Part - 25

436 61 34
                                    

ညနက်လာသည်နှင့်အမျှ ဆေးရုံမှာ လူရှင်းပြီး တိတ်ဆိတ်လာသည်..။ စင်္ကြလမ်းတလျှောက်တွင် မီးရောင်မှိန်မှိန်သာ ထွန်းထားသည်..။

ရှောင်းကျန့် သူနာပြုကောင်တာတွင်ချိတ်ဆွဲထားသော နာရီကို ကြည့်လိုက်သည်..။ ည ၁၁နာရီ ၄၅မိနစ်..။ သူ ဆေးရုံအခန်းတခု၏ တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်..။

ဒီနေ့ညလရောင် ထိန်ထိန်သာသည်..။ လျော့ရဲနေသော ခန်းဆီးများကြားမှ လရောင်က အခန်းအတွင်း ကွက်တိကွက်ကြား ဖြာကျနေသည်..။ လရောင်၏ အကူအညီနှင့် ရှောင်းကျန့် ကုတင်ပေါ် အိပ်ပျော်နေသူကို ကြည့်လိုက်သည်..။

အိပ်ပျော်နေသည့် ဝမ်ရိပေါ်အနား တိုးသွားတော့ ရှောင်းကျန့် နှလုံးသားလေး နူးညံ့လို့လာသည်..။ တိတ်ဆိတ်သော အခန်းထဲတွင် ကောကော၏ အသက်ရှူသံမှန်မှန်နှင့် သူ့နှလုံးခုန်သံ တဒိတ်ဒိတ်သာ ကြားနေရသည်..။

‌လောကမှာ ဘယ်အရာမှ မှန်းဆလို့မရဘူး..။ ကောကော သူ့ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တာတွေ အကုန်လုံးကို ညီလေးတယောက်လို ချစ်လို့လို့ မှတ်နေခဲ့တာ..။ တကယ်တော့ အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူအတွက် ကိုယ့်နှလုံးသားရဲ့ ဆန္ဒကိုတောင် လျစ်လျူရှုနိုင်ခြင်းပဲ..။

ကြိုက်တာက ကိုယ့်ဆန္ဒကို ဦးစားပေးတာ..။ ချစ်တာက သူ့ဆန္ဒကို ဦးစားပေးတာ..။ သူတော့ ဒီလိုပဲ ထင်တယ်..။ သူ အခုတော့ သူနဲ့ပတ်သက်ခဲ့ဖူးတဲ့ သုံးယောက်က ချစ်တယ်လို့ ပြောကြတဲ့ အဓိပ္ပာယ်ကို နားလည်ပြီထင်တယ်..။

ဝေ့ရော့လိုင်ပဲဖြစ်ဖြစ် ယဲ့မီပဲဖြစ်ဖြစ် သူ့ကို ချစ်လှချည်ရဲ့ ကြိုက်လှချည်ရဲ့လို့သာပြောတာ.. သူ့ခံစားချက်ကို ထည့်မစဉ်းစားပေးကြဘူး..။ သူတို့ဆန္ဒ ပြည့်ဝဖို့ပဲ..။

စစချင်း သူ့ကို ရအောင် နည်းမျိုးစုံသုံးတယ်..။ လူကိုရယူပြီးတော့ နှလုံးသားကိုပါ လိုချင်တယ်..။ ဒီလို နည်းလမ်းမျိုး ဘယ်မှာ ရှိလို့လဲ..။ သူတို့လောဘရဲ့ ဆိုးကျိုးကို သူတို့ပဲ ခံရမယ်..။

သူ့နှလုံးသားမှာလည်း သုံးယောက်လုံးအတွက်တော့ နေရာမရှိနိုင်ဘူး..။ ပြီးတော့ သူမချစ်တဲ့သူကို ဇွတ်အတင်း မချစ်ချင်ဘူး..။

ချစ်မိတဲ့အခါ...Where stories live. Discover now