Part 18

45.4K 3.1K 163
                                    

Part-18

SaungMin Hyung ဈာပနကို စံအိမ်တော်တွင်း လူအနည်းငယ်နှင့် တာဝန်ခံ Chen ဦးဆောင်ကာ ဆောင်ရွက်ခဲ့ကြသည်။ ဒီအတောအတွင်း သူ့ မျက်နှာကို လုံးဝမမြင်ရတာ စိတ်ချမ်းသာရမည်လား မပြောတတ်ပါ...။

လောကတွင် တန်ဖိုးအထားဆုံး လူတစ်ယောက်ကို ဆုံးရှုံးပြီးနောက်မှာ ပျော်ရွှင်မှု ဆိုတာ ဘာရှိတော့ မှာလဲ? Shihyun Hyung သာ ကျန်မနေဘူးဆို လျှင် ကျွန်တော်တစ်ယောက် တည်း လောကအလယ် မှာ ရှင်သန်ရပ်တည်ချင်စိတ်တွေ နည်းပါးနေပြီလေ...

အရင်က SaungMin Hyung နဲ့ နေခဲ့တဲ့ အလုပ်သမားတန်းလျားမှာပဲ ပြန်နေဖြစ်ခဲ့သည်မှာ တစ်ပတ်ကျော်လာခဲ့ပြီ။ နာရေးကိစ္စဆောင်ရွက်နေ တဲ့ တပတ်အတွင်းမှာလည်း တန်းလျားမှာပဲ လုပ်ခဲ့သည်။

အားလုံးသိနေကြသည့် ဖြစ်ရပ်ပေမဲ့ သူ့မကောင်း ကြောင်းကိုတော့ ဘယ်သူမှ မပြောရဲကြပါ။ လောက မှာ လူတစ်ယောက်အသက်ကို အဲ့လို လွယ်လွယ် ကူကူ စီရင်နိုင်ခွင့် ရှိတယ်ဆိုတာ ရုပ်ရှင်တွေ ထဲမှာပဲ မြင်ဖူးပေမဲ့ အခု အပြင်မှာ တကယ် မြင်တွေ့နေရ

နေပြီ လေ...။

တစ်စုံတစ်ရာကို ခိုင်ခိုင်မာမာဆုံးဖြတ်ပြီးတဲ့နောက်မှာ အရင်က မရှိခဲ့တဲ့ သတ္တိတွေပေါ်လာခဲ့သည်။ အမုန်း ဆုံးသူ ရှိနေတဲ့ အရိပ်အောက်မှာ မပျော်နိုင်တော့တာ အမှန်ပါပဲ...

'ဒေါက် ... ဒေါက်...ဒေါက်'

အခန်းတံခါးခေါက်လိုက်သံကြောင့် တယောက်တည်း ထိုင်ကာစဉ်းစားနေရာမှ ထကာ ဖွင့်လိုက်သည်။

'တာဝန်ခံ Chen... '

'ကျွန်တော် Baekhyun ကို ပြောစရာရှိလို့ ဥယျာဉ်ဘက် ခဏ လိုက်ခဲ့လို့ရမလား?'

Hyung ဈာပနအတွင်းမှာလဲ လိုတာထက် ပိုကာ အသည်းအသန် ဦးဆောင်ခဲ့သော ထိုလူ့ကို ကျေးဇူး တင်မိပေမယ့် သူနှင့် အပေါင်းအပါဆိုသည့် စိတ်က ရင်ထဲ အခဲ မကျေစွာ...။

'ဟုတ်ကဲ့ ကျွန်တော် လိုက်ခဲ့ပါ့မယ် '

ဥယျာဉ်တွင်းက ကြီးမားတဲ့ ပင်လယ်ကဗွီးပင်တွေ နားရပ်မိတော့

'Baekhyun ...ဒီအတောအတွင်း ဖြစ်ပျက်ခဲ့သမျှ ကို ခေါင်းဆောင်ကြီး ကိုယ်စား ကျွန်တော် တောင်းပန်ပါ တယ်'

Strangest LoveWhere stories live. Discover now