Part - 11

504 55 28
                                    

ယခု ရက်ပိုင်းအတွင်း ပွဲဦးထွက်မှာ ရှုံးထားသဖြင့် အားလုံးက မခံချင်စိတ်ဖြင့် အားကြိုးမာန်တက် ကစားကြသည်..။ နောက်ဆုံးမှာတော့ ကြိုးစားမှု၏ ရလဒ်အနေနှင့် ဖိုင်နယ်ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီ..။

"ဒီတခါလဲ လျဲ့ဖုန်းအသင်းနဲ့ပဲ"

ဝေ့ရော့လိုင်က အစည်းအဝေးလုပ်နေသော စားပွဲခုံပေါ် လက်ထောက်ပြီး မတ်တပ်ရပ်နေသည်..။ လျဲ့ဖုန်းအသင်းနဲ့ ပွဲစဉ်ကို သူမမေ့သေး..။ ပွဲဦးထွက်ကြီးကို အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရတာ..။ ရှောင်းကျန့်လည်း ဆူခံလိုက်ရသေးတယ်..။

စားပွဲဘေးမှာ ထိုင်နေသော ရှောင်းကျန့်ကို သူလှမ်းကြည့်လိုက်သည်..။ လည်တိုင်ကျော့ကျော့.. ပခုံးသွယ်သွယ်နှင့် ခေါင်းကိုငုံ့လျက် တိတ်ဆိတ်စွာ ထိုင်နေသည်..။

"ဒီတခါ နိုင်အောင် ကစားကြမယ်!!"

"ဟုတ်တယ်.. Captain ကော လက်ထောက်ခေါင်းဆောင်ကော ရှိနေမှတော့ သေချာပေါက် နိုင်မှာ!!"

သူ့အသင်းသားတွေ၏ ယုံကြည်ချက်အပြည့်နှင့် အားမာန်တွေကို မြင်တော့ ဝေ့‌ေရာ့လိုင် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်..။ သူရှောင်းကျန့်ကို စကားပြောမလို့ လှမ်းကြည့်လိုက်သည်..။ ရှောင်းကျန့်က ငေးငေးငိုင်ငိုင်..။ ဘာတွေ တွေးနေမှန်းမသိ..။

"ရှောင်းကျန့်.. ရှောင်းကျန့်!!"

နှစ်ခါသုံးခါ ခေါ်လိုက်မှ လန့်သွားဟန်ဖြင့် လှည့်ကြည့်လာသည်..။

"ဟမ်!!"

"လက်ထောက်ခေါင်းဆောင်.. ဒီခါတော့ ကျွန်တော်တို့ နိုင်မှာပါနော်.. လျဲ့ဖုန်းအသင်းရှုံးမှာ.. ဟုတ်တယ်မလား"

အသင်းသားတွေက သူ့ကို မျှော်လင့်တကြီး ကြည့်ပြီး မေးသည်..။

"အာ.. အင်း.."

သူ့အပြုံးက အသက်မပါ..။ အစည်းအဝေးပြီးတော့ ဝေ့ရော့လိုင် သူ့ကို ခဏနေခဲ့ခိုင်းလိုက်သည်..။

"ဘာလဲ.. ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိဘူးလား"

"မဟုတ်ပါဘူး"

တကယ်တော့ လျဲ့ဖုန်းအသင်းဆိုတဲ့ နာမည်ကြားရင်ကို သူ့အိပ်မက်ဆိုးတွေ ပြန်ပေါ်လာပြီး စိတ်ထဲ လေးလံလာသည်..။

ချစ်မိတဲ့အခါ...Where stories live. Discover now