Part - 12

526 47 34
                                    

ရှေ့မှ သူတခါမှ မရောက်ဖူးသော နေရာကို ကြည့်ပြီး ရှောင်းကျန့် ခေါင်းပေါ်မှ အနက်ရောင်ဦးထုပ်ကို ဆွဲချလိုက်သည်..။ နေကာမျက်မှန်အောက်မှ ပတ်ဝန်းကျင်ကို တချက်ဝေ့ကြည့်လိုက်ပြီး မည်သူမျှ သူ့ကို သတိမထားမိတာ သေချာမှ အထဲသို့ ဝင်လာခဲ့သည်..။

ကောင်တာမှ လှလှပပ ဝတ်စားထားသော ဧည့်ကြိုက သူ့ကို အပြုံးတခုနှင့် နှုတ်ဆက်သည်..။

"မင်္ဂလာပါရှင်.. ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲရှင်"

"ကျွန်တော်.. အာ.. ယဲ့မီရှိလား"

ရှောင်းကျန့်အသံက အဆုံးသတ်နားမှာ တိမ်ဝင်သွားသည်..။

ကောင်တာမှ ဧည့်ကြိုက အံ့အားသင့်သွားပြီးမှ မနေ့ညက မန်နေဂျာ ကိုယ်တိုင်ခေါ်ပြောတာကို သတိရသွားသည်..။ ရှောင်းမျိုးရိုးနဲ့လူတယောက်လာရင် သခင်လေးယဲ့ဆီ ချက်ချင်းလွှတ်လိုက်ဖို့..။

"သခင်လေးက မစ္စတာရှောင်းလားရှင်"

ရှောင်းကျန့်က ခေါင်းငြိမ့်သည်..။ သူလက်သီးဆုပ်ထားတာ လက်သည်းတွေပင် လက်ဖဝါးထဲ နစ်ဝင်တော့မည်..။

"ဟုတ်ကဲ့ပါ မစ္စတာရှောင်း.. ဒါလေးက သခင်လေးယဲ့ရဲ့ အခန်းနံပတ်ပါ"

ဧည့်ကြိုကောင်မလေးက သူ့ကို ကတ်တခုပေးသည်..။ ကတ်ပေါ်မှာ အထပ်နံပတ်နှင့် အခန်းနံပတ် ရိုက်နှိပ်ထားသည်..။

"ကျေးဇူး"

ရှောင်းကျန့်က ကတ်ကို သူ့အိတ်ထဲ လူမြင်မှာ စိုးဟန်နှင့် အလျင်အမြန် ထည့်လိုက်ပြီး ဓာတ်လှေကားဆီ လျှောက်လာခဲ့သည်..။

ဓာတ်လှေကားထဲမှာ သူကလွဲပြီး မည်သူမျှ မရှိ..။ ရှောင်းကျန့်ခေါင်းထဲမှာ ရှုပ်ထွေးနေပြီး ခေါင်းတွေပင် ကိုက်လာသည်..။ မြေကြီးထဲတိုးဝင်ပြီး ပျောက်ကွယ်သွားချင်လှသည်..။

ဖိုင်နယ်ပွဲနေ့က ယဲ့မီပို့လိုက်သော စာနှင့် Video fileကို မြင်ပြီးကတည်းက သူ့မှာ ကောင်းကောင်း အိပ်မပျော်..။ ယဲ့မီ အဲ့ video ကို ဖြန့်ပစ်လိုက်မှာ စိုးရိမ်နေသည်..။ ဖြန့်ပစ်လိုက်လျှင်တော့ ရှင်တာထက် သေတာကမှ ကောင်းဦးမည်..။

ချစ်မိတဲ့အခါ...Where stories live. Discover now