Part - 19

497 60 46
                                    

ခမ်းနားသော စားသောက်ဆိုင် တခု..။ မီးရောင်မှိန်မှိန်နှင့် တိုးသဲ့သော ဂီတသံက romantic ဆန်ဆန် ပတ်ဝန်းကျင်တခုကို ဖန်တီးပေးနေသည်..။

သူ့ရှေ့မှလူက မျက်လွှာလေး ချထားသည်..။ လိမ္မော်ရောင်အလင်းက မျက်နှာပေါ် ဖြာကျနေသည်မှာ ငေးမောလောက်စရာ အလှနတ်ဘုရား တပါးနှယ်..။

ယဲ့မီ ကော်ဖီတကျိုက် သောက်လိုက်သည်..။ ရှောင်းကျန့်ကို အကဲခတ်လိုက်ရင်း..

"ခုတလော အဆင်ပြေရဲ့လား"

"ဒီလိုပါပဲ"

ရှောင်းကျန့်ကို ကြည့်ရတာ အပိုဆာဒါးတွေ ပြောချင်ပုံမရ..။ လေသံက ခပ်ပြတ်ပြတ်..။

ယဲ့မီ စိတ်မဆိုးမိ..။ သူ့နှုတ်ခမ်းများက တွန့်ကွေးတက်သွားသည်..။ သူက လူကြီးလူကောင်းဆန်ဆန် ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း..

"မင်းရည်းစားနဲ့ ပျော်နေတာပေါ့ ဟုတ်လား"

ရှောင်းကျန့်က သူ့ကို ဆတ်ကနဲ မော့ကြည့်သည်..။ သူဘယ်လိုသိတာလဲဟု မေးချင်ပုံ..။

သူတို့ ပြတ်သွားသည်ကိုတော့ ယဲ့မီ မသိသေး..။

"အထင်မလွဲပါနဲ့.. မင်းကောင်လေးက ကိုယ့်ကို အရင်လာရှာတာ"

သူ့ရှေ့ကလူ အံ့ဩသွားပုံကို ကြည့်ရင်း ယဲ့မီ စကားလွှဲလိုက်သည်..။

"ဘာမှတော့ ထွေထွေထူးထူး မပြောဖြစ်ကြပါဘူး"

ရှောင်းကျန့် ကော်ဖီခွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်..။ ကောကောက ယဲ့မီကို တိတ်တိတ်လေး သွားတွေ့မည်ဟု သူ မမျှော်လင့်ခဲ့..။ ထိုအခိုက်မှာ သူ့ရင်ထဲ ဖော်မပြတတ်သော ခံစားချက်မျိုးစုံကို ခံစားလိုက်ရသည်..။

ဘာတွေ ပြောခဲ့ကြမလဲ မသိပေမယ့် ကောကောက သေချာပေါက် သူ့ဘက်က ပြောပေးခဲ့မှာပဲ..။

ဒီလိုတွေးမိတော့ ကြည်နူးမိပေမယ့် ဟိုနေ့ညက ကောကော၏ ပြတ်သားရက်စက်နိုင်ပုံကို တွေးမိတော့ သူ့အသည်းတွေ ကွဲရပြန်သည်..။ ပိုးမျှင်အိမ်တွေကြားထဲက ပိုးတုံးလုံးလေးလို သူမွန်းကျပ်လာသည်..။

"အဲ့ဒီတော့ အခု ပြောစရာရှိတယ်ဆိုတာ ဘာလဲ"

ရှောင်းကျန့်က မျက်ရည်ကျချင်ချင်ဖြစ်နေသော မျက်လုံးများကို မျက်တောင် တဖျတ်ဖျတ်ခပ်ရင်း ထိန်းသည်..။

ချစ်မိတဲ့အခါ...Место, где живут истории. Откройте их для себя