Part - 26 🔞🔞

699 51 38
                                    

Warning : non consensual sex

သူ့နှာခေါင်းထဲမှာ ဖုန်နံ့နှင့် အမှိုက်သရိုက်နံ့များ ရနေသည်..။ ရှောင်းကျန့် လက်ကောက်ဝတ်ကို လှုပ်ကြည့်သည်..။ မရ..။

ဘယ်သူက သူ့ကို ပြန်ပေးဆွဲချင်တာလဲ..။ သူက မီလျံနာကြီးလည်း မဟုတ်ပဲနဲ့..။

ပတ်ဝန်းကျင် တခုလုံးက တိတ်ဆိတ်နေသည်..။ ကြည့်ရတာ သူ့နားမှာ တယောက်မှ ရှိပုံမရဘူး..။ ဒီအချိန်က လွတ်မြောက်ဖို့ အကောင်းဆုံးအချိန်ပဲ..။

သူအံကြိတ်ပြီး လက်ကောက်ဝတ်ကို ချည်ထားသော ကြိုးကို ကုတင်စောင်းနှင့်ဖြတ်သည် ..။ အဝတ်စကြိုးနှင့် ချည်ထား‌သည်ဖြစ်၍ ကုတင်စောင်းကို အားနှင့် တိုက်တော့ ပြဲချင်လာသည်..။

အခန်းတခုလုံးမှာ ကုတင်စောင်းနှင့် အဝတ်စ ပွတ်သံသာ ကြားနေရသည်..။ ရှောင်းကျန့်ရင်တွေ တဒုန်းဒုန်း ခုန်လာသည်..။ ဘယ်အချိန် ဘယ်သူ ဝင်လာမလဲမသိ..။ မဝင်ခင် လွတ်မှ ဖြစ်မယ်..။

"ဒီ........."

ရုတ်တရက် သူ့ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းက တုန်ခါလာသည်..။

ရှောင်းကျန့် အံ့အားသင့်သွားသည်..။ ဒီကောင်တွေ ငါ့ဖုန်းကို မသိမ်းရသေးဘူးပဲ..။

ရှောင်းကျန့် လက်မှ ကြိုးကို ဖြတ်နေတာရပ်၍ နောက်ကျောကို ကုတင်ခြေရင်းဘက်လှည့်ကာ ဖုန်းကို ကုတင်စောင်းနှင့် ပင့်တင်ပြီး ထုတ်ဖို့ကြိုးစားသည်..။ ခြေတွေကော လက်တွေကော တုပ်နှောင်ခံထားရ၍ လှုပ်မရ..။ ကုတင်စောင်းနှင့်ပဲ အိတ်ထဲက ဖုန်းကို တွန်းထုတ်ဖို့ ကြိုးစားရသည်..။

သူ့ခွန်အားတွေ အကုန်လုံးကို ခါးနှင့် ဗိုက်မှာ စုစည်းထားသည်..။ ပက်လက်လန်နေရာမှ တွန့်လိမ်ပြီး အိတ်ကပ်ထဲက တုန်ခါနေသော ဖုန်းကို ထုတ်နေရသည်..။ သူ့နဖူးမှ ချွေးသီးချွေးပေါက်တို့ ကျလာပြီး အသည်းတွေ တုန်လာသည်..။

ဘာလို့.. ထုတ်မရတာလဲ..

မြန်မြန်လေး.. မြန်မြန်..

ဖုန်း သုံးပုံနှစ်ပုံလောက် အိတ်ကပ်ထဲမှ အပြင်ထွက်လာစဉ်မှာပင် ကျွီကနဲမြည်ပြီး တံခါးက ပွင့်သွားသည်..။

ချစ်မိတဲ့အခါ...Where stories live. Discover now