Part 23

44.4K 2.8K 99
                                    

သူ့ရင်ခွင်ကျယ်ကြီးထဲမှာ ခိုဝင်ရင်း သူ့ခါးကို ဖက်ထားခွင့်ရတာဟာ ကျွန်တော့်အတွက်တော့ အနှစ်နှစ် အလလက မက်ခဲ့ဖူးတဲ့  အိပ်မက်တစ်စုံ ပြည့်မြောက်လာသလိုပဲ...

သူ့ရဲ့ကြွေပုလဲရောင် သွားဖြူဖြူလေးတွေပေါ်အောင် ပြုံးပြတဲ့ သူ့အပြုံးနက်နက်တွေကို မြင်ရတာဟာ ကျွန်တော့် အတွက်တော့ အဖြူရင့်ရောင် ကမ္ဘာမြေသစ်ကို ရှာဖွေ တွေ့ရှိလာသလိုပဲ...

သူ့ရဲ့ ရူးသွပ်တုန်လှုပ်နိုင်လောက်အောင် ဆွဲညှို့ နိုင် တဲ့ အနမ်းရေယာဉ်ထဲ စီးမျောရတာဟာ ကျွန်တော့် အတွက်တော့ ချစ်ခြင်း နယ်ပယ်မှာ ရင်ခုန်ခြင်းရဲ့ အငွေ့အသက်တွေ ခြုံလွှမ်းလာသလိုပဲ...

'Yeol... အပြင်ထွက်ချင်တာလား? ကျွန်တော်နဲ့ အတူတူထွက်ရအောင်လေ...'

တမ်းတမွတ်သိပ်သော အနမ်းချိုချိုတွေ ရပ်သွားခိုက် မှာ သူ့ကို မော့ကြည့် ရင်း ပြောလိုက်သည်။

ဘာမှ မပြောပဲ ခေါင်းကိုသာ ငြိမ့်ပြသော သူ့ လက်မောင်းကို တင်းတင်း ဆုပ်ကိုင်ရင်း ဝှီးချဲပေါ်သို့ တင်ပေးလိုက်သည်။

အခန်းထဲမှ ဝှီးချဲလေးတွန်းပြီး ထွက်မလို့ ပြင်တော့ တစ်စုံတစ်ခုကို သတိရသွားမိကာ တချိန်က အကြိမ် ကြိမ် အခါခါ ဖွင့်ခဲ့ ပိတ်ခဲ့ဖူးတဲ့ အဝတ်ဗီရိုကြီးတွေနား လျှောက်သွားမိသည်။

အရောင်အသွေးအမျိုးမျိုး ... ဒီဇိုင်းပုံစံအမျိုးမျိုး... အဝတ်မျိုးစုံထဲမှ  သူ့ အပြင်ဝတ် Coat တစ်ထည်... ကြက်သွေးရင့်ရောင် မာဖလာတစ် ထည်... ခြေအိတ် တစ်စုံကို ယူကာ သူ့ နားသို့ တိုးသွားလိုက်သည်။

မာဖလာကို သူ့လည်တိုင်ရှည်ရှည်တွင် ပတ်ပေးရင်း  Coat ကို လက်လျှိပေးတော့ ကျွန်တော်လုပ်ပေးနေ သမျှကို ကလေးလေးကို ငြိမ်ငြိမ်လေးခံနေသောသူ က အင်မတန် သြဇာအာဏာကြီးလှပါသည်ဆိုသော.. ခေါင်းဆောင်ကြီး ဟူသော ဝိသေသများစွာ ပိုင်ဆိုင် ထားသူတစ်ယောက်ပင် မဟုတ်သည့်အလား...။

ကြည်နူးနေသော သူ့မျက်နှာမှ အရိပ်တို့က ပျော်ရွှင်မှုအဟုန်ကို ဆောင်ကြဉ်းပေးနေသောကြောင့် ကျွန်တော်လဲ ထပ်တူ ကြည်မွေ့ရလေသည်။

Strangest LoveWhere stories live. Discover now