Part - 27

460 49 26
                                    

ဆောင်းညတွေက ရေခဲတမျှ အေးစက်လှသည်..။ လိုက်ကာများမှာ လေအဝှေ့တွင် တဖျတ်ဖျတ် လူးလွန့်နေပြီး ကြမ်းပြင်နှင့်ထိခတ်ကာ အသံတချက်တချက် ထွက်လာသည်..။

ရှောင်းကျန့် လန့်နိုးလာသည်..။ သူ အသက်ဝဝရှူလိုက်၏..။ လေက လတ်ဆတ်အေးမြလို့..။ အရင်က ဖုန်နံ့တွေ မရှိတော့ဘူး..။

ရုတ်တရက်တော့ အရင်က ဖြစ်ခဲ့တာတွေက အိပ်မက်ဆိုးဟု သူထင်မိသေးသည်..။ မျက်လုံးကို ပွတ်သပ်ဖို့ လက်မြှောက်လိုက်ကာမှ သူ့လက်တွေက မြှောက်မရ..။ ကြိုးတုပ်ထားဆဲ..။

အိပ်မက်မဟုတ်ဘူးပဲ..။ ချုပ်ထားတဲ့ နေရာပဲ ရွှေ့သွားတာ..။

ရှောင်းကျန့် မချိပြုံး ပြုံးပြီး ထထိုင်လိုက်တော့ ‌ခြုံထားသည့် စောင်က လျှောကျသွားသည်..။ သူ့ကိုယ်အပေါ်ပိုင်းက အေးကနဲ..။ နေပါဦး...

သူ့ကိုယ်မှာ အဝတ်အစားရှိမနေ..။ တိရိစ္ဆာန်ကောင် ယဲ့မီက အဝတ်တစတောင် ဝတ်မပေးထားဘူးပဲ..။

ရှောင်းကျန့် နှုတ်ခမ်းကိုက်ပြီး ကုတင်ပေါ်မှ ခက်ခက်ခဲခဲ ဆင်းရန် ကြိုးစားသည်..။ သူ့ခြေထောက်ကို ကုတင်အစွန်းသို့ လှမ်းလိုက်စဉ် ခြေထောက်က တုံ့ကနဲဖြစ်သွားသည်..။

ရှောင်းကျန့် နာ၍ ညည်းလိုက်မိသည်..။ အိပ်ရာပေါ် ပြန်လှဲချလိုက်ရသည်..။ သူ့ခြေထောက်ကို မြှောက်ကြည့်မယ်လုပ်တော့ ချွင်ကနဲ အသံကြားရသည်..။

ရှောင်းကျန့် မျက်နှာ သွေးဆုတ်သွားသည်..။ သူ့ခြေထောက်မှာ... သံကြိုးတွေ..။ ခုနက စောင်ခြုံထားတော့ နွေးနေလို့ သူသတိမထားမိတာ..။

ရှောင်းကျန့် နှုတ်ခမ်းတင်းတင်းစေ့ပြီး သံကြိုးတွေကို ဆွဲဆောင့်သည်..။ ဖြူနုသော ခြေကျင်းဝတ်လေး နီရဲပွန်းပဲ့လာသည်အထိ..။ ခြေထောက်တွေကော လက်တွေပါ အရမ်းနာလာမှ သူ ကုတင်ပေါ် ပစ်လှဲမိသည်..။ သူ့မျက်ဝန်းထောင့်မှ မျက်ရည်တွေ စီးကျလာသည်..။

အတောင်ချိုးခံရသည့် ငှက်ငယ်လေးက လှောင်အိမ်ထဲမှာ..။ အတောင်တွေခေါက်သိမ်းပြီး သနားစရာ တွန်ကျူးနေရှာသလို..။

***

ယဲ့မီ တံခါးဖွင့်ပြီး ဝင်လာတော့ မြင်လိုက်ရသည့် မြင်ကွင်းက သူ့‌သွေးတွေကို ပွက်ပွက်ဆူလာစေသည်..။ လက်ထဲမှာ ကိုင်ထားသော ပန်းကန်ပင် လွတ်ကျသွားတော့မတတ်..။

ချစ်မိတဲ့အခါ...Unde poveștirile trăiesc. Descoperă acum