Part - 5

792 76 40
                                    

လေ့ကျင့်ရေးကွင်းထဲမှာ အဖြူရောင် အရိပ်တခုက လေးညှို့မှ လွှတ်လိုက်သည့်မြားတစင်းလို..။ ရှေ့ကို ထိုးထွက်လာတာ.. အရှိန်နဲ့ ဝိုက်ကွေ့လိုက်တာ.. နောက်ပြန် လျှောထိုးတာ.. Ice Hockey နည်းစနစ်တွေ အားလုံးကို ကစားသွားသည်မှာ လှလှပပ..။

"ငါတော့ ဒီလက်ထောက်ခေါင်းဆောင်က ‌လုံးဝလျှော့တွက်လို့ မရဘူးလို့ ထင်တယ်"

အသင်းသား အများစုက မလှမ်းမကမ်းမှ လူကိုကြည့်ရင်း တွတ်ထိုးနေကြသည်..။

"ပြီးခဲ့တဲ့ အပတ်တုန်းကလည်း ညကြီးမင်းကြီးကို လေ့ကျင့်နေတာ မြင်တယ်ရော.. မိုက်တယ်"

"ပြီးတော့ ခေါင်းဆောင်နဲ့တောင် ယှဉ်ကစားနိုင်တယ်.. အစ်ကိုဝမ် ထွက်သွားပေမယ့် ရှောင်းကျန့်ဝင်လာတာလည်း တမျိုးကောင်းတာပဲ"

"ဟုတ်တယ်.. အဓိကက လူတော်ဖြစ်ဖို့ပဲ"

"ဘာတွေ လုပ်နေတာလဲ"

ရုတ်တရက် ခပ်မာမာ အသံတခုက သူတို့နောက်မှ ထွက်လာသည်..။ ဒေါသအနည်းငယ် ထွက်နေဟန်..။

"သွားမလေ့ကျင့်ပဲ ဘာတွေ လုပ်နေကြတာလဲ!!"

ဝေ့ရော့လိုင်က သူတို့ဆီ လျှောက်လာသည်..။ သူ့နှုတ်ခမ်းများက တင်းတင်းစေ့လျက်..။

"ဟုတ်.. Captain"

သူတို့ ‌စောဒက မတက်ဝံ့ပဲ လေ့ကျင့်ကွင်းဆီသို့ ကမန်းကတမ်း ပြေးသွားကြသည်..။ ငါတို့ Captain ခုတလော ရာသီဥတု မကောင်းဘူး..။

ကွင်းထဲက အဖြူရောင်အရိပ်လေးကို ကြည့်ရင်း ဝေ့ရော့လိုင် ရင်ထဲမှာ တနုံ့နုံ့..။ ဒီနေ့မနက်က သူနိုးလာတဲ့အချိန်မှာ ရှောင်းကျန့်မရှိတော့..။ ပေပွတွန့်ကြေနေသော အိပ်ယာခင်းကိုသာ မတွေ့ရင် အရာအားလုံးက အရက်မူးလွန်ပြီး မက်သော အိပ်မက်တခုလို့ပင် ထင်ချင်စရာ..။

ကောင်းပြီလေ.. ဒဲ့ရှင်းကြတာပေါ့..။

သူ ရှောင်းကျန့်ဆီ လျှောက်သွားလိုက်သည်..။

"ရှောင်းကျန့်!!"

ရှောင်းကျန့်က သူ့ကို တချက်မော့ကြည့်ပြီး အဖက်မလုပ်ပဲ ဆက်လေ့ကျင့်နေသည်..။

သူ့ကို ပလစ်ထားတော့ ဝေ့ရော့လိုင် မျက်မှောင်ကြုတ်သွားသည်..။ သူ ရှောင်းကျန့်လက်ကို လှမ်းဆွဲလိုက်သည်..။

ချစ်မိတဲ့အခါ...Where stories live. Discover now