Part 25

41.4K 2.7K 293
                                    

Part-25

'Chen... ah... ငါ မသွားလို့ မရဖူးလား?  ဒီတိုင်း ပဲ မင်း ကြည့်စီစဉ်လိုက်ပါ '

' Chanyeol... အဲ့လို လုပ်လို့ရရင် မင်းကိုတောင် လာပြောမနေတော့ဖူး ... ငါ့ဘာငါ ကြည့်စီမံလိုက်မှာ ပေါ့ . အခုဟာက လုံးဝမဖြစ်လို့ ပြောနေတာ...'

' ငါ မသွားချင်ဖူး ... အမှန်တကယ်ပြောရင်...'

'မင်း ခြေထောက် ကြောင့်မို့လား?? Chanyeol. . မင်း ခံစားချက်ကို ငါနားလည်တယ်... အခုပြဿနာ က မင်းကိုယ်တိုင် ပြောမှရမှာမို့ ... ငါ ပြော တာ သဘောပေါက်တယ်မလား?

' ခြေထောက်ကြောင့်ထက်... ငါ Baekhyun ကို ထားမသွားချင်ဖူး ...'

' အာကွာ... တပတ်သာသာလောက်ပဲ ကြာမှာပါ ... ခါတိုင်းလဲ မင်းခရီးသွားရင် သူဒီလိုပဲ ကျန်နေခဲ့တာပဲ ဥစ္စာ... စိတ်မပူပါနဲ့...'

Chen က ပြောပြီးပြီးချင်း အခန်းထဲက ထွက်သွား တာမို့ သူတစ်ယောက်တည်း ငြိမ်သက်စွာ ကျန်နေ ရစ်ခဲ့သည်။

Italy နိုင်ငံ Venice မြို့ကို မသွားလို့ မဖြစ်တဲ့ ကိစ္စတစ်ခုကြောင့် သွားရမယ်ဆိုတော့ ခံစားချက်က သိပ်မကောင်းပေမယ့် သွားမှ ဖြစ်မယ့် အခြေအနေ ဆိုတော့ သူ ငြင်းဆန်လို့တော့ မရ။

သူမရှိတဲ့ အချိန်အတောအတွင်းမှာ  Baekhyun နဲ့ ဟိုမိန်းမနဲ့ ပိုများ ရင်းနှီးလေမလား... ပိုများ လွတ် လပ်သွားလေမလား... သူ့ခေါင်းထဲက အတွေးပေါင်း တသိန်းလောက်က ဦးနှောက်ကို သံမှိုတစ်ချောင်း တူနဲ့ရိုက်သွင်းနေသလိုပင်...

တကယ်တမ်း ရင်ဆိုင်လာရတဲ့အခါကျရင် ...

သူက လက်လွှတ်ပေးဖို့ ကြောက်ရွံ့တွေဝေတတ်တဲ့ သူပါလေ...

သူအသက်ရှင်သန်လာခဲ့တဲ့ ကာလတစ်လျှောက်လုံး သူ့နှလုံးသားတစ်ခုလုံး ပေးအပ်ရလောက်အောင် ချစ်ရတဲ့သူကို အခုအချိန်မှ ပိုင်ဆိုင်ခွင့်ရခဲ့တာ... ဒီချစ်သူကိုသာ လက်လွှတ်လိုက်ရရင်... ဒီတစ်ဘဝ လုံး နောက်တစ်ယောက်ဆိုတာ ရှိလာနိုင်တော့တာမှ မဟုတ်ပဲ...

နဘေးက စားပွဲပေါ်မှာ တင်ထားတဲ့ Ph ကို ယူပြီး ကလေးလေးဆိုတဲ့ Contact ကို နှိပ်လိုက်တော့  Busy Tone နှင့်တိုးနေလေသည်။  Phကို ခဏ ပြန်ချလိုက်ပြီး ကြည့်လက်စ File ကို ဆက်ကြည့် နေလိုက်သည်။

Strangest LoveWhere stories live. Discover now