Part 7

48.9K 3.2K 25
                                    

Part 7

ပူးကပ်နေတဲ့ မျက်တောင်တွေကို လှုပ်ခတ်ဖို့ ကြိုး စားရင်း မျက်ခွံတွေကို ပင့်တင်ဖို့အားထုတ်မိတော့ မကြာမီ မြင်လွှာထဲ အလင်းမှိန်လေးတစ ဝင်ရောက် လာလေသည်။

' Baekhyun... ညီလေး နိုးလာပြီလား??

ဘယ်နားက နာနေလဲ?? သက်သာရဲ့လား?? ဘယ်နေရာ အဆင်မပြေဖူးလဲ ?? hyung ကို ပြောပြပါ baekhyun... ...'

နားစည်ပါးပါးထဲ စုပြုံတိုးဝင်လာသော အသံတွေက SaungMin Hyung ရဲ့ အသံတွေမှန်း သိလောက်အောင် အသိစိတ်ကပ်သွားပေမယ့် ကျွန်တော့် မြင်လွှာတွေက အခုထိ ရေရေရာရာ မသဲကွဲသေး...။

အနည်းငယ် အားစိုက်ထုတ်လိုက်တော့ မျက်ဝန်းတွေ ရဲ့ ရှေ့မှာ စိုးရိမ်တကြီးစိုက်ကြည့်နေသော SaungMin Hyung ရဲ့ မျက်နှာကို မြင်ရလေသည်။

' Hyung... '

'ညီလေး နိုးလာလို့ တော်သေးတာပေါ့ ဒီသုံးရက်လုံး Hyung တချိန်လုံး စိတ်တွေပူနေခဲ့တာ ငါ့ညီသာ တစ်ခုခုဖြစ်ရင် Hyung ရင်ကျိုးရမှာ ... ပြန်နိုးလာ ပေးလို့ ကျေးဇူးတင်တယ်'

Baekhyun စကားဘာမှ ပြန်မပြောမိပဲ အပြုံး

မမည် သော အပြုံးလေးတစ်ပွင့်သာ မျက်နှာရိပ် ပေါ်တွင် ထင်လာလေသည်။ ဘေးပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်မိတော့ ဆေးရုံအခန်းတခန်း ဖြစ်ပုံပေါ်သည်။

'Baekhyunee... အားရှိသွားအောင် ဆန်ပြုတ်ဖြစ် ဖြစ် သောက်ရအောင်နော်... Hyung သွားဝယ်လိုက်မယ် ဒီကြားထဲ Glucoseပဲ သွင်းထားသော မင်း အရမ်းအားနည်းနေမှာ... '

အားတက်သရော ပြောနေသော Hyung  ကြောင့်  Baekhyun ခေါင်းကို ခပ်လေးလေး ညိတ်ပြမိသည်။

SaungMin Hyung ထွက်သွားတော့ နံရံဘက်ကို မျက်နှာမူဖို့ ကြိုးစားရင်း ခန္ဓာကိုယ်ကို လှည့်လိုက်သော နာကျင်မှုတွေက အကင်းမသေ သေး။ အသက်ပြင်းပြင်းရှုလိုက်တိုင်း စိမ့်တက်လာ သော နာကျင်မှုတွေက ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း ဖော်ပြနေသလိုပင်။

သူ့လက်တဖက်ကို အသာ မယူကြည့်မိသော လက်ဖမိုးပေါ်မှာတင် အညိုအမည်းစွဲနေသော အရာကြီး...။ ဒါမျိုးဒဏ်ချက်တွေ သူ့ကိုယ်ပေါ်မှာ ဘယ်လောက်များများရှိနေမှာပါလိမ့်...

Strangest LoveNơi câu chuyện tồn tại. Hãy khám phá bây giờ