Part 29

39.4K 2.6K 482
                                    

Part -29

ထိုနေ့ မှစပြီး စံအိမ်တော်သို့  Hyung ရောက်လာခဲ့သည်။ စတွေ့ တွေ့ ချင်း စံအိမ်တော်ဧ။် ကြိုဆိုပုံက Hyung အတွက် ခက်ထန်ခဲ့ သော်လည်း ကျွန်တော့် ဧ။် အစ်ကိုရင်းဖြစ်သူမှန်းသိသိချင်း ဆက်ဆံပုံအရောင်ကွဲ သွား သော လူတွေကို ကျွန်တော်သံဝေဂရစွာ ကြည့်ဖြစ်ခဲ့သည်။

ထောင်ကထွက်လာပြီးပြီးချင်း သူ့ သူငယ်ချင်းကို တွေ့ ဖို့ အားချင်းလာခဲ့ ပုံရသော Hyung ကို SaungMin Hyung သေသွားတဲ့အကြောင်းကို ရင်နာနာနှင့်ပြောမပြချင်ခဲ့...။

အလွန်သစ္စာစောင့်သိစွာ ကိုယ့်ဘ၀ကို ထောင်ထဲမှာ နစ်မြှပ်ခံပြီး ထောင်ကထွက်ထွက်ချင်း လာရောက်ဦးညွှတ်ရလောက်အောင် သူအလွန်လေးစား ရိုသေရတဲ့ ခေါင်းဆောင်ကြီးဆိုသူက သူ့ အချစ်ဆုံးသူငယ်ချင်းကို ကိုယ်တိုင် သတ်လိုက်တဲ့အကြောင်းကို သတ္ကိရှိရှိ မဖွင့်ဟချင်ခဲ့..။

ထိုသို့ သော လူမျိုးကို အရာအားလုံးသိနားလည်ခဲ့ပြီးသော ကျွန်တော်က ခွင့်လွှတ်ကြည်ဖြူစွာ အသက်ကိုပင် စွန့် မတတ် ချစ်မြတ်နိုးနေရသည့် အကြောင်းကို ရဲရဲဝံ့ ဝံ့ ၀န်မခံချင်ခဲ့..။

ထိုအကြောင်းအရာ အားလုံးကို စံအိမ်တော်သို့ ရောက်ပြီး တစ်ပတ်လောက်အကြာတွင် Hyung တစ်ဆင့်စကားတို့ ဖြင့် သိသွားခဲ့သည်။ ထိုနေ့ က ထောင်ထဲဝင်သွားစဉ်ကပင် မကျခဲ့ဖူးသော Hyung မျက်ရည် ဖြူလဲ့ လဲ့ တို့ ကို ပထမဆုံးအကြိမ် မြင်ခဲ့ ဖူးခြင်းဖြစ်သည်။

နောက်ပိုင်းမှာတော့ အရယ်အပြုံးများသောHyungက သိသိသာသာပင် နှုတ်နည်းသွားခဲ့သည်။ ကျွန်တော့် အပေါ်နွေးထွေးသော်လည်း အပြုအမူများမှာ အရင်ကထက် မြင်သာစွာ သွေးအေးသွားခဲ့သည်။

ကျွန်တော့်ငိုယိုတောင်းပန်မှုကြောင့် အပြင်မှာထွက်နေမည်ဟု ပြောသော Hyungက စိတ်မသက်မသာနှင့်ပင် စံအိမ်တော်မှာသာ တူတူဆက်နေခဲ့သည်။ Hyung နေတဲ့ အခန်းက တစ်ချိန်က ကျွန်တော်နေခဲ့ဖူးသော စံအိမ်တော် အောက်ထပ်က အခန်း ဖြစ်သည်။

ဒီနေ့ မနက် အိပ်ရာထပြီး မနက်ရေမိုးချိုးကာ Yeol နှင့် ကျွန်တော် မနက်စာစားဖို့  အောက်ထပ်ဆင်း လာတော့ ထမင်းစားပွဲမှာ ကော်ဖီသောက်နှင့် နေသော Hyung ကိုတွေ့ ရသည်။ ကော်ဖီမြန်မြန်သောက်ပြီး ထသွားမလို့ ပြင်နေတဲ့  Hyung ကြောင့် ကျွန်တော်စိတ်တော့မကောင်း။ အခုထိ Yeol အပေါ်မှာ Hyung အနေခက်နေဆဲ ထင်ပါရဲ့။

Strangest LoveWhere stories live. Discover now