Part-14
မျှော်လင့်ချက်ဆိုတာ မျှော်လင့်လို့ရတဲ့ အခိုက်အ တန့်မှာသာ တန်ဖိုးရှိတတ်ပေမယ့် အဲ့အချိန်ကာလ လွန်သွားရင်တော့ မျှော်လင့်တယ်ဆိုတာ နာကျင် ပင်ပန်းခြင်းတစ်မျိုးပါပဲ ... ... ...
••••••
Kris Wu ဆိုသူ၏ ကြီးမားခန့်ထည်လွန်းသော အိမ်ကြီးကို ရောက်လာတဲ့ အခါ ထိုသူ၏ အဆင့် အတန်းသည်လည်း Yeol ထက်မသာရင်တောင် မနိမ့်နိုင်ဟု ကျွန်တော် ခန့်မှန်းမိလေသည်။ အခုလို တစ်ခါလေး တောင် မမြင်ဖူးခဲ့တဲ့ သူတစ်ယောက်ရဲ့ နောက်ကို ကျွန်တော် ဘာဖြစ်လို့ လိုက်လာခဲ့ရ တာလဲ ?? တွေးရင်းနှင့်ပင် ရူးချင်လာသည်။
အိမ်ထဲကို ခြေချမိတော့ . . .
'မင်း ...ဟိုညာဘက်က အခန်းထဲကို သွားအနားယူ လိုက်ပါ ...'
' ကျွန်တော့်ကို ဘာဖြစ်လို့ လောင်းကြေးအဖြစ် တောင်းယူခဲ့တာလဲ ?? '
' မင်းတို့နှစ်ယောက်ကြားထဲမှာ မမြင်နိုင်တဲ့ ကြိုး တွေ ရှိတယ် အဲ့ ကြိုးတွေကို ငါမြင်နေရတယ် '
'အဲ့ဒါ ကျွန်တော့်ဘက်က ဖြစ်မှာပါ ...Yeol က ဘယ်တုန်းကမှ ကျွန်တော့်ကို ဂရုစိုက်ခဲ့ဖူးတာ မဟုတ်ဖူး ...ခင်ဗျား မှားသွားပြီ ... ... စိတ်မကောင်းပါဖူး...'
'ဟဟ... ငါ ခန့်မှန်းတာမှန်သမျှ မှားခဲ့ဖူးတယ်ဆို တာမျိုး မရှိခဲ့ဖူးဘူး ...တကယ်လို့ အခုတစ်ခေါက်က မှားခဲ့တယ်ဆိုရင်တောင် မင်းလို မြင်လိုက်တာနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ကောင်လေးမျိုးကို ရလိုက်တာ ငါ့အတွက်... နစ်နာစရာ မရှိပါဖူး ဒါပေမယ့် ...... ထားလိုက်ပါတော့ . . မင်းသွားနားလိုက်တော့လေ . .တစ်လမ်းလုံး လဲ ငိုလာတာ ပင်ပန်းနေရောပေါ့'
' ကျွန်တော် ခင်ဗျားကို ပြောချင်တာတစ်ခုက ကျွန်တော့်ကို ရလိုက်ရင် Park Chan Yeol ကိုနိုင်ပြီလို့ ထင်ထားတဲ့ ခင်ဗျား အတွေးတွေ လွဲနေမှန်း သိလာမှာပါ ...'
ကျွန်တော့်စကားကို ခပ်ဖွဖွပြုံးရင်း ခေါင်းတချက် ညိတ်ကာ ထိုသူက အပေါ်ထပ်ကို တက်သွားလေ သည်။
ကျွန်တော့်ကို ညွှန်ပြထားသော အခန်းထဲကို ဝင်လိုက် ရင်း အခန်းတံခါးကို ပိတ်ကာ လော့ချလိုက်သည်။ ဖြူဖွေးသော အိပ်ရာခင်းပေါ် ခန္ဓာကိုယ်ကို ပစ်လှဲချရင်း ဒီညဖြစ်ခဲ့သမျှအရာ အားလုံး အိပ်မက် တွေ ဖြစ်ပါစေဟု ဆုတောင်းမိသည်။