Part - 14

542 59 48
                                    

ရှောင်းကျန့်ကို သန့်ရှင်းရေး လုပ်ပေးပြီးတော့ အိပ်ရာပေါ် အသာပွေ့တင်လိုက်ပြီးနောက် ဝမ်ရိပေါ် ကုတင်ဘေးမှာထိုင်၍ တစိမ့်စိမ့် နူးနူးညံ့ညံ့လေး ကြည့်နေမိသည်..။

ဆံပင်နက်နက်တွေက ခေါင်းအုံးပေါ် ပြေလျော့ကျနေသည်..။ မျက်နှာဖြူနုနုက ငိုထား၍ ရဲချင်ချင်..။ မျက်တောင်ထူထူတွေက မျက်ရည်မခြောက်တတ်သေး၍ နဂိုထက် ပိုနက်မှောင်နေသလို..။

ဝမ်ရိပေါ် လက်ဆန့်၍ ရှောင်းကျန့်ခေါင်းလေးကို အုပ်ကိုင်လိုက်သည်..။ အိပ်နေလိုက်တာ.. အိန်ဂျယ်လေးလိုပဲ..။ ဘယ်လိုလူက ဘယ်လိုနှလုံးသားမျိုးနဲ့များ ဒီအိန်ဂျယ်လေးကို အနိုင်ကျင့်ရက်တာလဲ..။

တွေးရင်းတွေးရင်းနှင့် သူမျက်မှောင်ကြုံ့လာသည်..။ ရှောင်းကျန့် ချွတ်ထားသော အဝတ်အစားပုံထဲ မွှေနှောက်ပြီး သူ့ဖုန်းကို ရှာကြည့်သည်..။

အဲ့လူရဲ့ phone no တော့ ရှိမှာပဲ..။

ဝမ်ရိပေါ် ရှောင်းကျန့် လက်ဗွေနှင့် phone ကို lockဖြည်လိုက်ပြီး call history ကို ကြည့်သည်..။ Call history ထဲမှ phone no များကို အလျင်အမြန် ကူးယူလိုက်၏..။

***

"ဟယ်လို"

"ရှောင်းကျန့်ကို သိလား"

နက်ခ်တိုင်ချည်နေသော ယဲ့မီလက်တို့ ရပ်တန့်သွားသည်..။ ဟိုဘက်က မေးခွန်းက တဲ့တိုးဆန်လိုက်တာ..။ အသံကလည်း ယောကျာ်းသံ..။

"သိတယ်.. မင်းနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ"

"Video ရိုက်တာ မင်းလား"

ယဲ့မီ၏ ခပ်တင်းတင်းမျက်နှာထားက ပြေလျော့သွားပြီး မျက်မှောင်ကုပ်သွားသည်..။

"မင်း ဘယ်သူလဲ.. ရှောင်းကျန့် ဘယ်မှာလဲ"

ဒီကိစ္စကို သိသည့်လူက ‌သူနှင့် ရှောင်းကျန့်မှ လွဲလျှင် ကျန်သည့်သူ မရှိ..။ ပြီးတော့ ရှောင်းကျန့်ကလည်း ဘယ်သူ့မှ ပြောရဲမှာ မဟုတ်..။

"မင်းပဲကိုး!!"

ဝမ်ရိပေါ်အသံက တင်းမာနေသည်..။

"ငါတို့ မျက်နှာချင်းဆိုင် စကားပြောရအောင်"

"..."

ချစ်မိတဲ့အခါ...Where stories live. Discover now