<Unicode>
ဒီနေ့မှာတော့ မနေ့ကလက်ထပ်ပွဲနဲ့လားလားမှမဆိုင်..အလွန်ခမ်းနားတဲ့လက်ထပ်ပွဲတစ်ပွဲကျင်းပနေသည်။
လူတိုင်းက ပြုံးနေကြသလို ဘုရင်ကြီးကလည်းပြုံးဖြီးနေသည်။နန်းတော်တစ်ခုလုံးကလည်း ပျော်ရွှင်နေပြီး သတိုးသားနဲ့သတိုးသမီးအကြောင်းပြောနေကြသည်။
ထိုအချိန် မင်းသား ၁ ရဲ့အခန်းမှာတော့ လုံးဝတိတ်ဆိတ်နေကာ တစ်စုံတစ်ခုကို သေချာလုပ်နေကြသည်။
တစ်ယောက်က ကုတင်မှာ လှဲနေပြီး တစ်ယောက်ကဘေးကနေ သေချာစူးစိုက်ကြည့်နေသည်။
ထိုနှစ်ယောက်ကတော့ ဟောက်ကျန်းခွမ်းနဲ့ ဝူဟွားချွမ်းပင်ဖြစ်သည်။ဝူဟွားချွမ်း ဒီမနက်ထလာတာနဲ့ ဟောက်ကျန်းခွမ်းရဲ့ခြေသလုံးကို သေချာကြည့်ပြီး အကြောတွေကိုအပ်နဲ့သေချာစိုက်နေသည်။
ကျန်းခွမ်းကလည်း ပြုံးပြုံးနဲ့ ဟွားချွမ်းလုပ်သမျှငြိမ်ခံနေသည်။ကျန်းခွမ်းရဲ့အကြောတွေက သေတာမကြာသေးတာကြောင့် တစ်လလောက်သေချာကုသရင် ပျောက်ကင်းနိုင်သည်။
ထိုနေ့ကစပြီး ဟွားချွမ်းက ကျန်းခွမ်းရဲ့အကြောကို မနက်တစ်ခါ ညတစ်ခါ တစ်နေ့နှစ်ခါ အပ်စိုက်ကုပြီး လမ်းလျှောက်ဖို့ကျင့်ပေးသည်။
အစပိုင်းမှာ အဆင်မပြေဖြစ်ပေမဲ့ လဝက်ဆိုတဲ့အချိန်ရောက်လာတော့ လမ်းအနည်းငယ်လျှောက်လာနိုင်သည်။
တစ်လဆိုတဲ့အချိန်ရောက်တော့ ကျန်းခွမ်းလမ်းကို ကောင်းကောင်းလျှောက်နိုင်နေပြီ...ဒီတစ်လအတွင်း အကြောင်းအရာတွေက ထူးထူးခြားခြားဘာမှတော့ဖြစ်ပျက်မသွားပေ...
ကျန်းခွမ်းနဲ့ ဟွားချွမ်းက အခန်းတွင်းအောင်းပြီး လမ်းလျှောက်တာကိုသာကျင့်ကြသည်။အစားအသောက်တွေကို နေ့တိုင်း ဟွားချွမ်းက စားဖိုဆောင်မှာကိုယ်တိုင်သွားချက်ပြုတ်သည်။
ကျန်တဲ့လူတွေကလည်း ဘယ်သူမှသူတို့ကိုဂရုမစိုက်ကြပေ...ကျင်းမင်နဲ့ ကွေ့မျန်ကတော့လူတွေဆီကအမြင်ကောင်းရအောင် ကြာပန်းဖြူလုပ်နေကြသည်။
အမတ်တွေနဲ့ဘုရင်ကြီးကလည်း ကျင်းမင်ကိုအတော်သဘောကျနေကြပြီး အိမ်ရှေ့စံ ရာထူးကိုပေးအပ်ဖို့လုပ်ကြတော့သည်။
