Part - 8

794 52 53
                                    

Warning : non consensual sex, public sex

Public sex မကြိုက်ရင် လှည့်ပြန်နော်..

နည်းနည်းဆဲသွားလို့ရတယ်.. အတော်လေးနီလို့ 🥹

***

"သူ့ကို ချုပ်ထားလိုက်!!"

ယဲ့မီ သူ့နောက်လိုက်လေးယောက်ကို လှမ်းအော်လိုက်သည်..။

ရှောင်းကျန့် ဆတ်ကနဲဖြစ်သွားသည်..။ သူ ချက်ချင်းပင် ခုခံရန် အနေအထားအသင့်ပြင်လိုက်ပြီး..

"စကားကို အေးဆေးပြောလို့မရဘူးလား.. လက်ပါမှ ဖြစ်မှာလား!"

ယဲ့မီက သူ့ကို ကြည့်ပြီး နတ်ဆိုးဆန်ဆန်ပြုံးသည်..။

လူလေးယောက်က ရှောင်းကျန့်ကို ဝိုင်းထားသည်..။ ရှောင်းကျန့်က အရင်လှုပ်ရှားသည်..။ သူ့ရှေ့က လူကို ဖြောင့်လက်သီး တလုံးပေးလိုက်သည်..။ သို့သော် လက်သီးက ပစ်မှတ်မရောက်ခင်မှာပင် ကျန်လူနှစ်ယောက်က သူ့ကို ချုပ်ထားသည်..။ သူ့ရှေ့မှလူက ရှောင်းကျန့် အရှိုက်ကို ဝိုက်လက်သီးတလုံး ပစ်သွင်းလိုက်သည်..။ အားက မများသော်လည်း ရှောင်းကျန့် ယိုင်ကျသွားသည်..။ နောက်က လူနှစ်ယောက်ကလည်း ချုပ်ထား၍ မလှုပ်နိုင်တော့..။

"အာ့"

မျက်စိတမှိတ်အတွင်းမှာပင် ရှောင်းကျန့် လှလှပပကြီး ရှုံးသွားပြီ..။

ယဲ့မီက ဟက်ကနဲရယ်ပြီး ရှေ့တိုးလာကာ ရှောင်းကျန့်မေးဖျားလေးကို ကိုင်၍ ဆွဲမော့သည်..။ မျက်ဝန်းသွယ်သွယ်တို့က သူ့ကိုကြည့်နေသည်မှာ ဒေါသအပြည့်နှင့်..။

"ဇ,ရှိရင် by one ချမလား.. အုပ်စုအားမကိုးပဲနဲ့လေ"

"By one ချမှာပါ.."

ယဲ့မီက နှုတ်ခမ်းတဖက်တွန့်ကာ ပြုံးရင်းပြောသည်..။ သူ့မျက်လုံးထဲမှာ ဆာလောင်မှုအပြည့်..။ သူက အသားမာတက်နေသော လက်ဖဝါးနှင့် ရှောင်းကျန့်မျက်နှာဖြူနုနုကို ပွတ်သပ်နေရင်း..

"အလှလေးကို မချပဲ ပြန်လွှတ်ပေးလို့ ဘယ်ဖြစ်မလဲ"

ရိသဲ့သဲ့စကားတွေကြောင့် ရှောင်းကျန့်မှာ အံ့အားသင့်ပြီး ဘာမှမပြောနိုင်..။ ခဏနေမှ လက်ကို ရှောင်လိုက်ကာ ဒေါသတကြီးဖြင့်..

ချစ်မိတဲ့အခါ...Where stories live. Discover now