Part 13

47.8K 3K 115
                                    

Part-13

နိုင်ငံခြားခရီးသွားလေ့ရှိသော သူ့ကို Fight စီးရင် Upper Class စီးမည်ဟုထင်ထားခဲ့ရာ အထင် နှင့် အမြင် တက်တက်စင်အောင် လွဲလေသည်။ သူ့ကိုယ်ပိုင်လေယာဉ်ကို မြင်မှ သူဘယ်လိုလူလဲဆို တာ သတိရလာမိသလို ... ...ဒီအတောအတွင်း သူ့ အဆင့်အတန်းကို ကျွန်တော် မေ့နေခဲ့တာ ...

'လာလေ ...ဘာလုပ်နေတာလဲ လေယာဉ် မမြင်ဖူးဘူးလား?? '

'ဟီး ကျွန်တော် တခါမှ မစီးဖူးဖူး ပြီးတော့ ဒီလို ကိုယ်ပိုင်လေယာဉ်မျိုး တခါမှ မမြင်ဖူးဖူးဗျ'

'ဟုတ်ပါပြီ အထဲဝင်ရအောင် အထဲရောက်မှ မင်း မမြင်ဖူးတာတွေ အဝကြည့်ပေါ့ ဟုတ်ပြီလား??'

သူ၏ ချော့မောသလို အပြောမှာ ကျေကျေနပ်နပ် လေး ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။

သူနှင့်အတူ ခရီးသွားတိုင်း တာဝန်ခံ Chen နှင့် YoungMin Arjushi က အမြဲလိုက်ပါသည် ဟုဆိုသည်။ YoungMin Arjushi က သက်တော်စောင့်အဖွဲ့ကို ကြီးကြပ်ကာ တာဝန်ခံ Chen ကတော့ သူ့အတွက် အကြံပေး ဖြစ်လေ သည်။

'အခု ဘယ်သွားနေတာလဲ ဟင်?'

' Los Angeles'

'အဝေးကြီးပဲ အခု US ကို သွားနေတာပေါ့ '

'အင်း'

ဒါပါပဲ ...သူ့ဘေးမှာ ထိုင်နေသော တာဝန်ခံ Chen နှင့် စကားပြောတာ ပျင်းဖို့ ကောင်းလှသည်။ စာအုပ်ထူထူတစ်အုပ်ကိုင်ကာ ဖတ်နေသည်မှာ လေယာဉ်စပျံကတည်းက... စကားပြောတာလဲ မေး တခွန်း ဖြေတခွန်းနဲ့ ...ပျင်းလိုက်တာ ...

' မင်း အိပ်ချင်ရင် အိပ်လေ ...ခေါင်းဆောင်ကြီးနား တော့ မသွားနဲ့ သူ အလုပ်ရှုပ်နေတယ် '

သတိပေးသလို ခပ်တိုးတိုးစကားသံကြောင့် ရှေ့ခုံက သူ့ကို လှမ်းကြည့်တော့ အလုပ်တွေရှုပ်နေတာ မြင်ရ သည်။ သူ့ခမျာလဲ လေယာဉ်စီးတာကို ဇိမ်နဲ့ မစီးနိုင်ရှာပါလား... ...

နောက်တော့လည်း လေယာဉ်ခရီးစဉ်တစ်လျှောက် လုံး အိပ်လိုက် နှိုးလိုက်ဖြင့်သာ အချိန်ကုန်တော့ သည်။

Los Angeles မြို့ရဲ့ တောက်ပလင်းလက် ခေတ်မီသော မီးရောင်စုံတွေကြားမှာ ခန့်ညားတဲ့ အဆောက်အအုံတွေ ...ရှုခင်းမြင်ကွင်းတွေ... စည်ကား သိုက်မြိုက်နေတဲ့ နေရာတွေ ... အရာရာဟာ တကယ့် ကမ္ဘာသစ်တခုလို ...

Strangest LoveWhere stories live. Discover now