Part - 13

472 47 10
                                    

အချိန်က ညသန်းခေါင်..။ ကောင်းကင်မှာ လမင်းက ဘယ်ဆီဘယ်ဝယ် ပုန်း‌ရှောင်နေသည်မသိ..။ ကြယ်တာရာတို့ကသာ အရောင်မှိန်မှိန်ပေးစွမ်းလျက်..။

ဖုန်းringtone သံကြောင့် ဝမ်ရိပေါ် နိုးလာသည်..။ အိပ်ချင်မူးတူးဖြင့် caller ID ကို ကြည့်လိုက်သည်..။ ကျန့်ကျန့်ဟူသော နာမည်က သူ့ကို လုံးဝနိုးကြားသွားစေသည်..။

"ကျန့်ကျန့်.. ဘာဖြစ်လို့လဲ?"

သို့ရာတွင် တဖက်မှ ဖြေကြားသံက သူမျှော်လင့်နေသည့်အသံ မဟုတ်..။ တဖက်မှ စကားပြောသံကို နားထောင်ရင်း ဝမ်ရိပေါ် မျက်မှောင်ကျုံ့သထက် ကျုံ့လာသည်..။

"ဟုတ်ကဲ့.. ကျွန်တော် သူ့ကို အခုပဲ လာခေါ်လိုက်ပါ့မယ်"

ဝမ်ရိပေါ်တယောက် ဖုန်းချပြီး တွေ့ရာ အပေါ်ထပ်အင်္ကျီတထည်ကို ဆွဲကာ ပြေးထွက်လာခဲ့သည်..။

ညသန်းခေါင်မို့ လမ်းပေါ်မှာ လူသွားလူလာ သိပ်မရှိလှ..။  လမ်းမီးတိုင်မှာ ပိုးဖလံတို့ အတောင်တဖျပ်ဖျပ်ခတ်ရင်း လူးလာပျံဝဲနေသည့်အတွက် အလင်းရောင်က မှိန်တချို့ လင်းတဝက်..။

သူ့ရှေ့က နီယွန်မီးရောင်စုံနှင့် ဆိုင်းဘုတ်ကို ဝမ်ရိပေါ် နှုတ်ခမ်းတင်းတင်းစေ့ပြီး တချက်မော့ကြည့်လိုက်သည်..။ ကျွေ့ရှန်း Night club ဟူသည့် ဆိုင်းဘုတ်က ရောင်စုံ လင်းလက်လျက်..။ သူ တံခါးကို တွန်းဖွင့်ပြီး အထဲ ဝင်လာခဲ့သည်..။

မီးရောင်မှိန်မှိန်အောက်က စားပွဲဝိုင်းတွေ.. အကကြမ်းပြင်မှာ ပူးကပ်တွယ်ဖက်ပြီး ကနေကြသည့် စုံတွဲတွေကို ကျော်ကာ စင်၏ညာဘက်ခြမ်းကို သူရောက်လာခဲ့သည်..။

ဆိုဖာပေါ်မှာ အရုပ်ကြိုးပြတ် လဲနေသူက ရှောင်းကျန့်..။ သနားချင့်စရာ ချစ်ချင့်စရာ မျက်နှာလေးနှင့်..။

ဘေးမှာ waiterတယောက် ရပ်နေသည်..။ ဝမ်ရိပေါ် သူတို့ဆီ ဦးတည်ပြီးလာနေသည်ကို မြင်တော့ သူကလည်း ဝမ်ရိပေါ်ဆီ လျှောက်လာသည်..။ သူတို့နှစ်ယောက် အသိမိတ်ဆွေတွေဖြစ်ကြောင်း သေချာ confirm ပြီးမှ ရှောင်းကျန့်ကို ဝမ်ရိပေါ်နှင့် အတူတူ တွဲထူပေးသည်..။

"ကျေးဇူးပါခင်ဗျ.. ဒုက္ခပေးမိပြီ"

ဝမ်ရိပေါ်က ပြုံးလျက်ပြောသည်..။

ချစ်မိတဲ့အခါ...Tempat cerita menjadi hidup. Temukan sekarang