလို့တန်းထည့်ပေးပါလား"

"ဟုတ်မှတ်ဉာဏ်ထဲလွှဲပြောင်းပေးပါ့မယ်
1%.....2%.....3%.....100%.... complete profile ကြည့်မလား host"

"အင်း"

"အမည်- ဆက်ဧကရီ

အသက်- ၂၅

လိင် -မ

ပြီးမြှောက်သောကမ္ဘာ -4

ရရှိထားသောpoint- 5900

သင်ကြားထားသောပညာရပ် - အတိုက်အခိုက်၊ဆေးပညာ၊ဆရာဝန်၊သရုပ်ဆောင်၊ကလေးပြုစုနည်း ပါ"

"သိပြီ"

"ဇာတ်ကြောင်းလွှဲပေးမယ်နော် host 1%...2%..3%..100%... complete"

ရေတွက်သံအဆုံး ဆက်ဧကရီမှတ်ဉာဏ်ထဲ ဇာတ်ကြောင်းအလုံးအရင်းဝင်လာတော့သည်။

ဒီကမ္ဘာက မူလကမ္ဘာဖြစ်တဲ့မြန်မာနိုင်ငံမှာဖြစ်သည်။ဇာတ်လိုက်နာမည်က လျှံဝသန် S company ရဲ့ဆက်ခံသူ ဇာတ်လိုက်မနာမည်က ဆုမွန်ဟန် လျှံဝသန်ရဲ့အတွင်းရေးမှူးဖြစ်သည်။

အခု ဆက်ဧကရီဝင်ရမဲ့ကိုယ်နာမည်က
မိုးဆက်လှိုင်း ဖြစ်သည်။သူတို့အားလုံးကို ဆုံစည်းစေသူက လျှံဝသန်၏မွေးစားသား လျှံထက်မာန် ပင်...

လျှံထက်မာန်က လျှံဝသန်၏ သေဆုံးသွားတော့အကို၏သားဖြစ်သည်။ထိုကလေးကို ပြုစုရန် သူနာပြုငှါးရမ်းချိန် မိုးဆက်လှိုင်းက အလုပ်လာလုပ်လေသည်။

ဆိုးသွမ်းလွန်းတဲ့ လျှံထက်မာန်ကြောင့် မိုးဆက်လှိုင်းဟာ တစ်ရက်တောင်မခံဘဲ ထွက်ပြေးသွားသည်။

သူနာပြု ဘယ်လောက်ခေါ်ခေါ် အကုန်လုံးက ထွက်ပြေးသွားကြတာမို့ လျှံဝသန် ခေါင်းခြောက်ခဲ့ရသည်။

တစ်နေ့ သူဖျားနာနေချိန် ဆုမွန်ဟန်ကို လက်မှတ်ထိုးရမဲ့ဖိုင်တွေလာပို့ခိုင်းလေသည်။ဆုမွန်ဟန် လျှံထက်မာန်ကို ထိုနေ့ကစပြီးတွေ့ခဲ့သည်။

System နဲ့အတူ ရည်းစားရှာကြမယ် (Complete)Where stories live. Discover now