ဒီစံအိမ်ကို ရောက်ကတည်းက ခေါင်းဆောင်ဆိုသောသူကို မြင်ဖူး ဖို့ မဆိုထားနှင့်
အဝေးကနေတောင် လှမ်းကြည့်ခွင့်မရဖူးပါ။
အခုလည်း သူကျောင်းဆင်းပြီးပြီး ချင်း ခြံဝန်း၏
ဘေးဘက်ရှိ လူတကိုယ်စာ သာသာ ကျယ်သော
ဝင်ပေါက်သေးသေးလေးမှ ဝင်လာခဲ့သည်။ Hyung
၏ တောင်းဆိုမှုကြောင့် သူ့ကို အလုပ်အကူလောက်
အဖြစ်သာ ခိုင်းကာ ကျောင်း ထားပေးထားသည်...
ကျွန်တော့်၏ ယခု အခြေအနေသည် သူများအတွင် ခိုင်းဖက်သာသာ အဆင်ဖြစ်သော်လည်း ကျွန်တော်
စိတ်ဓါတ်မကျမိပါ။ တခါတရံ အားငယ်စိတ်တို့
ဖြစ်မိသော်လည်း Hyung ကိုတွေးမိတိုင်း အားငယ်စိတ်တို့ ကို မောင်းထုတ်ပစ်ရလေသည်။
'ခေါင်းဆောင်ကြီး ကျွန်တော်တောင်းပန်ပါတယ်
တခါမှားမိတာကို ခွင့်လွှတ်ပေးပါ '
ကျယ်လောင်လှသော အော်သံကြောင့် သူ အလုပ်သမားတန်းလျားဆီ သွားနေရာမှ ရပ်သွားမိသည်။ မသွားပါနှင့်ဟု တားနေကြသော
စံအိမ်တော်ကြီးဘက်မှ ထွက်လာသော အသံကြောင့်
သူ ပို အံ့သြသွားရသည်။ သူကျောင်းသွား ချိန်လေးသာ စံအိမ်တော်ကြီး ဘေးနားက ဖြတ်ကာ
သုတ်သုတ် သုတ်သုတ် သွားဖူးသည်မှ လွဲ၍ လှည့်၍ပင် မကြည့်ဖူးပါ။ အမြဲတိတ်ဆိတ်နေလေ့ရှိ
သော စံအိမ်တော်ကြီးမှ သည်လို အသံမျိုး
ကြားရသည်ဆိုတော့. . .
'ခေါင်းဆောင်ကြီး ကျွန်တော်နောက်မမှားတော့ပါဖူး
ဒီတခါလေး. .
ပြောသံမဆုံးမီ ဝုန်းခနဲ လှဲသွားသော အသံကြောင့်
Baekhyun အလန့် တကြားလှမ်း ကြည့်လိုက်မိတော့
မြင့်မားသော အရပ် နှင့်လိုက်ဖက်ညီစွာ မီးခိုးရောင်
ကုတ်အကျီင်္အရှည်ကို ဝတ်ထားသော လူတယောက်ကို ဒူးဖက်တောင်းပန်နေသော လူတယောက်ကို လှမ်းမြင်ရလေသည်။
![](https://img.wattpad.com/cover/58060787-288-k113784.jpg)