Part - 21

451 58 33
                                    

အစွမ်းကုန် ပူပြင်းလောင်မြိုက်ပြီးနောက် ရာသီဥတုက တဖြည်းဖြည်း အေးလာသည်..။ ပြတင်းပေါက်မှ မြင်ရသော သစ်ပင်များထိပ်က အရွက်တွေ ဝါကျင်စပြုပြီ..။ ပြာညို့ညို့ကောင်းကင်နောက်ခံနှင့် ပနံရလျက်..။

ရှောင်းကျန့် ပြတင်းပေါက်အပြင်သို့ ငေးနေရာမှ ‌အခန်းထဲ ငဲ့ကြည့်မိသည်..။ ဆေးရုံကုတင်ထက်မှ လူက မျက်လုံးများ မှိတ်ထားကာ အိပ်ပျော်နေသည်ထင့်..။ ခေါင်းမှာတော့ ပတ်တီးအဖေွးသား..။

ရှောင်းကျန့် မျက်နှာက ဖြူလျော်လျော်..။ နှုတ်ခမ်းက ခြောက်သွေ့အက်ကွဲလို့..။ သူ ဒီရက်ပိုင်းအတွင်း ယဲ့မီကို လူနာစောင့်ပေးနေရသည်..။

အဲ့ဒီနေ့က မြင်ကွင်းက သူ့ခေါင်းထဲ မကြာခဏ မဖိတ်ခေါ်ပါပဲ ဝင်ရောက်လာတတ်သည်..။ ပြန့်ကျဲနေသော ကြွေအိုး အပိုင်းအစများ.. နီရဲတောက်ပသော သွေးများ.. ယိုင်ကျသွားသော ခန္ဓာကိုယ်.. တိုးညင်းသော နှစ်သိမ့်စကား.. အားလုံးက သူခံစားနေရသော အပြစ်ရှိစိတ်ကို တိုးစေပြီး သူ့နှလံုးသားကို ဓားချွန်ချွန်နှင့် ထိုးဆွနေသလို..။

သူ ယဲ့မီ ခေါင်းကို ရိုက်ခွဲမိလိမ့်မည်ဟု မမျှော်လင့်မိ..။ ထို့ထက်ပို၍ ယဲ့မီက ဒဏ်ရာရနေတာတောင် သူ့ကို နှစ်သိမ့်ပေးလိမ့်မည်ဟု မမျှော်လင့်မိ..။

အစကတော့ လမ်းခွဲဖို့ စိတ်ပိုင်းဖြတ်ပြီးသား..။ ဒါပေမယ့် အခြေအနေတွေက ဒီလို ဖြစ်သွားတော့ အကုန်ရှုပ်ကုန်ပြီး ဘာလုပ်ရမှန်း မသိတော့..။

အတွေးမျှင်တွေက သူ့ကို ပင့်ကူအိမ်လို ရစ်ပတ်နှောင်တွယ်ပြီး ရုန်းမရအောင် ချည်တုပ်ထားသည်..။ သူ့မှာ မွန်းကျပ်လို့..။

ပထမတော့ ယဲ့မီဘက်ကလည်း သူ့ကို ပလေးချင်ရုံ သက်သက်ဟု ထင်ခဲ့သည်..။ သို့သော် တဖြည်းဖြည်းနှင့် သူ့အပေါ် ဆက်ဆံပုံက သူများတွေနှင့် မတူတာ သတိထားမိလာသည်..။

သူကြိုက်တတ်တာတွေကို ဂရုစိုက်စုံစမ်းသည်..။ နိုင်ငံအဆင့် Ice hockey ပွဲတွေ ခေါ်သွားပြသည်..။ သူ စိတ်ရှုပ်နေလျှင် ရယ်အောင်စ,သည်..။

ပြီးတော့ သူ့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတိုင်း ကြားရတဲ့ စကားသံတွေ..။

ချစ်မိတဲ့အခါ...Where stories live. Discover now