Part-22
ကျွန်တော် သူ့အခန်းထဲမှ ပြေးထွက်လာခဲ့ပြီး ဥယျာဉ် ထဲသို့ ဆင်းပြေးလာခဲ့သည်။ ခြံထဲက ပြာလဲ့နေ သော ရေကူးကန်ကြီးနားရောက်မှ ရေကန်ဘောင် ပေါ်မှာ ထိုင်ချကာ ရှိုက်ကြီးတငင် ငိုကြွေးမိသည်။ နာကျင်လျက်ရှိနေသော ဒူးခေါင်းမှ သွေးတွေကို ကြည့်ရင်း မယုံနိုင်အောင် ဖြစ်မိလေသည်။
သူဘာလို့ ကျွန်တော့်ကို အဲ့လို ပြောရက်ရတာလဲ?
သူ့အနားက ထွက်သွားဖို့ကိုလေ...
ကျွန်တော် တောင်းဆိုခဲ့တုန်းက သေအောင် ဆွဲထား ခဲ့တဲ့သူက အခုအချိန်ကျမှ...
ကျွန်တော် သူ့ နားမှာ ရှိနေချင်တဲ့အချိန်ကျမှ...
အခုအချိန်မှာ...
ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေပြည်အေးတွေ က လည်း ကျွန်တော့် ရင်ကို မအေးစေ... ...
အပြိုင်အဆိုင် ပွင့်အာနေကြတဲ့ ပန်းတွေရဲ့ ရနံ့တွေ ကလည်း ကျွန်တော့်ရင်ကို မမွှေး စေ... ...
နွေဦးရဲ့ စိမ်းသစ်စိုလက်နေကြတဲ့ သစ်ပင်တွေက လည်း ကျွန်တော့် ရင်ကို မလန်းစေ...
ထိုနေ့မှစ၍ နေ့တိုင်း သူ့အခန်းဆီ ဆေးတိုက်ရန် တမျိုး စားစရာ ပို့ ရန်တမျိုး သွားသော်လည်း ဒေါသတကြီး အော်ထုတ်ခံရသည်မှာ အကြိမ်ကြိမ် အခါအခါ ... ဒါပေမယ့် ကျွန်တော် လက်မလျှော့ပါ ... အလွယ်တကူလက်လျော့ တတ်သော သူထဲမှာ ကျွန် တော်မပါပါ...
ဒီနေ့ သူ့အခန်းထဲကို ညနေစာ စွပ်ပြုတ်ပို့ရန် ဝင် လာတော့ ဖိုင်တဖိုင်ကို စိတ်ဝင်တစားကြည့်နေသော သူ့ကို တွေ့ရလေသည်။
'Yeol... စားဖို့ ကြက်ဂျင်ဆင်းစွပ်ပြုတ် ကျွန်တော် ကျောင်းနားက ဝယ်လာခဲ့တာ ... စားပါဦး... ကျွန်တော် ခွံ့ကျွေးမယ်နော်'
ဖိုင်ကို သေချာကြည့်နေရာမှ ကျွန်တော့်မျက်နှာဆီ အကြည့်ရောက်လာတော့ သူ့မျက်နှာက သိသိသာ သာ မာတင်းလာတာကို မြင်ရလေသည်။
'$ပိုတေမလုပ်ပဲ ငါ့နားက မြန်မြန်ထွက်သွားပေးပါ လား'
မျက်ခုံးနှစ်ဖက်ကို တွန့်ကုတ်ထားကာ စူးရှသော မျက်လုံးတွေနှင့် သူက အခုတလော ကျွန်တော့်မျက် စိထဲမှာ စိတ်တိုနေသော Yoda တစ်ကောင်နှင့် တူ လေသည်။