Part - 2

893 78 32
                                    

Ice Hockey ကွင်းထဲမှာ မီးရောင်တွေက တဖျတ်ဖျတ်..။ ကွင်းထဲမှာ ရပ်နေသော လူနည်းစုကလွဲလျှင် ပွဲကြည့်စင်ပေါ်မှ ပရိသတ်က အုံးအုံးကြွက်ကြွက်..။

"လခွမ်း.. ဝေ့ရော့လိုင် ပုံစံက စောက်ရမ်းမိုက်တယ်.. လူတွေရှေ့မို့ တမင် စတိုင်ထုတ်နေတာလားတော့ မသိဘူး"

"စိတ်ဝင်စားစရာပဲဟေ့.. အသင်းခေါင်းဆောင်နဲ့ လက်ထောက်ခေါင်းဆောင်နဲ့ by one ဆွဲနေတယ်ဟ"

"ချန်ချင်လင့်က ကောင်တွေက ဘာကောင်တွေလဲ.. အသင်းတသင်း အောင်မြင်ဖို့ဆိုတာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့က အရေးကြီးဆုံးပဲ.. ဝေ့‌ေရာ့လိုင် ဒီလိုအချိုးမျိုး ချိုးနေရင် ချန်ချင်လင့်တော့ လစ်မှာပဲ"

"သေလိုက်လေ.. အသင်းတသင်းမှာ ယှဉ်ပြိုင်မှုရှိမှ တိုးတက်မှာ.. စည်းလုံးညီညွတ်တာ အဓိကဆို မင်းအသင်းက ဘယ်လောက်တိုးတက်နေလို့လဲ.."

"ဟေ့ကောင်.. ဘာဆိုလိုချင်တာလဲ.. ဇ,ရှိရင် ချမလား"

"လာလေ.. လာ.. ကြောက်မယ်များ မှတ်နေလား"

***

ဝေ့ရော့လိုင်တယောက် ကွင်းလယ်မှာ ရပ်နေသည်..။ အသင်းဝတ်စုံ အဖြူရောင်က သူနှင့် လိုက်ဖက်လှသည်..။ ကျောနံပတ် ၇ ကို အပြာနှင့် ရေးဆွဲထားရာ သူ့ပုံစံက သူရဲကောင်းဆန်ဆန်..။

Helmet ဖုံးထားသည့်ကြားမှ သူ့ရှေ့မှ လူ၏ ကြည်စင်လှပသော မျက်လုံးများကို မြင်နေရသည်..။ သူ တိတ်တခိုးလေး သက်ပြင်းချမိသည်..။ ကြည့်ဦး ဒီလောက်လှတဲ့ မျက်လုံးလေးတွေမှာ မကြာခင် ရှုံးလို့  မျက်ရည်ဝဲနေတော့မယ်..။ သနားစရာပဲ..။

သူ့အတွေးများကို ရှောင်းကျန့် ရိပ်မိသဖြင့် နှာခေါင်းရှုံ့လိုက်မိသည်..။ ဒီလူက ငါ့ကို အတော် အထင်သေးတာပဲ..။ ဘယ်သူကကျား.. ဘယ်သူက ဖားမှန်းသိအောင် ပြရသေးတာပေါ့..။

ဒိုင်လူကြီးက ခရာမှုတ်လိုက်သည်နှင့် ဝေ့ရော့လိုင်ရှေ့မှ အဖြူရောင်အရိပ်လေးက လွင့်ကနဲ..။ ၊ဟော်ကီကစားရာမှာ သုံးသော အနက်ရောင်ပြားလေးက သူ့လက်ထဲမှ လုခြင်းခံလိုက်ရသည်..။ ဝေ့ရော့လိုင်တယောက် အနည်းငယ် အံ့ဩသွားမိသော်လည်း သိပ်တော့ ပျာမသွားမိ..။ အိုကေလေ.. စောသေးလို့ အကြောပေးလိုက်မယ်..။

ချစ်မိတဲ့အခါ...Where stories live. Discover now