Part 17

45.6K 3.3K 274
                                    

Part-17

သူ သတိမရလာတာ ၁ပတ် ကျော်လာခဲ့ပြီ...

တိတိကျကျပြောရလျှင် တပတ်နှင့် လေးရက်တင်း တင်း ပြည့်လာခဲ့ပြီ...

သူ့မျက်ခွံလေးတွေ အခုထိမလှုပ်ရှား... နေ့တိုင်း ဆေးရုံကို လာကြည့်နေပေမယ့် အခုထိ မထူးခြား သေး... ... Baekhyun ... မင်း ဘယ်ချိန်ထိ အိပ် ပျော်နေဦးမှာလဲကွာ...

ဘေးမှာချထားသော လက်သွယ်လျလျလေးကို ဆုပ် ကိုင်ပြီး ပါးမှာ ထိအပ်ထားစဉ် အိညက်သော လက်ဖမိုးလေး၏ အထိအတွေ့ကို ခံစားမိသည်။

ဆံပင်ညိုစိမ့်စိမ့်လေးတွေကို အသာအယာ ပွတ်သပ် လိုက်တော့ ထင်းနေသော နဖူးလှလှလေးကို မြင်ရ သည်။

Baekhyun... မင်း ပြန်နိုးလာဖို့ ငါ ဘာတွေ လုပ်ပေးရမလဲ?

ထိုအချိန် ဆေးရုံအခန်းထဲကို  SaungMin ဆိုသူ တံခါးဖွင့် ဝင်လာတာကို မြင်လိုက်ရသည်။

' ခေါင်းဆောင်ကြီးရောက်နေတာလား?? ကျွန်တော် ပြန်ထွက်သွားပါ့မယ် '

' ရတယ် နေပါ... ငါ ခုပဲ ပြန်တော့မှာ မင်းဆက် စောင့် နေလိုက်ပါ'

' ဟုတ်ကဲ့ ဒါဆို ...ကျွန်တော်ပဲ ဆက်စောင့်လိုက် ပါ့မယ် '

လွန်ခဲ့တဲ့ လေးရက် နှစ်ယောက်တည်း စကားပြော စဉ်က Baekhyunကို လွှတ်ပေးဖို့တောင်းပန်တုန်း က သူပြောခဲ့သော အဖြေစကားကြောင့် ထိုလူရဲ့ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီးတဲ့ နောက် ပိုင်း စကားပြောဆို ခြင်း မရှိခဲ့တာ အခု ပထမဆုံး အကြိမ်ပင်... ။

ခပ်တင်းတင်းကိုင်ထားမိသော လက်ကလေးကို  ဖြေး ဖြေးလေး ဆုပ်ညှစ်ပြီး ခုတင်ပေါ်ကို ပြန်ချပေးလိုက် သည်။  မနက်ဖန် ထပ်လာခဲ့ဦးမယ် ...

မင်း နိုးလာမယ့် မျှော်လင့်ချက်တစ်ခုနဲ့ ...

သူထရပ်တော့ ထိုလူက ခေါင်းငုံ့အရို အသေ ပေးလေသည်။ သူပြန်ခေါင်းငြိမ့်ပြပြီး  ထထွက်ဖို့ ပြင် တော့ ... သူ့နောက်က အသံသေးသေးလေး...

' ရေ... ရေ... ရေပေးပါ'

'Baekhyun'

ရင်ခေါင်းထဲက အာမေဋိတ်သံမျှသာ ထွက်လာနိုင်ပြီး Baekhyun ဘေးနား သူအမြန်ရပ်လိုက်သည်။

Strangest LoveWhere stories live. Discover now