Part - 24 🔞🔞

728 65 52
                                    

"အဲ့ဒီတော့ တချက်လောက် ဝင်ကြည့်မလား"

ဝေ့ရော့လိုင်က မေးဆတ်ပြရင်းပြောသည်..။ ရှောင်းကျန့် ခေါင်းငုံ့ရင်း လေသံမသဲမကွဲနှင့်..

"ငါ... ငါ__"

သူဆက်မပြောနိုင်ခင်မှာပင် အခန်းထဲမှ ငြင်းသံခုန်သံများ ထွက်လာသည်..။ တဖန် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် တံခါး ဒိုင်းကနဲ ပွင့်လာသည်..။

"သူများကိစ္စထဲ ဝင်မပါဖို့ ငါ မင်းကို သတိပေးလိုက်မယ်!!"

ယဲ့မီ လေသံပြတ်ပြတ်နှင့် ပြောပြီး ဒီဘက်လှည့်တော့ ရှောင်းကျန့်တို့ နှစ်ယောက်နှင့် သွားတိုးသည်..။

"ယဲ့မီ.. ခင်ဗျားဘာလို့ ဒီရောက်နေတာလဲ"

ရှောင်းကျန့်က တအံ့တဩနှင့်မေးသည်..။

ခုနကမှ ကောကော နှင့် ယဲ့မီကြား ဗျာများနေတာ..။ ခုကျ သူတို့နှစ်ယောက် တခန်းထဲ ဘာများ လုပ်နေကြပါလိမ့်..။

ယဲ့မီက သူမေးတာကို မဖြေ..။ သူနှင့် ဝေ့ရော့လိုင်ကို မျက်လုံးများ မှေးကျဉ်းကာ ကြည့်လိုက်ပြီး သူ့မျက်လုံးများက မည်းမှောင်သွားသည်..။

"ရှောင်း.. မင်းက သူနဲ့ ဘာလုပ်နေတာလဲ"

ရှောင်းကျန့်ဘေးက သူကို ယဲ့မီ မျက်မှန်းတန်းမိသည်..။ ဝေ့ရော့လိုင်..။ အရင်က ပွဲတော်တော်များများ ကစားဖူးသည်..။ နောက်တော့ ရှောင်းကျန့် အသင်းထဲ ရောက်သည့်အချိန် ဒီလူ၏ စူးရဲနေသောအကြည့်တွေကိုလည်း သတိထားမိသည်..။

ကျွတ်.. လာပြန်ပြီ နောက်တကောင်..။

ယဲ့မီက မျက်ခုံးပင့်ကာ ရှောင်းကျန့်ခါးကို ခိုင်မာမြဲမြံစွာ လှမ်းဖက်လိုက်သည်..။ ရှောင်းကျန့်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ဝေ့ရော့လိုင်ကို စိန်ခေါ်သလို လှမ်းကြည့်၏..။ သူ့ပိုင်ဆိုင်မှုဖြစ်ကြောင်း မဏ္ဌပ်တိုင်တက်ပြနေသလို..။

ဝေ့ရော့လိုင် မျက်လုံးက ရှောင်းကျန့် ခါးသွယ်သွယ်ထက်မှ ဝေ့ရော့လိုင် လက်ပေါ်သို့ ရောက်သွားသည်..။ သူက နှုတ်ခမ်းတွန့်ကာ ပြုံးရင်း..

"အထင်မလွဲပါနဲ့.. လမ်းကြုံတုန်း စကားစမြည် ပြောနေတာပါ"

"ဪ.. ဟော်"

ချစ်မိတဲ့အခါ...Where stories live. Discover now