<Unicode>
ဆက်ဧကရီ ဟိုကမ္ဘာမှာသေဆုံးပြီး space သို့ပြန်ရောက်လာခဲ့သည်။
"ဟဲလို host welcome to space"
"အင်း ဒါနဲ့ငါ့လင်က အမြဲလိုက်လာမယ်လို့ထင်လား"
"လိုက်လာမယ်ထင်ပါတယ် မလိုက်လာလည်းဘာဖြစ်လဲ နောက်တစ်ယောက်ပြောင်းချစ်လိုက်ပေါ့"
"ချစ်စရာလား သူမှမဟုတ်ရင် တစ်ခြားလူကိုရင်မခုန်တော့ဘူး"
"အော် point တွက်ပေးမယ်နော် အရင်ကမ္ဘာမှာ points 2000 ရပါတယ် လက်ကျန် points 1400 နဲ့ပေါင်းရင် လက်ရှိ points 3400 ရှိပါပြီ"
"Ok "
"ဆရာဝန်၊ဆရာမ တစ်ခုရွေးပါ"
"ဆရာဝန်"
"သွားသင်မလား မှတ်ဉာဏ်ထဲထည့်မလား"
"မေးစရာလိုနေသေးလို့လား ထည့်မယ်"
"ဘာထည့်မှာလဲ host နော်"
"ဘာတွေတွေးနေတာလဲမှုံမှုံ ဆရာဝန်မှတ်ဉာဏ်လေ"
"ဟီးဟုတ် 1%.....2%.....3%.....100%.... complete "
မှုံမှုံအသံဆုံးတာနဲ့ ဆက်ဧကရီမှတ်ဉာဏ်ထဲ ဆရာဝန်နဲ့ပတ်သက်တာအကုန်ဝင်လာသည်။
"Host profile ပြမယ်နော်
အမည်- ဆက်ဧကရီ
အသက်- ၂၅
လိင် -မ
ပြီးမြှောက်သောကမ္ဘာ -2
ရရှိထားသောpoint- 3400
သင်ကြားထားသောပညာရပ် - အတိုက်အခိုက်၊ဆေးပညာ၊ဆရာဝန် ပါ"
"Ok အခုဘာဆက်လုပ်ကြမလဲ"
"ဇာတ်ကြောင်းပို့ပေးမယ်ဖတ်ကြည့်လိုက်နော် ဇာတ်ကြောင်းပို့ဆောင်နေပါသည် 1%...2%..3%..100%... complete"
ဆက်ဧကရီမှတ်ဉာဏ်ထဲဝင်ရောက်လာတဲ့ဇာတ်ကြောင်းကို ဖတ်ကြည့်လိုက်သည်။ဒီကမ္ဘာက အိန္ဒိယနိုင်ငံရဲ့ ဘန်ဂလိုမြို့ထဲက ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။
ဒီကမ္ဘာရဲ့ဇာတ်လိုက်က ဘန်ဂလိုမြို့ရဲ့ချမ်းသာသည့်သူဌေး ရာကီဆမ် ခန့်ညားတဲ့ရုပ်ရည် ရှည်လျားတဲ့ခြေတံ စမတ်ကျတဲ့နေထိုင်ပုံတွေကြောင့်လူကြိုက်များလှသည်။
ဇာတ်လိုက်မနာမည်က ရိုဟာစီ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်သည်။ ဆက်ဧကရီဝင်မဲ့ကိုယ်နာမည်က ဆူမီရှန်... ရာကီဆမ်ရဲ့တရားဝင်ဇနီးဖြစ်သည်။
