Part - 1

1.5K 86 19
                                    

နွေရာသီမို့ နေရောင်က ပြင်းပြင်းရှရှ..။ နေမင်းက နားခိုစရာ အရိပ်မရှိသော သက်ရှိသက်မဲ့များ အားလုံးအပေါ် မညှာမတာ ပူပြင်းသော ရောင်ခြည်များ ထုတ်လွှတ်လျက်..။ နေပူပူမှာ တချက်တချက် အော်မြည်လိုက်သော ဥဩငှက်သံတို့က လွမ်းမောဖွယ်..။ ဒါသည်ပင်လျှင် နွေရဲ့ သရုပ် မဟုတ်ပါလား...။

"ဟေ့.. ကြားမိလား.. ချန်ချင်လင့် အသင်းကို ကစားသမား အသစ်ဝင်မယ်တဲ့"

‌Ice hockey အသင်းများ ထရိန်နင်ဆင်းပြီး နားနေချိန်မှာ စကားစမြည်ပြောကြတာက ပုံမှန်..။ စကားစမြည်ဆိုတာထက် အတင်းလို့ပဲ ပြောပါတော့..။ ဘယ်အသင်းက ကစားသမားတွေက ဘယ်လို..။ ဟိုအသင်းနဲ့ ဒီအသင်းနဲ့ ချိန်းထိုးကြတာ..။ ဟိုအသင်းက ကောင်တကောင်က ဒီအသင်းက ကောင်ရဲ့ စော်ကို စနှိုက်သွားတာ.. စသဖြင့်..။

"ဟတ်လား.. မကြားမိဘူး.. ချန်ချင်လင့်က ဒုခေါင်းဆောင် ဒဏ်ရာရလို့ နားရမယ်လို့တော့ ကြားတယ်.. ခုအသစ်က အဲ့နေရာ ဝင်မှာလား"

"ဟုတ်တယ်လို့ ပြောတယ်.. သေချာတော့ မသိဘူး.. တချို့ကလည်း အဲ့တယောက်က နည်းပြအကပ်နဲ့ ဝင်လာတာလို့ ပြောတယ်.. အကပ်မရှိရင် ဘယ်လိုလုပ် လာလာချင်း တန်းပြီး အဲ့နေရာ ရမှာလဲ.. ပုံမှန်ဆို လူဟောင်းက အရင် ရာထူးတိုးရမှာ မဟုတ်ဘူးလား.."

"ကြည့်ရတာ အကောင်ကြီးကြီး အမြီးရှည်ရှည်နေမှာပေါ့.. ချန်ချင်လင့်ခေါင်းဆောင် ဝေ့ရော့လိုင်ကကော.. ဒါမျိုး လက်ခံပါ့မလား"

"ဝေ့‌ေရာ့လိုင်က ဒါမျိုး အကပ်နဲ့ဝင်တာ ဘာညာဆို တအားမုန်းတာ.. အရင် လက်ထောက်ခေါင်းဆောင် အဟောင်းနဲ့လည်း သိပ်ခင်တာ ဆိုတော့ အသစ်ကလေးကို ကြည်ပါ့မလား မသိဘူး.. ပွဲကတော့ ကြည့်ကောင်းပြီဟေ့.."

"ဒါနဲ့ အသစ်ကလေး နာမည်က ဘာတဲ့တုန်း"

"သူ့နာမည်က ရှောင်းကျန့်တဲ့"

***

ကော်ရစ်တာ ကျဉ်းကျဉ်းလေးက လူသုံးယောက်နှင့် ပြည့်နေသည်..။ လေထုက ပူလောင်ရသည့်အထဲ ထိုလူတွေက ရုန်းရင်းဆန်ခတ်..။ ဘေးမှ လူနှစ်ယောက်က အလယ်မှ သန်သန်မာမာ အရပ်ရှည်ရှည်နှင့် လူကို ဖမ်းဆွဲထားကြသည်..။

ချစ်မိတဲ့အခါ...Where stories live. Discover now