Part - 6

705 73 41
                                    

"တကယ်ကြီး ရော့လိုင်နဲ့တောင် သရေကျအောင် ကစားနိုင်တယ်ပေါ့.. ငါတို့ကျန့်ကျန့်က အရမ်းတော်တာပဲ"

ဝမ်ရိပေါ်ကပြုံးပြီး ရှောင်းကျန့် ခေါင်းလေးကို ပွတ်လိုက်သည်..။

ရှောင်းကျန့် ပါးလေးက ခပ်ရဲရဲ..။ သူက ခေါင်းလေးပုပြီး ဝမ်ရိပေါ်လက်ကို ရှောင်သည်..။

"ကောကောနော်.. ခေါင်းမပုတ်နဲ့.. ကျန့်ကျန့် ကလေးမဟုတ်တော့ပါဘူးဆို"

မျက်နှာချင်းဆိုင်မှာ ထိုင်နေသော ဝေ့ရော့လိုင်တယောက် ခေါင်းငုံ့ပြီး Bubble Tea ခွက်ထဲကို ပိုက်ကလေးနှင့် မွှေနေမိသည်..။ သူ့ရှေ့မှ လူနှစ်ယောက် ရယ်မြူးရွှင်ပျနေဟန်က သူ့နားထဲ မဝင်တချက် ဝင်တချက်..။

"ရော့လိုင်.. ရော့လိုင်!"

ဝမ်ရိပေါ် အခါခါခေါ်သည်ကို မကြားသူကြောင့် ရှောင်းကျန့်က ကြားထဲမှနေ၍ ဝေ့ရော့လိုင်ရှေ့မှ စားပွဲကို လက်ခုံလေးနှင့် ခေါက်လိုက်ပြီး..

"ဟေ့.. ကောကော ခေါ်နေတယ်လေ"

"ဟမျ.. ဟမျ.. ဘာလဲ"

ဝေ့ရော့လိုင်မှာ ခုမှ အိပ်မက်က လန့်နိုးသွားသူလို..။

"ရော့လိုင်.. လာမယ့်အပတ်ထဲ လျဲ့ဖုန်းအသင်း လက်ခံကျင်းပမယ့် ပွဲစဉ်ရှိတယ် မလား"

"အင်း"

ဝေ့ရော့လိုင် ခေါင်းငြိမ့်လိုက်သည်..။ ဒီတော့မှပဲ သူ့မှာ လုပ်စရာတွေ ရှိသေးကြောင်း သတိရသွား၏..။

"Ok.. ဒါဆို မနက်ဖြန် အသင်းသားတွေကို သတိပေးလိုက်.. ပြီးရင် အစည်းအဝေးလုပ်ရအောင်.. ပြီးရင်...."

***

ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဆိုကြပြီး ဝမ်ရိပေါ်ကို နှုတ်ဆက်ကာ ပြန်လာကြချိန်တွင် မှောင်ရီပျိုးနေပြီ..။ လမ်းမီးတိုင်တွေတောင် လင်းနေပေါ့..။

နှစ်ယောက်ယှဉ်လျှောက်လာစဉ်တွင် ဝေ့ရော့လိုင် တမင်တကာ ရှောင်းကျန့်နှင့် လက်တကမ်းအကွာက ခွာပြီးလျှောက်သည်..။

တလမ်းလုံးတိတ်ဆိတ်ငြိမ်သက်နေသည်မှာ ငှက်အော်သံပင် မကြားရ..။ ကတ္တရာလမ်းပေါ် စည်းချက်မှန်မှန်ကျနေသော ဖိနပ်သံတရှပ်ရှပ်သာ ကြားရသည်..။

ချစ်မိတဲ့အခါ...Where stories live. Discover now