Part-12
နာကျင်ယိုင်နဲ့နေသော ခန္ဓာကိုယ်ကို အနိုင်နိုင်သယ် ရင်း လှေကားထစ်တွေဆီ တစ်ထစ်ချင်း ဆင်းလာခဲ့ သည်။ မျက်နှာပေါ် ပစ်ချသွားသော ဝမ်သိန်း20 တန် ချက်လက်မှတ် အသစ်ကျပ်ချွတ်လေးကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ရင်း နိမ့်ကျလာသော ဘဝကို တွေး နေမိသည်။ ကျွန်တော်က သူ့အတွက် ငွေပေးလို့ရ တဲ့ Offer Boy တစ်ယောက်နဲ့ ဘာမှ မခြား...။
ဒါတောင် ကျွန်တော်က သူ့ အပေါ် သာယာနေခဲ့မိ သေးတာ ...ဘယ်လောက် ကြေကွဲစရာ ကောင်းလိုက် လဲ ...နှလုံးသားကတော့ ဆယ်ဘီးကားနှင့် တက်ကြိတ်ခံလိုက်ရသလို ပြားကပ် ကြေမွလို့ ...
ကျွန်တော့် အရှက်တွေရော သိက္ခာတွေရော သူ့အခန်းထဲမှာ တစစီ ပြန့်ကြဲ ကျန်ရစ်ခဲ့သည်။
ကျွန်တော့်ကြောင့် ခင်ဗျား သာယာတယ်မလား ...
သာယာပါ ...ကျွန်တော် နာကျင်ခံပါ့မယ်
ကိုယ့်အခန်းထဲမှာ ရေမိုးချိုး အဝတ်လဲ ပြီး ကျောင်း သွားဖို့ ပြင်ဆင်ရသည်။ နာလို့ ကျောင်းမသွားဖူး ဆိုရင် စာမရတာကလွဲလို့ အကျိုးရှိမည်မထင်။ ဘယ်သူကမှလဲ လာသနားနေမှာမဟုတ် ..
နံနက်စာစားဖို့ အလုပ်သမားချည်းသီးသန့် ထမင်းစားဆောင်ထဲရောက်တော့ ပြင်ပေးထားသော နံနက်စာ ကော်ဖီနှင့် မုန့်ကို စားနေစဉ် သူနှင့်ခပ် လှမ်းလှမ်း မှ မနေ့က အခန်းကို လာခေါ်သော အဒေါ်ကြီးနှင့် သက်တောင်စောင့် ဟုထင်ရသော လူတစ်ယောက် စကားပြောနေတာ ကြားရသည်။
'အဲ့ကောင်လေးမလား?? Arjuma?'
' အေး ... ဟုတ်ပ မနေ့ညက တက်သွားလိုက်တာ ပြန်ကို ဆင်းမလာတော့ဖူး '
'ဟဟ ...ထင်တော့ ထင်သားပဲ ဘာအဆင့်မှ မရှိပဲ စံအိမ်တော်ကြီးဆီ ရောက်လာကတည်းက . တခုခု တော့ တခုခုပဲလို့ အခုတော့ ထင်ထားတာ ထက်တောင် ပို အောက်တန်းကျနေသေး...'
'ဟဲ့ ...ရှုး...ရှုး ...တိုးတိုးပြောပါဟယ် ...ဟိုက ကြားနေမှဖြင့်. '
' ကြား .ကြား ပေါ့ သူလိုကောင်က ကျွန်တော့်ကို ဘာလုပ်နိုင်မှာလဲ ? မိန်းမလို မိန်းမရရုပ်နဲ့ အလကား ... '