Part - 3

802 70 18
                                    

ကောင်းကင်မှာ မဟူရာရောင်တို့ သမ်းလာသည်နှင့် မြို့ပြ၏ ညက အသက်ဝင်လာသည်..။ နီယွန် မီးရောင်စုံတို့က ပြိုးပြိုးပျက်ပျက်..။

ဘားအတွင်းရှိ ဒစ္စကိုမီးတို့က တီးလုံးသံနှင့်အတူ ဝေ့ဝဲလျက်..။ အကကြမ်းပြင်ပေါ်မှာ ပူးကပ်လူးလွန့်နေကြသော စုံတွဲများအပေါ်မှာလည်း သည်မီးရောင်က ဝေ့ဝဲသည်..။ တကိုယ်ထဲ အထီးကျန်ပြီး အဖော်ရှာနေသော ဘားကောင်တာမှ အဆွေးတလိုင်းတို့ အပေါ်လည်း မီးရောက်က ဖြတ်ကနဲ..။ ဘားအတွင်းမှာ အယ်ကိုဟော ရနံ့က ပြင်းပြင်းရှရှ..။

မှောင်ရိပ်ကျသော ထောင့်မှာ ချန်ချင်လင့်အသင်းက လူတွေ နှစ်ယောက်တဖွဲ့ သုံးယောက်တဖွဲ့ ထိုင်လျက် ရှိကြသည်..။ အားကစားသမားများအနေနှင့် မူးယစ်ဆေးဝါး အရက်သေစာကို အလွန်အကျွံသောက်သုံးရန် မသင့်သဖြင့် ဒီလိုညမျိုးက သူတို့အတွက် ရှားရှားပါးပါးည..။

"ဟျောင့်.. ဟိုမှာ အဆင်လေး"

"Wow . ရွှေဘို မင်းကြိုက် ပေါင်တံရှည်~~~"

"သွားလေ.. လိုက်လိုက်"

"ဖိုက်တင်း ဟျောင့်"

လီလဲ့က အသင်းက ညီအစ်ကိုတွေနှင့် ဗရုတ်ကျနေရင်း ဝေ့ရော့လိုင်ဘက် လှည့်လာသည်..။

"Captain.. ဟိုအဆင်လေးကို ကြည့်__"

သူလှည့်ကြည့်လိုက်တော့ ဝေ့ရော့လိုင်က ဘာကိုမှ စိတ်မဝင်စားဟန်.. ဒီပျက်ရှင်ဝင်ပြီး လောကကြီးကို စိတ်ကုန်နေသော အထာနှင့်..။

လီလဲ့က ဘေးနားက လျိုချန်ယွမ်ကို တံတောင်နှင့်တွက်ပြီး ဝေ့ရော့လိုင်ဆီ မေးငေါ့ပြသည်..။ လျိုချန်ယွမ်က..

"Captain.. သောက်လှချည်လား တခွက်ပြီးတခွက်ပဲ.. ဘာတွေ စိတ်ညစ်နေတာလဲ"

ဝေ့ရော့လိုင်က နောက်ထပ် ဘီယာပုလင်းအသစ်ကို ဆွဲဖွင့်ကာ တဝက်လောက်ထိ တကျိုက်ထဲမော့ချလိုက်ရင်း

"မင်းတို့ ကိုယ့်ကိစ္စကိုယ် အာရုံစိုက်စမ်းပါ.. ငါ့ဟာငါ တယောက်ထဲ အေးအေးနေပါရစေ"

လျိုချန်ယွမ်က သူ့စကားကို ကြားတော့ လီလဲ့ဘက်လှည့်ကာ ဘာမျှ မတတ်နိုင်ဟန်နှင့် ပခုံးတွန့်ပြသည်..။

ချစ်မိတဲ့အခါ...Where stories live. Discover now