Part - 22

440 60 27
                                    

"ဘာတွေ တွေးနေတာလဲ"

စကားသံက တည်ငြိမ်သော ကန်ရေပြင်ကို ခဲတလုံး ပစ်ချလိုက်သလို ရှောင်းကျန့်ကို အတွေးထဲ လွင့်မျောနေရာမှ နိုးကြားသွားစေသည်..။

ကုတင်ပေါ်လဲနေသော ယဲ့မီ ဘယ်အချိန်ကတည်းက နိုးပြီး သူ့ကို စိုက်ကြည့်နေတယ်မသိ..။

အဲ့ဒီ မျက်လုံး စူးစူးတွေကို တွေ့တော့ ရှောင်းကျန့်ရင်ထဲ အပြစ်ရှိသလိုလို ရှက်မိသလိုလို ခံစားလိုက်ရသည်..။ သူ မလုံမလဲနှင့် မျက်တောင်တဖျတ်ဖျတ် ခတ်မိသည်..။

"နိုး.. နိုးပြီလား"

ခုံပေါ်မှာ ယုန်ကလေးလို လှုပ်စိလှုပ်စိထိုင်နေသူ..။ လက်နှစ်ဖက်က အချင်းချင်း ပွတ်သပ်ဆုတ်ချေလျက်..။ သူ့ကို တည့်တည့်မကြည့်ရဲ..။ ဒါကို ကြည့်ပြီး ယဲ့မီ စနောက်ချင်စိတ်တွေ တဖွားဖွား..။

"အင်း"

ယဲ့မီကပြောရင်း ကုတင်ဘေးကို ပုတ်ပြသည်..။

"ရှောင်း.. ကိုယ့်ဆီလာပါဦး"

ရှောင်းကျန့် ယဲ့မီကို မော့ကြည့်သည်..။ ဘာပဲပြောပြော သူကြောင့် ဒဏ်ရာရတာပဲလေ..။ သူ ကလန်ကဆန်မလုပ်ပဲ လိလိမ္မာမ္မာနှင့် အနားသွားထိုင်သည်..။

သူ အနားနီးလာသည်နှင့် ခပ်မွှေးမွှေး ခပ်သင်းသင်း ရနံ့ကလေးက သင်းကနဲ..။ မျက်လွှာချထားသည့် မျက်တောင်ရှည်စင်းစင်းတွေရယ်.. သွယ်လျသည့် လည်တိုင်လေးရယ်ပါ ပေါင်းလိုက်တော့ ယဲ့မီရင်တွေ တဒိတ်ဒိတ် ခုန်လာသည်..။

"ယဲ့မီ.. တောင်းပန်ပါတယ် . ငါ မရည်ရွယ်ပါဘူး"

ရှောင်းကျန့်က အသက်ပြင်းပြင်းရှူရင်း ပြောသည်..။

သူကျိန်ရဲတယ်.. ယဲ့မီခေါင်းကို သေချာချိန်ပြီး ရိုက်ခဲ့တာ မဟုတ်ဘူး..။ တကယ် မတော်တဆ ဖြစ်သွားတာ..။

ပြီးတော့ ယဲ့မီ ဒဏ်ရာရသွားတာ မြင်တော့ သူ့မှာ ဝိဉာဉ်လွင့်မတတ်ကြောက်သွားသည်..။ နောင်တတွေလည်း ရပါရဲ့..။

ယဲ့မီတယောက် တမင်လုပ်တာ မဟုတ်မှန်း သိသော်လည်း ရှေ့က လူကို စ,ချင်သေးသည်..။ သူက ဝမ်းနည်းပက်လက်ဟန်ဖြင့်

ချစ်မိတဲ့အခါ...Where stories live. Discover now