Part - 7

628 59 27
                                    

နွေရာသီ၏ အပူချိန်က တရှိန်ရှိန်တက်လျက်..။ နေမြင့်လာသည်နှင့်အမျှ ပူလောင်ခြစ်တောက်လာတော့ လူတွေမှာ ပင်ပန်းနွမ်းနယ် နေကြသည်..။

ကံကောင်းထောက်မလို့ လေ့ကျင့်ရေးကွင်းက မိုးလုံလေလုံ အားကစားရုံထဲမှာမို့ အရမ်းပူသည်ဟု မထင်ရ ..။ ဝမ်ရိပေါ်က ရေခဲရေဘူးတွေကိုင်ပြီး အသင်းသားတွေကို မျှဝေပေးနေသည်..။ တယောက်သောသူကို မြင်သော အခါမှာတော့ သူ့နှုတ်ခမ်းမှာ အပြုံးလေးတခု ခိုတွဲလာသည်..။

"ကျန့်ကျန့်"

သူ့ကောကော အသံကြားတော့ ရှောင်းကျန့်က လှည့်ကြည့်ကာပြုံးပြသည်..။ Helmet ကို ချွတ်လိုက်ရာ နဖူးမှာ ဆံစအချို့က ချွေးနှင့်ကပ်ငြိနေလျက်..။

"နိဟောင် ကောကော"

သူ့အပြုံးက ပန်းဖူးလေးတဖူး ပွင့်အာလာသလို..။ ဝမ်ရိပေါ်မှာ မတ်တပ်ကြီး အသက်ရှူမှားရသည်..။ ရုတ်တရက် သူဘာပြောမလို့လဲဆိုတာကိုပင်‌ မေ့သွားလို့ မနည်းစဉ်းစားလိုက်ရသည်..။

"ကျန့်ကျန့်.. ဒီနေ့ နေ့လည် ပထမဆုံးပွဲက လျဲ့ဖုန်းအသင်းနဲ့ ကစားရမှာနော်.. လေ့ကျင့်တာ အဆင်ပြေလား ?"

ရှောင်းကျန့်က ယုံကြည်မှုရှိရှိ ပြုံးလိုက်သည်..။ အဲ့ ဘူလီကောင်တွေများ..။

"No problem"

ဝမ်ရိပေါ် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်..။ သူ ရှောင်းကျန့်ကို ယုံသည်..။ ဒါကြောင့်လည်း သူအသင်းက မဖြစ်မနေ ထွက်ခွာသွားရတော့ ရှောင်းကျန့်ကို ချန်ချင်လင့်၏ လက်ထောက်ခေါင်းဆောင်အဖြစ် ထောက်ခံပေးခဲ့တာ..။

"ရော့လိုင်ကို တွေ့မိသေးလား"

သူ လှည့်ပတ်မေးကြည့်တော့ အသင်းသားတယောက်မှဝေ့ရော့လိုင်ကို မမြင်မိကြ..။ နေ့လည်မှာ ကစားရတော့မှာကို တကယ်ဆို မနက်ကတည်းက training ဆင်းနေရမယ့်ဟာ..။

"သူ ကိစ္စရှိလို့ ခွင့်ခဏ ယူသွားတယ်"

ဝမ်ရိပေါ် မျက်မှောင်ကြုတ်သွားတော့ ရှောင်းကျန့်က သူ့ရင်ဘတ်သူ ပုတ်ပြကာ..

"ကျွန်တော် တယောက်လုံး ရှိနေတာပဲ.. ကောကော မစိုးရိမ်ပါနဲ့.. ကျွန်တော် နိုင်ပွဲရအောင် ယူပေးမယ်"

ချစ်မိတဲ့အခါ...Where stories live. Discover now